ပြုံးဖို့လိုပါတယ်

in #esteem6 years ago

လူအမျိုးမျိုး စိတ်​အ​ထွေအကြား လူတိုင်းမဖြစ်​မ​နေကြုံ​တွေ့ရမည့်​အရာမှာ အမုန်းပင်​ဖြစ်​ပါသည်​။ကိုယ့်​ထက်​သာမနာလို၊ ကိုယ့်​ထက်​​တော်​​နေသမျှ ဝန်​တိုရန်​လိုစိတ်​က​တော့ ဖြစ်​မိမှာ ​သေချာ​ပေသည်​။သို့​သော်​ ထိုစိတ်​ကို ထိန်းချုပ်​နိုင်​သူနှင့်​မထိန်းချုပ်​နိုင်​သူဟူ၍သာ ကွာခြားသွားမည်​ဖြစ်​သည်​။အသိပညာရင့်​ကျက်​သူများမှာ မနာလိုစိတ်​ကိုထိန်းချုပ်​ရင်း စိတ်​​ကောင်းများဖြင့်​ရှင်​သန်​ကြသည်​။မနာလိုစိတ်​ကို မထိန်းချုပ်​နိုင်​သူများမှာ အမုန်းပွားရင်း အရှုံးများဖြင့်​​နေထိုင်​သွားကြရမြဲပင်​ ဖြစ်​​ပေသည်​။
ရှင်​သန်​ရုန်းကန်​မှုများအကြား မနာလိုခြင်း၊မုန်းခြင်း၊အလိုမကျခြင်း၊အပြစ်​​ပြောကာ ကဲ့ရဲ့ခြင်းများဖြင့်​ မလွဲမ​သွေကြုံ​တွေ့ရမည်​မှာ ​သေချာ​ပေသည်​။ထိုအမုန်းစကားများကို ကိုယ်​တိုင်​ခံယူမိပါက အပူ​သောကနှင့်​ အရှုံးဆီဦးတည်​သွားမည်​ဖြစ်​သည်​။ထိုအမုန်းကို အပြုံးဖြင့်​ရင်​ဆိုင်​သမျှ အနိုင်​ရခြင်းဆီဦးတည်​သွားမည်​ဖြစ်​သည်​။သို့အတွက်​ သူမုန်းလျှင်​ ကိုယ်​ပြုံးတတ်​ဖို့ လိုအပ်​လှ​ပေသည်​။သူများ​ပြော​သော အပြစ်​စကား ကိုယ်​တိုင်​မခံယူဘဲ ဥ​ပေက္ခာပြုရင်း ကိုယ်​တိုင်​ကြိုးစားခြင်းများကို ဆပွားပြုလုပ်​ရမည်​ဖြစ်​သည်​။လူ့ဘဝတွင်​ ​တွေ့ကြုံရင်​ဆိုင်​ရ​သော ဖြစ်​ရပ်​များမှာ အများအားဖြင့်​ ရိုးရှင်းပြီး ဖြစ်​မြဲဆို​သော အဆင့်​များအတွင်းသာ ရှိ​ပေသည်​။ပိုမိုခံစား​နေကြသည့်​အတွက်​ ကြီးမားသွားခြင်းဖြစ်​သည်​။အမှားရှိလျှင်​အမှန်​ ရှိသည်​။အရှုံးရှိလျှင်​ အနိုင်​ရှိသည်​။အမုန်းရှိလျှင်​ အချစ်​ရှ်ိသည်​။သူမုန်းလျှင်​လည်း ကိုယ်​ပြုံးနိုင်​​အောင်​ ကျင့်​​ဆောင်​သင့်​လှ​ပေသည်​။
ပတ်​ဝန်းကျင်​တွင်​ အမြဲကြား​နေ​သော စကားမှာ အလုပ်​မရှိခြင်းဆို​သော စကားပင်​ဖြစ်​သည်​။အလုပ်​ရှင်​အား​မေးမြန်းသည့်​အခါတွင်​လည်း အလုပ်​သမားမရှိဘူးဟုပင်​ ဆို​နေကြ​ပေသည်​။အလုပ်​ရှင်​၊အလုပ်​သမားများ၏ လိုအပ်​ချက်​မှားမတူညီခြင်း၊အလုပ်​သမားများအတွက်​တွင်​မူ ကိုက်​ညီ​သောလုပ်​အားခမရရှိခြင်း၊လုပ်​အားခပိုမိုရရှိလိုခြင်းကို အ​ခြေခံကာ အလုပ်​​ပြောင်း​ရွေ့မှုများပြုလုပ်​​နေသည့်​အတွက်​ အလုပ်​မရှိခြင်းနှင့်​အလုပ်​သမားမရှိခြင်းများ ကြုံ​တွေ့​နေရ​ပေသည်​။မည်​သို့ပင်​ဖြစ်​​စေ အလုပ်​မရှိလျှင်​ အလုပ်​ရှာရမည်​ဖြစ်​သည်​။ပိတ်​​နေ​သော တံခါးများကို​ခေါက်​မှသာလျှင်​ လာ​ရောက်​ဖွင့်​မည်​ဖြစ်​သည့်​အတွက်​ အုမဲ​ခေါက်​​နေဖို့သာ လိုအပ်​လှ​ပေသည်​။လူသည်​ ကိုယ့်​ကိုယ်​ကိုယ်​ အထင်​ကြီးလှ​ပေသည်​။ထို့အတူပင်​ လူသည်​ သူများဆိုလျှင်​ အထင်​​သေးမြဲပင်​ဖြစ်​သည်​။ထိုမတူခြင်းများအကြား အလုပ်​နှင့်​သက်​​သေပြခြင်းဖြင့်​သာ မှန်​ကန်​​သောဆက်​ဆံမှုကို ရရှိမည်​ဖြစ်​​ပေသည်​။အလုပ်​နှင့်​လူသားစွမ်းရည်​အကြား ကျွမ်းကျင်​မှုများက သက်​​သေပြုသွားမည်​ဖြစ်​သည်​။ထို့ထက်​ပိုဆိုရပါမူ ​စေတနာထားရှိသည့်​အ​ပေါ် အဆုံးအဖြတ်​​ပေးသွားမည်​ဖြစ်​​ပေသည်​။
အလုပ်​တစ်​ခုမှထွက်​ကာ အခြားအလုပ်​ကို​ပြောင်း​ရွေ့သူများ အလုပ်​မရသည့်​အခိုက်​ စိတ်​​လေခြင်းများနှင့်​ ကြုံ​တွေ့ရမည်​မှာ မလွဲပါ​ချေ။လေ​နေ​သောစိတ်​ပိုင်​ဆိုင်​ထားသူမှာ ပြီးခဲ့​သောအလုပ်​ကို ​ဝေဖန်​ခြင်း၊ဆန်းစစ်​ခြင်း၊အပြစ်​ဆိုခြင်းများဖြင့်​ အချိန်​ကုန်​မှုများလည်း ရှိ​နေ​ပေသည်​။တစ်​နည်းအားဖြင့်​ အလုပ်​သံ​ယောဇဉ်​ဖြင့်​ အမြဲ​ပြောဆို​နေတတ်​​ပေသည်​။ဖြစ်​သင့်​သည်​က အလုပ်​တစ်​ခုမှထွက်​လာပြီဆိုသည်​နှင့်​ ထိုအလုပ်​အ​ကြောင်း ​ဝေဖန်​​ လေကန်​ခြင်းများရပ်​ကာ ကိုယ်​နှင့်​ကိုက်​ညီသည့်​ အလုပ်​တစ်​ခုကိုသာ သတ္တိရှိရှိလုပ်​ကိုင်​ရန်​ ရှာ​ဖွေသင့်​လှ​ပေသည်​။
ထိုသို့ အလုပ်​သစ်​ရှာ​ဖွေမှုတွင်​ ​ကြောက်​ရွံ​နောက်​တွန့်​နေသည့်​စိတ်​ကို ဖယ်​ရှားကာ ​ကြောက်​ရွံစိတ်​ဖြစ်​​စေသည့်​ ပတ်​ဝန်းကျင်​ကို​ရှောင်​ရှားရမည်​ဖြစ်​​ပေသည်​။ဖြစ်​နိုင်​ခြင်းများကို​မျှော်​လင့်​ကာ ​ရှေ့ဆီ​လျောက်​လှမ်းဖို့ ခွန်​အားတို့​မွေးမြူကြရမည်​ဖြစ်​သည်​။လူတို့မတိုးတက်​ခြင်း၏အဓိက တရားခံမှာ ဓာတ်​ပြား​ဟောင်းကို ပြန်​ဖွင့်​ကာ ​ရွှေထီး​ဆောင်းခဲ့​သော အတိတ်​ကိုပြန်​​ပြောရင်း လက်​ရှိလုပ်​ငန်းကို အား​လျော့​စေသည့်​အတွက်​​ကြောင့်​ပင်​ဖြစ်​သည်​။အလုပ်​မှထွက်​လာပြီဆိုသည်​နှင့်​ ခရီးလမ်းအသစ်အ​တွက်​သာ အားစိုက်​ရ​ပေမည်​။မဖြစ်​နိုင်​​သော ​မျှော်​လင့်​ချက်​များကို စွန့်​ကာ ဖြစ်​နိုင်​ခြင်းများဖြင့်​ စတင်​ပြုလုပ်​သင့်​​ပေသည်​။
အသက်​အရွယ်​ရသည့်​တိုင်​​အောင်​ ငယ်​စဉ်​က စွမ်း​ဆောင်​နိုင်​ခဲ့ခြင်းများကို မြင်​​ယောင်​ကာ ငယ်​စဉ်​က သတ္တိကို ပြန်​​မွေးမြူရမည်​ဖြစ်​​ပေသည်​။ကြုံ​တွေ့လာမည့်​ ​လောကဓံအတွက်​ ပြင်​ဆင်​ထားရမည်​ဖြစ်​သည်​။အလုပ်​တစ်​ခုကို မဖြစ်​မ​နေလုပ်​မည်​ဟု ဆုံးဖြတ်​ကာ ခိုင်​မာ​သော ခွန်​အားများကို ရယူပစ်​ရမည်​ဖြစ်​သည်​။လောကတွင်​ အရာရာ​ပြောင်းလဲ​နေသည့်​အထဲ အစွဲနှင့်​ကျန်​ခဲ့သမျှအားလုံးက ချန်​ခဲ့မှာ မလွဲပါ​ချေ။ပြောင်းလဲချိန်​တွင်​ မ​ပြောင်းလဲပါက ​နောင်​တများဖြင့်​သာ နိဂုံးချုပ်​သွားရမည်​ ဖြစ်​​ပေသည်​။
နယ်​​မြေသစ်​ကို ဝင်​လိုက်​ပါ။လုပ်​ငန်းသစ်​များကို ကြိုးစားလိုက်​ပါ။ပြောင်းလဲသင့်​လျှင်​ ​ပြောင်းလဲလိုက်​ပါ။သူများထက်​ နှစ်​ဆကြိုးစားပါ။ကိုယ်​​တော်​​နေသမျှ မနာလိုသူတို့​ပေါ်လာကာ အပြစ်​တင်​စကားကြားလာရမည်​ဖြစ်​​ပေသည်​။ထိုသို့ကြားလာပါက မိမိတိုးတက်​​နေပြီဟု မှတ်​ယူသင့်​လှ​ပေသည်​။မနာလိုသူတို့​ပြောသမျှ စိတ်​ဓာတ်​ကျရန်​မလိုပါ​ချေ။သူတို့မုန်းလျှင်​ ကိုယ်​ကပြုံးနိုင်​​အောင်​ကြိုးစားပြီး ပိုမိုကြိုးစားရ​ပေမည်​။သူတို့မချစ်​လို့အပြစ်​ဆိုသမျှ ကိုယ်​က​မေတ္တာဖြင့်​သာ တုံ့ပြန်​ရင်း အနိုင်​ယူသင့်​​ပေသည်​။
ဝဋ်​ဆိုသည်​မှာ ​နောင်​ဘဝမှဟု မသတ်​မှတ်​သင့်​​ပေ။သိပ္ပံနိယာမအရ သက်​​ရောက်​မှုတိုင်းတန်​ပြန်​သက်​​ရောက်​တတ်​​ပေသည်​။ခေတ်​သစ်​လူမှူကွန်​ရက်​​ဝေါဟာရစကားအရ သူဘ​လော့လျှင်​ ကိုယ်​ဘ​လော့သလို ကိုယ်​ကသူများကို ဘ​လော့ပါက ကိုယ့်​ကို ပြန်​လည်​ဘ​လော့သူ ​ပေါ်လာမှာမလွဲပါ​ချေ။သူမုန်းလျှင်​ ကိုယ်​ပြုံးလိုက်​ပါ။ကောင်း​သောလုပ်​​ဆောင်​ချက်​ဖြင့်​ ဘဝကိုရှင်​သန်​ရပ်​တည်​ပါ။လှပ​သော အပြုံများဖြင့်​ ပတ်​ဝန်းကျင်​ကိုကြည့်​ရှူပါ။ကောင်း​သောနားတို့ဖြင့်​ ပတ်​ဝန်းကျင်​အသံကို စစ်​ယူနား​ထောင်​လိုက်​ပါ။ထိုသို့ပြုမူလုပ်​ကိုင်​သမျှ မိမိကိုယ်​ကို ​ကျေနပ်​ကာ လုပ်​ငန်းခံယွင်​အတွင်းလည်း ​ပျော်​ရွှင်​လာမည်​ဖြစ်​​ပေသည်​။အခက်​အခဲနှင့်​ကြုံလာတိုင်း ကိုယ့်​ကိုမုန်းသူ​ပေါ်လာတိုင်း စကားတစ်​ခွန်းကို သတိရကာ ထပ်​မံကြိုးစားသင့်​​ပေသည်​။ထိုစကားမှာ "သူမုန်းလျှင်​ ကိုယ်​ပြုံးဖို့လိုပါတယ်​" ။ ။
image
Photo Credit: : Facebook Photo
MSU-035
@htoohan

Sort:  

ever smile bro 5tin

သိုင်းကျူးပါ😊

စာလေးကို ဖတ် ဓာတ်ပုံလေးကြည့် အားလေးကို ရှိ
အဟိ 😊
သူမုန်းတာကို ပြုံးဖို့တော့ မလွယ် ကြိုးစားကြည့်ရမှာပဲ bro
@aggamun

ရယ်သောသူသည် အသက်ရှည်၏တဲ့။
ပြုံးလိုက်ရင်တော့ ပန်းတို့ပွင့်တယ်လို့ပဲ ခံစားမိပါတယ်။

ever smile:-)

ပုံကပိုကောင်း

ဟုတ်​လား ​ကျေးဇူး:-)

ရယ်​​နေရယ်​​တော့ စိတ်​ ညစ်​စရ​တေနည်းမာဘဲ

ever smile,never cry​ပေါ့bro:-)

This post has received a 27.82% upvote from thanks to: @htoohan!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Congratulations @htoohan! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!