မညာပါနဲ့
အကြောင်းကံဝေးပြီး
ဖူးစာမပါလို့ လွဲချင်လွဲမယ်
ရင်ထဲမှာ ရူးခါနေအောင် ချစ်ခဲ့ဖူးသူတစ်ယောက်
လူအများစုရဲ့ အတိတ်မှာ ရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ
မညာပါနဲ့
အမှန်တရားဆိုတာ လူတိုင်းကြိုက်ပေမယ့်
အမှန်တရားရဲ့ ဘေးထွက်ဆိုးကျိုးကို
လူတော်တော်များများ ကြောက်တတ်ကြတာ
အမှန်ပါပဲ
မညာပါနဲ့
ကိုယ် မက်မောတာက တစ်ယောက်ဖြစ်နေပြီး
ကိုယ့်ကို အရမ်းလိုချင်မက်မောတာက
အခြားတစ်ယောက်ဖြစ်နေတတ်တာ
လူတစ်ချို့မှာ ရှိခဲ့ဖူးတယ်
မညာပါနဲ့
အရွယ်ငယ်စဉ်တုန်းက မိဘက ပထမဖြစ်ပေမယ့်
အိမ်ထောင်လည်းကျရော ကိုယ့်မိသားစုက
ပထမဖြစ်သွားတတ်တာ သဘာဝတစ်ခုလိုပါပဲ
မညာပါနဲ့
အချစ်ရဲ့ လှိုင်းတံပိုးတွေ နှလုံးသားကို
ပြင်းထန်စွာ ရိုက်ခတ်ခံရတဲ့အခါ
အရွယ် ကျား/မ မရွေး
ရှက်ကြောပြတ်တဲ့အခ်ျိန်တွေရှိခဲ့တာ
အမှန်ပါပဲ
မညာပါနဲ့
ကိုယ်ချစ်တဲ့သူတစ်ယောက်
အခြားတစ်ယောက်နဲ့ ရင်းနှီးခင်မင်စွာ
ပြောဆိုဆက်ဆံတာကို တွေ့လိုက်တဲ့အခါ
ခဏတာသ၀န်တိုစိတ် ဖြစ်မိတတ်ကြတာ အမှန်ပါပဲ
တကယ်လို့ အထက်ဖော်ပြပါ
အကြောင်းအရာတွေကို မဟုတ်ပါဘူးလို့
သင် ငြင်းဆန်လိုက်တာနဲ့
သင် ညာလိုက်ပြီဆိုတာပါပဲ။
Sort: Trending