အသိတရား

in #esteem7 years ago (edited)

image
Photo credit by##Thiriyehtut
ကိုယ်တွေ ကျောင်းတက်တုန်းက honours တန်းတက်ခဲ့တာ ... Master လုပ်မယ် ... demonstrator လုပ်မယ် ... PhD ကို နိုင်ငံခြားကယူမယ် ... သေတဲ့အထိ ဆရာလုပ်မယ်လို့မျော်မှန်းခဲ့တာ။ ကံဆိုးချင်တော့ တတိယနှစ်ဂုဏ်ထူးတန်းမှာအရေးအခင်းဖြစ်တော့ ၂ နှစ်ကျော်စောင့်လိုက်ရတယ်။ အဲ့ဒိအချိန်မှာ ordinary class တက်တဲ့သူငယ်ချင်းတွေက ကျောင်းပြီးလို့ ဘွဲ့လွန်တွေတက် ၊ demonstrator တွေဝင်လုပ်တော့ ကိုယ်တွေက ကျောင်းမပြီးသေးဘူး ။ ကိုယ်တွေ မာစတာတက်နေတဲ့အချိန်ကျတော့ ရေအားလျပ်စစ်က DYCE (section head) က မင်းတို့နှစ်ကောင်ငါ့ဆီလာခဲ့ဆိုတော့ ကောက်ကောက်ပါအောင် လိုက်သွားလိုက်တာ ဆရာအလုပ်နဲ့ဝေးရတယ်။ ကိုယ်တွေမာစတာပြီးတဲ့အချိန် စောစောဘွဲ့ရသွားတဲ့သူငယ်ချင်းတွေက လက်ထောက်ကထိကတွေတောင်ဖြစ်လို့နေပြီ။ ကိုယ်တွေ demonstrator လုပ်လည်း သူတို့ထက်တော့ လုပ်သက် ၅ နှစ်လောက် out နေပြီလေ။ အဲ့ဒါနဲ့ တိုက်ပုံဝတ် (သက်သက်သာသာ လို့တော့မပြောတော့ပါဘူး၊ ဘူမိက ဆရာတွေက field ချိန်ကျလည်း တရက် မိုင် ၂၀ လောက်လမ်းလျောက်ရလို့) တဲ့ဆရာ ဘ၀နဲ့လွဲခဲ့ရတယ်။ ဒါက ကံဆိုးတာ။ ကံကောင်းတာက ဆရာတွေကို ညစောင့်ခိုင်း ၊ မထော်မငန်းတွေခိုင်းတဲ့ပညာရေးဝန်ကြီးနဲ့ညွှန်ချုပ်တွေရယ်၊ အဲ့ဒိလိုကျောင်းသားတွေရယ်နဲ့မတွေ့ခဲ့တာ။ အမယ် .... အဲ့ဒါတောင် စိတ်ကမကုန်ဘူး volunteer အနေနဲ့ ဧည့်ကထိက ၊ ဧည့်ပါမောက္ခ လုပ်ပြီးစာသင်ချင်သေးတာ။ တက္ကသိုလ်တွေ ၀န်ကြီးဌာနတွေက လက်မခံလို့ မာစတာကျောင်းသားတွေ သိစစ်ဘဲ အမည်မခံဘဲ ကြီးကြပ်ပေးတာ။ ပိုကံကောင်းတာက အခုတော့ အဲ့ဒိ စိတ်တွေကုန်ပြီ ။ အ၀ိဇ္ဇာရပ်ဖို့ဆိုတာ ဂျန်းတုံးလို clump လို အတားအဆီးတစ်ခုတော့လိုတယ်။