ဆုံးမစာ

in #esteemlast year

အကြင် ငါကား၊ မကာရလောပ၊ အံ့ခြီးကြလျက်၊ ဉာဏဝရဇိန်၊ တောက်ထိန် ပြောင်ဝင်း၊ အခေါင်ချင်းသည့်၊ တောင်တွင်းအကျော်၊ ဆရာတော်၏့၊ အာဘော် နည်းယူ၊ တံခွန်ထူသား၊ တဆူ လက်တွင်း၊ တပည့်ရင်းမှ၊ သက်ဆင်း နွယ်လာ၊ ထေရာဝံသ၊ ပဒီပဖြင့်၊ စတုတ္ထမြောက်၊ ရောက်ခဲ့တုံပြီး၊ ခံ ရင်းနှီး၍့၊ ဉာဏ်ကြီး လက်ဝေ၊ မျိုးလိုက်မွေသို့၊ အခြေပါဒ၊ ကြံ့ကြံ့ရအောင်၊ နည်းပြ လိမ္မာ၊ မြတ်ဆရာမှ၊ စဉ်လာ ဟောရိုး၊ နည်းနာ ခိုး၍့၊တံပိုးတံစယ်၊ ရေပင်လယ်နှိုက်၊ လှေငယ်တံစွက်၊ ကူးနိုင် ခက်သို့၊ ကျယ်နက်လှစွာ၊ အဏ္ဏဝါနှင့်၊ ခြင်းရာတမျှ၊ ပမာ ပြလည်း၊ ယောက်ျာ့းတံခွန်၊ လူ့ရည်မွန်သော်၊ မိုးစွန် အထွတ်၊ ကြယ်ကို ဆွတ်က၊ မလွတ်ဟူထ၊ နည်းအရဖြင့်၊ သဒ္ဒဗျူဟာ၊

သင်္ချာ လိန်အန်၊ ကာရန် ရုပ်ဓာတ်၊ အန္တတ် ဗာဟျတ်၊ သင် ဆုံးဖြတ်လျက်၊ သမာသ် တဒ္ဓုတ်၊ အာချာတ် ကြုတ်ဟု၊ လေးပုဒ် မူလ၊ အရင်း စပြီး၊ ဝါကျ နိပ္ဖန်၊ ခြောက်တန် ကာရက၊ သာဓနနှင့်၊ ပဒ ရူပ၊ လိင်္ဂ ဓာတု၊ လေးခု မာလာ၊ လက္ခဏာလည်း၊ လိမ္မာ အဟုတ်၊ သူငယ့်နှုတ်က၊ ပြယုဂ်ပြီးတူ၊ ပေါင်းယူ အာကတိ၊ နိရုတ်ယှိတိုင်း၊ ပိသောဒရ၊ စသည် ဂုဏ်မျိုး၊ ဟောရိုး စုံစွာ၊ ဆယ်ဖြာ ဝါစ္စ၊ ဝါစကအပြား၊ လေးပါး ဆယ်ပါး၊ ပိုင်းခြား စေ့စပ်၊ ဒြဗ် သကတ်၊ ပညတ် ပရမတ်၊ ဝါစ္စတ် ဒဿန၊ ငါးတန်ပြသား၊ မုချ ဥပစာ၊ အလင်္ကာနှိုက်၊ ကိုးဖြာ ဗျင်္ဂျ၊ နည်း နယနှင့်၊ ဘာဝ ဝိဘာဝ၊ နုဘာဝတိ၊ သဘာဝဝုတ်၊ ဝင်္ကဝုတ်က၊ ဝုတ် မတြာ၊ ဂါထာဘွဲ့နည်း၊ တောဒည်း မဉ္ဇရီ၊ ဝစီ နှုတ်တက်၊ ဆောင် လေ့ကျက်၍ အနက်ဟောဘွယ်၊ အသွယ်သွယ်ဖြင့်၊ ပရိယာယ် ဝေဝုစ်၊ သမ္ဗန်ထုတ်လည်း၊ တဖြုတ် မဆိုင်း၊ စက်သို့ ပိုင်းလျက်၊ မထိုင်းသဘော၊ ပွတ်နှယ် ချောသည်။ ။ စုဒ်စော အာဘော် နှိုက်နှဲးတည်း။