one flower

in #esteemlast year

အထီးကျန် ပန်းတစ်ပွင့်

=================

တစ်ပွင့်တည်းသာ ပွင့်တာကြာ၍

လိပ်ပြာလာလည်း ဧည့်မခံတတ်။

နေခြည်ဖြာသက် ခွန်းနှုတ်ဆက်ဖို့

ရှက်ရွံ့နေမိခဲ့။

လေညင်းခေါ်လာ မျောလိုက်ပါဖို့

အားနာနေမိခဲ့။

ရေလိုပါလျက် ပွင့်ဖို့ခက်လည်း

အချက်မပြတတ် ဖြစ်နေခဲ့။

တစ်ပွင့်တည်းသာ ပွင့်ရကြာ၍

အားနာရွံ့ရှက် ဧည့်ဝတ်ပျက်လည်း

ပွင့်ရက်ဆိုဖွေး မွှေးရက်ဆိုသင်း

ဇွဲတင်းစိတ်မာန် သူရှင်သန်သည်

အထီးကျန်သော ပန်းတစ်ပွင့်။

လိပ်ပြာလေးရယ် နားလည်သင့်။

နေခြည်လေညင်း အားပေးသင့်။

ရေလိုနေသည် ပန်းတစ်ပွင့်။