Idioms Day (17)
ဒီနေ့တော့ giတို့ မနေ့ကidiomလေးနဲ့ ဆက်စပ်နေတာလေး ပြောကြည့်ကြရအောင်။
မနေ့က အလုပ်ထဲက စကာကြီးတွေအကြောင်း ပြောကြည့်ပြီးပြီဆိုတော့ သူတို့ဆီက လုပ်ငန်းအကြောင်း ပြန်သင်ရမဲ့ ဂျူနီယာလေးတွေ အလုပ်သင်လေးတွေ သို့မဟုတ် အဲ့ဒီလုပ်ငန်းနဲ့ပက်သက်ပြီး ကျွမ်းကျင်မှုအားနည်းသူလေးတွေကို သင်ပြပေးတဲ့အကြောင်း ဆက်လေ့လာကြည့်ကြမယ်လေ။
လုပ်ငန်းနဲ့ပက်သက်ပြီး ကျွမ်းကျင်တဲ့သူက သင်ပေးသည် ပြသပေးသည်ကို ဒီလိုလေးပြောကြည့်နော် >>
show someone the ropes
ရှေ့မှာ subject ထည့်၊ someone နေရာမှာ object ထည့်ပေါ့။
ဒီမှာလည်း ကြိုးတွေကိုပြတယ်လို့ ဘာသာပြန်လို့မရဘူးနော့။
ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြ သင်ပြပေးတယ်လို့ ပြောရမှာ။
လုပ်ငန်းလို့ အပေါ်မှာ မြင်သာအောင် ပြောပြထားတာဆိုပေမဲ့ အလုပ်မဟုတ်ဘဲ တစ်စုံတစ်ခုကို ကျွမ်းကျင်သူက သင်ပြပေးတယ်ဆိုပြီး သုံးလည်း ရပါ့နော်။
ဥပမာပေးရရင် >>
Since today is the first job day for the new juniors, the supervisor have to show them the ropes.
ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။
People who liked this post also liked:
တရုတ်စကားပြောကြမယ် အပိုင်း(၃၆) by @alalsaw
Life is like the bulb by @aungag
ကြွေချိန်မကျ မကြွေရ အပိုင်း - ၁၄ by @aungnaingthu