၁၉၉၀ ခုနှစ်မှာ My Left Foot (1989) ဇာတ်ကားနဲ့ ပထမအကြိမ် အော်စကာဆုရတော့ အင်တာဗျူးမှာ ဒန်နယယ်ဒေးလူးဝစ်က ပေါ်တင်ကြီးပြောထည့်လိုက်ပါတယ်။
Credit:photo
" လူတွေက ပြောကြတယ် အနုပညာဟာ
အနုပညာအတွက် အနုပညာဟာ လူသားတွေ
အတွက်တဲ့။ ကျုပ်ရဲ့ အနုပညာကတော့
ဘယ်သူ့အတွက်မှမဟုတ်ဘူး ကျုပ်အတွက်ပဲ။
သူများဝေဖန်တာ ခံနိုင်တယ် ကိုယ့်ကိုယ်ကို
ပြန်ဆဲနေရတာမျိုးတော့ မခံစားနိုင်ဘူး။"
Art for ဘလာဘလာဆိုတဲ့အယူအဆတွေ စာပေ၊ ဂီတ၊ ရုပ်ရှင်လောကထဲအထိ ဝင်လာဖူးတယ်။ ဒန်နယယ်ပြောတဲ့သဘောက သူသရုပ်ဆောင်တာကိုမကောင်းဘူးလို့ ဘယ်သူက ဝေဖန်ဝေဖန်ခံနိုင်တယ်။ အော်စကာမရလည်း ဂရုကို မစိုက်ဘူး။ ဒါပေမဲ့ တကယ်မကြိုးစားဘဲ တော်ရိလျော်ရိသရုပ်ဆောင်ပြီး ဟုတ်လှပြီလို့ အထင်ကြီးနေပေမယ့် အတွင်းစိတ်မှာ ကိုယ့်ကိုယ်ကို ရွံ့မုန်းနေရမယ့် အတ္တာနုဝါဒဘေးကိုမလိုချင်ဘူးလို့ပြောတာပါ။ လက်ရှိ ရုပ်ရှင်လောကမှာ အတော်ဆုံး Method Actor ကြီးလို့ လူသိများတဲ့ ဒန်နယယ်ရဲ့ နာမည်ပြောင်က DDLပါ။ ဒါပေမဲ့ သူ့ကိုကွယ်ရာမှာ Mr.Serious လို့လည်းခေါ်တတ်ကြပါသတဲ့။ ကိုလွန်လွန်းပေါ့လေ။ ဒီလိုခေါ်ကြတာ မလွန်လွန်းပါဘူး။
The Unbearable Lightnees of Beings (1988) ရိုက်ကူးနေတုန်းမှာပဲ ချက်ဇ်ဘာသာစကားကို ကျွမ်းကျင်အဆင့်ပြောနိုင်အောင် သင်ခဲ့ပါတယ်။
နာမည်ကျော် My Left Foot (1989) ကို ရိုက်ကူးနေတုန်း mood ပျက်မှာစိုးလို့ ဝှီးချဲပေါ်က လုံးဝမဆင်းဘူး။ ရိုက်ကူးရေးအဖွဲ့သားတွေ တွန်းပေးမှသွားတယ်။ အစားကိုလည်း ခွံ့ကျွေးမှစားပါသတဲ့။
သူ့ကို ကမ္ဘာကျော်စေခဲ့တဲ့ Last of Mohicans (1992) ကို ရိုက်ကူးရေးမစမီ တောထဲမှာသွားနေပါတယ်။ ကနူးလှေဆောက်နည်းသင်တယ်၊ ကိုယ်တိုင်ဆောက်တယ်၊ အမဲလိုက်တယ်၊ တောလမ်းထွင်တယ်၊ သားရေခွာ၊ ရုပ်လုံးသွင်းတာတွေပါ ကျွမ်းကျင်အောင်သင်ခဲ့တယ်။
Age of Innocene (1993) ရိုက်နေတုန်းမှာ နှစ်လလုံး ဦးထုပ်နဲ့တုတ်ကောက်နဲ့ နယူးယောက်မြို့ထဲ လမ်းလျှောက်ထွက်ပါသတဲ့။ ရုတ်တရက်ကြည့်ရင်တကယ့်ကြောင်ကွက်ပဲ။
In the Name of Father (1993) ရိုက်ကူးနေချိန်မှာ ၇၂နာရီတိုက်ပိတ်ခံပြီး ခံစားချက်သွင်းပါသတဲ့။
The Boxer (1997) ရုပ်ရှင်အတွက် ၁၈လကြာအောင်လက်ဝှေ့ရေးကျင့်ခဲ့တယ်။ ထရိန်နာတွေကပြောပါတယ်။ ခင်ဗျားလက်ဝှေ့ထိုးစားလို့ရပြီတဲ့။
Gangs of New York (2002) အတွက် သားသတ်ရုံမှာ လေ့ကျင့်ရေးဆင်းခဲ့သလို ဒေါသထွက်လွယ်စေမယ့် သီချင်းမျိုးရေးပေးဖို့ Eminem ကို အကူအညီတောင်းပါသေးတယ်။
There will be blood (2007) မှာတော့ ဒန်နယယ်လက်လွန်သွားတယ်။ ဇာတ်လမ်းထဲကအတိုင်းကလေးသရုပ်ဆောင်ကို မာမာထန်ထန်၊ ခပ်ကြမ်းကြမ်းဆက်ဆံလို့ သရုပ်ဆောင် Kel O'Niell အတော် လန့်ဖြန့်သွားပြီး Paul Dano နဲ့ အစားထိုးခဲ့ရတယ်။
Lincoln (2012) ရုပ်ရှင်အတွက် ပြင်ဆင်ချိန်တစ်နှစ်ကြိုတောင်းပြီး စကားပြောဟန်၊ လမ်းလျှောက်ဟန်၊ လက်လွှဲဟန်အထိ လေ့လာ ပြင်ဆင်ခဲ့တယ်။ အိုင်းရစ်ရှ်လေသံကို ကင်တက္ကီလေသံမျိုးဝဲအောင်ပြောင်းပြောတယ်။ အဲဒီနှစ်အော်စကာကိုသူပဲရတယ်။
ဒီရုပ်ရှင်ပြီးရင် အနားယူတော့မယ်ဆိုပြီး Phantom Thread (2017) ကို မရိုက်ခင်မှာ ၁၉၄၀-၅၀ ဖက်ရှင်တွေကို လေ့လာတယ်။ ပြတိုက်တွေကိုသွားတယ်၊ ကိုယ်တိုင်မှတ်စုထုတ် Sketchဆွဲတယ်။ Balenciaga ဝတ်စုံကို Sketch ပြရုံနဲ့ ကိုယ်တိုင်ချုပ်တတ်တဲ့အထိ လေ့ကျင့်တယ်။ ဒါရိုက်တာနဲ့ ဒီဇိုင်းအဖွဲ့ကိုက သူလုပ်သမျှကို အံ့သြနေရတယ်။ ဒန်နယယ်ကပြောလိုက်သေးတယ်။" မဆိုးဘူးဗျ ဒီလောကက အနားယူပြီးရင် ဝတ်စုံချုပ်စားလို့ရပြီ" တဲ့လေ။
ကိုယ့်ကိုယ်ကိုယ်ပြုစားရင်း ပရိသတ်ကိုပါပြုစားတဲ့ အနုပညာကဝေကြီးဟာ အသက် ၆၀ ရှိသွားပါပြီ။ သူလုပ်ချင်တာကို သူလုပ်တယ်။ ပရိသတ်အကြိုက်လည်း လိုက်မလုပ်ဘူး။ ဒီလိုလူတစ်ယောက်ရှိနေတဲ့အတွက် ဟောလိဝုဒ်ဟာ အခုထိရွှေဖြစ်နေသေးတာ။ သူ့ကိုအားကျပြီး တကယ်ကြိုးစားမယ့်သူတွေပေါ်လာတယ်။ လီယိုနာဒိုဆိုရင် Gangs of New York ပြီးကတည်းက ဒန်နယယ်ဆန်လာပြီလို့တောင်ဝိုင်းပြောလာကြတယ်။ သူ့လိုပဲ အပြိုင်အဆိုင်ကြိုးစားချင်တဲ့ လူငယ်တွေ ပေါ်လာတယ်။ သူတို့အနုပညာဟာ အားကျမခံကြိုးစားကြရင်းနဲ့အဆီတစ်ထပ် အသားတစ်ထပ်။ ကိုယ်တွေမှာတော့ မပိုင်ပန်းကို ကြည့်ရသလို အိပ်မက်တွေရှိတာတောင်မှ အငတ်ငတ်အပြတ်ပြတ်။
#MMDB_Trivias #MethodActor #DDL #EM
wow
wow
wow
wow
wow
wow
wow
wow
.............................
Nice
good
nice
ကောင်းတယ်ဗျာ