"သင့်​ဘဝအတွက်​မဖြစ်​မ​နေ​ဖြေသိမ့်​သင့်​​သောအရာ"

in #esteem7 years ago (edited)

အခုတစ်​ခါတင်​​ပေးမှာက​တော့ စိတ်​ဓာတ်​ကျ​နေတဲ့လူ​တွေအတွက်​...​ဖြေသိမ့်​ဖို့နည်းလမ်း​တွေပါ။
လူတွေက သံမဏိနဲ့ ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် တစ်ချိန်မဟုတ်တစ်ချိန်တော့ စိတ်ဓာတ်ကျတာတွေ စိတ်ဖိစီးတာတွေဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ ငွေရေးကြေးရေးနဲ့ အခြားစီပွားရေးအခက်အခဲတွေကြောင့်ဖြစ်တတ်ပြီး တစ်ချို့ကတော့ အချစ်ရေးနဲ့ လူမှုရေးကိစ္စတွေကြောင့်ဖြစ်တတ်ကြပါတယ်။ တစ်ချို့ကတော့ အကြောင်းရင်းမရှိဘဲ စိတ်ဓာတ်ကျနေတတ်ကြပါတယ်။ အဲဒီထဲမှာမှ အမျိုးသားတွေထက် အမျိုးသမီးတွေကတော့ ဘာအကြောင်းရင်းမှ မရှိဘဲ စိတ်ဓာတ်ကျတာ/ စိတ်ဖိစီးတာ ပိုပြီး အဖြစ်များကြပါတယ်။
image
ကဲ… သင်အခု စိတ်ဓာတ်ကျပြီး ငိုင်နေသလား....
အောက်က စာလေးကိုဆက်ဖတ်ပြီး တိုက်ထုတ်လိုက်ကြရအောင်ဗျာ။ ဒါက လမ်းညွှန်စာမဟုတ်ပါဘူး။ အခုချက်ချင်း ထပြီး လိုက်လုပ်ဆောင်ရမယ့်စာပါ။ မယ်ရိုး ကိုယ်တိုင် စိတ်ဓာတ်ကျနေတိုင်း အမြဲပြန်ဖတ်ပြီး လုပ်နေကြနည်းလမ်းမို့ ဒီစာဖတ်ပြီးလို့ လိုက်လုပ်ရင် စိတ်ဓာတ်ကျတာ တစ်ဝက်မက သက်သာသွားမှာပါ။
ငါဘာကြောင့်စိတ်ဓာတ်ကျနေတာလဲ။
ဒီလို ငွေကြေးကြပ်တည်းနေတာကို ဘယ်လိုဖြေရှင်းရမလဲ။
သူ့ကို လွမ်းလို့ရူးတော့မယ်။
စတဲ့အကြောင်းအရာတွေကို တွေးမိနေရင် ရပ်ပစ်လိုက်ပါ။ ထိုင်တွေးနေတာ အလုပ်မဖြစ်ပါဘူး။ ပိုပြီးစိတ်ဓာတ်ကျစေပါတယ်။ ဘာကြောင့်ပဲ စိတ်ဓာတ်ကျနေနေ အဲဒီအတွေးကို ချက်ချင်းပြောင်းပစ်လိုက်ပါ။ ထိုင်ပြီး စိတ်ဓာတ်ကျနေလို့ ဘာမှ မထူးလာပါဘူး။ အခုချက်ချင်း ဒီစာထဲမှာအာရုံစိုက်လိုက်ပါ။ ဒီအတိုင်း လိုက်လုပ်ပြီး စိတ်ဓာတ်ကျတာကို တိုက်ထုတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ။
ခု ထရပ်ခိုင်းတာနော်။ ဒီစာပြီးမှထမယ်လို့မတွေးပါနဲ့။ အခုချက်ချင်းပဲ လဲလျောင်းနေတာက ထလိုက်ပါ။ ပြီးရင် ရေတစ်ခွက်အပြည့် သွားသောက်လိုက်ပါ။ ရေသောက်ပြီးတာနဲ့ အပြင်က နေရောင်ရတဲ့နေရာ၊ လေပြေလေး တိုက်ခတ်မယ့်နေရာကို သွားပါ။ အိမ်အပြင်ထိ ထွက်နိုင်ရင် ပိုကောင်းပေမယ့် ရန်ကုန်မှာကျ တိုက်ခန်းနဲ့မို့ မလွယ်ကူရင် ပြတင်းပေါက်/ ဝရန်တာ ဘက်ကို ထွက်ထိုင်ပါ။ ကဲ… နည်းနည်းနေလို့ ကောင်းလာပြီမလား။
image
ရေသောက်ပြီး ခဏအပြင်မှာထွက်ရပ်ပြီးရင် ရေချိုးလိုက်ပါ။ ရေချိုးလိုက်ရင် စိတ်ထဲက ညစ်ညူးတာတွေပါ ပါသွားစေတယ်။ မယုံရင် ခု သွားချိုးလိုက်ဗျာ။ ရာသီဥတုကိုကြည့်ပြီး ရေနွေးနဲ့ချိုးရင်လဲချိုး။ ရေချိုးနေတုန်း တခြားအတွေးတွေမဝင်မိအောင် သီချင်းဆိုနေဖို့တော့လိုတယ်။ သီချင်းမဆိုချင်လဲ က ဗျာ။ ဘာမှမရရင် နိုင်ငံတော်သီချင်းဆိုဗျာ။ အစပိုင်းတော့ စိတ်ပါမှာမဟုတ်ဘူး။ လုပ်နေရင်း ကိုယ့်ဖာသာ ရယ်နေရင်းနဲ့ အရှိန်ရလာလိမ့်မယ်။ အသံမကောင်းလေ ပိုကောင်းလေပဲ။ မယ်ရိုး ဆို ကိုယ့်အသံကို ကြားပြီး ရယ်နေရတာနဲ့ စိတ်အပြောင်းအလဲအတော်ဖြစ်တယ်ဗျ။ တစ်ခုပဲ ဖုန်းကို ရေချိုးခန်းထဲယူသွားလို့ရေစိုရင် မယ်ရိုးနဲ့ မဆိုင်ပါဘူးခင်ဗျ။
ရေချိုးပြီးရင်တော့ အကျီင်္အသစ်မဟုတ်တောင် အရောင်မမှိန်တာလေး ဝတ်ပါ။ စိတ်ကိုအပြောင်းအလဲဖြစ်ဖို့ လူကအရင်ပြောင်းမှအဆင်ပြေတာပါ။ မိန်းကလေးဆိုရင်တော့ နှုတ်ခမ်းနီအနီရောင်လေးပါ ဆိုးလိုက်ပါ။ ပြီးသွားရင် အပြင်ထွက်ပါမယ်။ စိတ်အပြောင်းအလဲပေးနိုင်မယ့် လူများများမြင်ရတဲ့နေရာကို သွားပါမယ်။
ရှေ့ဆက်ရမယ့်နည်းကိုပဲ စဉ်းစားမယ်။
အပြင်ရောက်လို့ လူများများကြားရောက်ပြီဆိုရင် ကိုယ်စားချင်တဲ့ ဆိုင်တစ်ဆိုင်ဆိုင်ကို ဝင်ထိုင်ပြီး ရှေ့ဆက်ရမယ့်အကြောင်းတွေကို စဉ်းစားလိုက်ပါ။
ဘာကြောင့်ပဲဖြစ်ဖြစ် အနောက်ကို ပြန်လှည့်မကြည့်ပါနဲ့။ ရှေ့ဆက်ရမှာကို တွေးရင်း စိတ်ဖိစီးစရာပြန်ဝင်လာရင် အတွေးနောက်ဆက်မလိုက်ပဲ အရှေ့ကိုပဲ ဦးတည်စဉ်းစားပါ။ ဒီအချက်က အရမ်းကိုအရေးကြီးပါတယ်။ မယ်ရိုး တို့တွေက ပြဿနာကို ကျော်လွှားဖို့ထက် ပြဿနာကိုပဲ တဝဲလည်လည်နဲ့ စဉ်းစားနေမိတတ်တယ်။ ရှေ့ကို ဘာလုပ်မလဲဆိုတာကို တွေးရမှာပါ။
image
ဒီနေရာမှာ ကိုယ့်အတွေးတွေကို မထိန်းချုပ်နိုင်ရင် စာအုပ်ထဲ ချရေးတာအကောင်းဆုံးပါ။ ရှေ့ကို ဘာတွေဆက်လုပ်မလဲဆိုတာတွေကို စဉ်းစားမိတာအကုန်ရေးပါ။ ဖြစ်နိုင်တာမဖြစ်နိုင်တာမတွေးပါနဲ့။ ငါလုပ်လို့ဖြစ်ပါ့မလား. လုပ်နိုင်ပ့ါမလားဆိုတာတွေ ဖယ်လိုက်ပြီး ပေါ်လာသမျှ အဖြေအကုန် ချရေးပါ။
ရှေ့ဆက်ဖို့အကြောင်းစဉ်းစားတဲ့နေရာမှာ
ခွန်အားဖြစ်စာတွေဖတ်ပါ။ ဗီဒီယိုတွေကြည့်ပါ။
ဘာလုပ်ရမလဲကို မစဉ်းစားမိရင် ကိုယ့်ရဲ့စိတ်ကို အကောင်းတွေပဲ ပေးနိုင်မယ့် စာတွေဖတ်ပါ။ ဗီဒီယို်တွေကြည့်ပါ။ ရှေ့ဆက်ရမယ့် ခွန်အားတွေရမယ့် အရာတွေကိုပဲ အချိန်ပေးကြည့်ပါ။ ဖတ်ပါ။ ကိုယ့်ကို ချစ်တဲ့သူတွေ ရှိနေတယ်ဆိုတာကို သတိရပါ။
နောက်ဆုံးအချက်က အရေးအကြီးဆုံးပါ။ စိတ်ဓာတ်ကျတဲ့ပြဿနာက အခန့်မသင့်ရင် အရမ်းဆိုးသွားပြီး လက်လျော့ပစ်လိုက်ချင်စိတ်တွေဖြစ်တတ်ပါတယ်။ ဒီပြဿနာထဲက ဆွဲထုတ်နိုင့်မယ့် အကောင်းဆုံးအဖြေက ကိုယ့်ကို ချစ်တဲ့သူတွေပါပဲ။ အားလျှော့ပြီး အရှုံးပေးမယ်ကြံတိုင်း လောကကြီးမှာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာ သတိထားပြီး တွေးပေးဖို့လိုပါတယ်။ ကိုယ့်ကိုချစ်ခင်တဲ့သူက မိဘ၊ မောင်နှမ၊ ဆွေမျိုး ၊ သူငယ်ချင်း နောက်ဆုံး ကိုယ်မွေးထားတဲ့ ခွေးလေး၊ ကြောင်လေးဖြစ်ဖြစ် တွေးလို့ရပါတယ်။ သူတို့တွေကို တွေးခြင်းကနေ ခွန်အားဖြစ်စေတဲ့အတွေးတွေ ရလာမှာသေချာပါတယ်။ ကိုယ့်အတွက်ဘာမှမစဉ်းစားနိုင်ရင်တောင် သူုတို့အတွက်ဘာတွေလုပ်ပေးရမလဲစဉ်းစားရင်း ရှေ့ဆက်စရာအကြောင်းတွေပေါ်လာမှာပါ။
စိတ်ဓာတ်ကျနေရင် လုပ်ဆောင်သင့်တဲ့အချက်လေးတွေက -
အသဲကွဲနေရင် အလုပ်အကြောင်းတွေးပြီး များများဖိလုပ်ပါ။သူငယ်ချင်းကို ရင်မဖွင့်ပါနဲ့။ ရင်ဖွင့်ရင်း စိတ်ညစ်/ စိတ်ညစ်လို့ ရင်ဖွင့်နဲ့ ချာလပတ်လည်နေပါလိမ့်မယ်။ အလုပ်ဖိလုပ်တာသာအကောင်းဆုံးပါ။ စီးပွားရေးကြောင့်ဆိုရင် ဘယ်လိုနည်းလမ်းတွေက အကောင်းဆုံးနည်းတွေဖြစ်မလဲစဉ်းစားပါ။ ကိုယ့်ကိုအကြံပေးမယ့်သူဆီ တိုင်ပင်ပါ။
အမျိုးသမီးကိစ္စကြောင့်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပါ။ လျှောက်လည်ပါ။ ဒီရက်တွေကျော်သွားရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။ဒ​ကြောင့်​ စိတ်​ဓာတ်​လဲမကျနဲ့ ကျရင်​လဲ​ဖြေသိမ့်​ဖို့ဒီနည်းလမ်းသုံးပါ..။
image

photo credit-google photo
jonaone-love steemit

Sort:  

မှန်​ပါတယ်​ ပညာသားပါပါတယ်​ဗျ...​အား​ပေး​နေမယ်​အကို