တစ်ကိုယ်ကောင်းသမားမဟုတ်သောသူ
သည်အချိန်ကိုလေးစားပြီး ထိုအချိန်ကိုလည်း
ကောင်းစွာအသုံးချတတ်သည်။
တစ်ကိုယ်ကောင်းသမားသည် အချိန်က
ိုမလေးစား၊ဂရုမထားသောသူဖြစ်ပြီးထိုသူဟာ
သူ့ကိုယ်ပိုင်အချိန်ရော အခြားသူများရဲ့အချိန်ကိုပါမလေးစားသောသူဖြစ်သည်။
များစွာသောလူသားတို့ ရရှိလာသော
အခွင့်ရေးများကို မိမိတို့ကိုယ်ကျိုး အတွက်သာ
ရယူလိုကြပြီး မိမိတို့က ပြန်လည်
အကျိုးပြု မှု မပေးလိုကြပေ။ထိုသို့နေသောသူသည် အလွန်ကြောက်စရာကောင်းသော
တစ်ကိုယ်ကောင်းသမားများပင်ဖြစ်လေသည်။
ကိုယ့်ထက်သာသူအပေါ်ဝမ်းသာလိုက်လျှင်
မုတိတာ ကုသိုလ်ဖြစ်ပြီး မနာလိုလိုက်လျှင်ဣသာဟူသော အကုသိုလ်ဖြစ်၏။
အရည်မရအဖတ်မရတာခြင်းအတူတ
ူ ကုသိုလ်ကိုသ.ယူသင့်သည်။အကုသိုလ်ကို မယူသင့်ပေ။ ကိုယ့်အောက်နိမ့်သူအပေါ် ကရုဏာထားလျှင် ကုသိုလ်ရပြီး ကုထက်သာသူအပေါ် ဝမ်းမြောက်လျှင်လ ည်းကုသိုလ်ရ၏။
ထူးခြားချက်ကား ကရုဏာထားဖို့အတွက်ဆို
ကိုယ့်အိပ်ထဲမှငွေကြေးအနည်းနှင့်အများ
ထုတ်ရပြီး မုတိတာထားဖို့ကားဘာမျှကုန်စရာမလိုပေ။သို့သော် မြန်မာအများစုသည်
ငွေကုန်ပစ္စည်းကုန်သော
ကရုဏာတရားတော့ထားနိုင်ပြီး
ဘာမျှမကုန်သော မုတိတာတရားကိုတော့
မပွားနိုင်ခြင်းမှာ အံ့သြစရာကောင်းလ
ှပေသည်။ ။
မေတ္တာရှင်ရွှေပြည်သာ ရေးသော
မေတ္တာဖြင့်စီးပွားရှာခြင်းစာအုပ်မှ
ကိုးကား၍ ဖော်ပြခြင်းဖြစ်သည်။
👏အားလုံးပဲ ကိုယ့်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေလို့
ဆုတောင်းမေတ္တာပို့လျက်....
SMT(52) @bokaung
I like your post to read it very much bro
Thanks.
SMT 67
အရမ်းမှန်တယ်ညီလေး
thank you par
ဟုတ်
ဆက်ကြိုးစားနေပါမယ်
ကြိုးစားပါညီလေး
တက်လမ်းတွေအများကြီးရှိတယ်ညီ
Smt 62
Good
This post has received a 0.63 % upvote from @drotto thanks to: @bokaung.
Thanks.
Ding
smt61
Thanks.
SMT-66
Good
Thanks.
SMT 64
Good.
Fighting ညီ
SMT 65
Fighting
SMT68
Good