ရာသီဥတုပူသည်။
နေအပူ၊ လေအတိုက် အမှိုက်တွေ အတော်ထလာသလား။
ရေအတွက်လည်း နည်းနည်းတော့ ခက်လာပြီပေါ့။
ကျန်းမာရေးအရတော့ ကောင်းမွန်ခြင်း ပြည့်ဝနေပါသည်။
မိတ်ဆွေအများလည်း နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြသည် မဟုတ်လား။
ကောင်းကျိုးလိုရာမှန်သမျှ ပြည့်ဝကြပါစေကြောင်း သားမောင် ဆုတောင်းပေးလိုက်ပါသည်။
သားတို့မြန်မာတပ်ချုပ်ကြီး ယနေ့ထိုင်းမှာ ဂုဏ်ထူးဆောင်ဆုအား လက်ခံရယူ၏။
ထိုင်းဘုရင်မင်း၏ အမိန့်အရ ထိုင်းတပ်ချုပ်ကြီးက ဂုဏ်ထူးဆောင်ဆုအား ပေးအပ်ချီးမြှင့်သည်။
ထိုင်းရုပ်သံများမှာတော့ အကျယ်တ၀ှန့်ဆိုသလို ထုတ်လွှင့်ကြသလား။
သားတို့မြန်မာမှာတော့ အသံတွေ တိတ်နေ၏။
မာမားထံမှ ဆုတံဆိပ်တွေ အသိမ်းခံနေရသည့်ကာလ ယခုလို ဆုရတာ သူတို့ မကြည်ကြလေသလားတော့ မသိပါ။
အရေးထဲမှာ စလွယ်ကို ဘယ်၊ညာမတူသည့်ကိစ္စ ငှက်တွေ ပွကြသည်။
ပြည်ပကရသည့်ဘွဲ့အား ညာမှာထားတာ အတူတွေကို ပြောပြပေးစေလို၏။
သားကတော့ နှစ်နိုင်ငံချစ်ကြည်ရေးတိုးသည်ဆိုတာနဲ့တင် ကျေနပ်နေမိပါသည်။
လက်ထက်တော်ကြီးမှာ ဂုဏ်ယူဖွယ်ရာတွေ မကြာမကြာ ကြားနေရ၏။
ယနေ့လည်း လွှတ်တော်ရပ်ကွက်က ဂုဏ်ယူဖွယ်ရာ ဥပဒေတစ်ရပ်အား
ပြဌာန်းလိုက်နိုင်ပြီဖြစ်သည်။
မူးယစ်ဆေးဝါးသုံးစွဲသူများ ယခင်လို ထောင်ဒဏ်မခံစားရတော့ဘူးပေါ့။
ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာ ကျခံရတော့မည်လေ။
လူမှုရေးပြစ်ဒဏ်တောင် ခွဲခြားဆက်ဆံခံရသည့်ဝတ်စုံအဖြစ် မ၀တ်သင့်ဘူးလို့ ပြဌာန်းထားသေးသည်။
မူးယစ်ဆေးသုံးစွဲသူများကွန်ရက်ဆိုသည့်အဖွဲ့က ၀မ်းမြောက်နေတာ သားတို့သိရသေးသလား။
အနောက်နိုင်ငံများမှာ လူမှုရေးပြစ်ဒဏ်ချတာကို ပုံတူကူးချသည်ပေါ့။
မြန်မာပြည်မှာ ဘိန်းစိုက်သူတောင် တောင်သူစာရင်းထဲ ထည့်ထားရဆဲဖြစ်ပါသည်။
အမြစ်ပြတ်မည့်ကိစ္စ ဒူတာတေးအား အငှားခေါ်ပေးကြပါလို့သာ သားကပြောချင်ပါသည်လေ။
သားတို့မြန်မာမှာ အနန္တောအနန္တအရ အာစရိယနေရာမှာ ကျောင်းသားကို ပြောင်းလဲဖို့လိုလာပြီလားမသိရပါ။
မနက်ဆီက ပြည်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲကိစ္စ
ကျောင်းသားတွေ သတင်းစာရှင်းကြသည်။
ညှိနှိုင်းချက်အရ အဆင်မပြေသည့်အတွက် ပါချုပ်နှင့် ကန့်ကွက်သည့်
ဌာနမှူးများအား ပြင်းထန်စွာ ရှုံ့ချသည်လို့ ဆိုသလား။
သူတို့အပြောအရ အချို့အချက်များမှာ လက်ခံပေးနိုင်၏။
အဆုံးသတ်အရ ပါချုပ်ကိုပြောင်းပေး၊ မပြောင်းပေးက တုန့်ပြန်မှုတွေ လုပ်ပြမည်ဆိုတာကျ လူပါးဝလွန်းပါသည်။
အခုလိုဖြစ်စဉ်များအကြားမှာ ငါလူးလေးတွေခေတ် ဆရာ မဖြစ်တာအတွက် ကျေနပ်မိ၏။
ဆရာ၊ ဆရာမများအတွက်တော့ သားမောင် စိတ်မကောင်းလှပါ။
ယနေ့ရန်ကုန်မြေမှာ တစ်ဖြောင်းဖြောင်းသောအသံတွေ ဝေဆာနေ၏။
တရုတ်နှစ်သစ်ကူးနေ့အခမ်းအနားအား ဖွင့်လှစ်လိုက်ပြီ မဟုတ်လား။
အခမ်းအနားဖွင့်ပွဲအား ကွီးဖြိုးလည်း တရုတ်လိုလိုဝတ်ပြီး တက်ရောက်ချီးမြှင့်ပေးသည်။
ဗျောက်အိုးတွေလည်း ဝေေ၀ဆာဆာဖောက်ကြသေးသလား။
သီတင်းကျွတ်ကာလမှာ ဗျောက်အိုးဖောက်ခြင်းအတွက် ထောင်ဒဏ်ကျခံရနိုင်သော်ငြား ဒီနေ့တော့ မပါဝင်ပါ။
မန္တလေးမှာ တရုတ်တွေများလာတာအတွက် သေဆုံးပြီ ဘာညာဆိုပြီး
တစ်ခေတ်တစ်ခါက သီချင်းဆိုသူ ဆိုဖူး၏။
လက်ထက်တော်ကြီးမှာကျ ရန်ကုန်က ရှင်သန်ထမြောက်လာတာ ဖြစ်ပါသည်။
တရုတ်ဘောမဆိုတာ အဘတွေကိုသာ ဆိုလိုပါသည်လေ။
ထိုနှစ်သစ်ကူးပွဲနှင့်ဆက်စပ်လေသမျှ ကွီးဖြိုးအကြောင်းလည်း ပြောပြချင်သေးသည်။
နှစ်သစ်ကူးဖွင့်ပွဲမိန့်ခွန်းအဖြစ် ကွီးဖြိုးစင်ပေါ်တက်ပြောသေးသည် မဟုတ်လား။
သူ့မိန့်ခွန်းမှာ ရန်ကုန်က လူမျိုး၊ ဘာသာ၊ လုပ်ငန်းများပေါင်းစုံဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်မြို့ကြီးအဖြစ် ထ ကြွားသည်ပေါ့။
နှစ်သစ်မင်္ဂလာအချိန်မှာ နိုင်ငံဖွံဖြိုးရေး ၀ိုင်းကြိုးစားကြရန်လည်း တိုက်တွန်းလိုက်သေးသည်။
DVB က တင်ပြသည့် ထိုသည့်သတင်း၏အောက်မှာ မှတ်ချက်ပေးထားတာတွေ အတော်မြိုင်ဆိုင်၏။
အချို့က လက်မှတ်ရနေရာကို သွားပြသင့်သည်လို့ တိုက်တွန်းသည်။
သားကတော့ ဘာမှ ၀င်ပြောလိမ့်မည် မဟုတ်ပါ။
ကွီးဖြိုးမျက်စောင်း အကြောင်း ၃ ပါးမရွေးဘူးမဟုတ်လား။
ဖန်ခါးမြေမှာ ၀န်မင်းနေရာ ၂ ခုလစ်လပ်နေတာတော့ သိကြသည်မဟုတ်လား။
လွန်လေသည့်ရက်ပိုင်းက ထိုလစ်လပ်ဝန်မင်းများအတွက် လွှတ်တော်မှာ အမည်စာရင်းတင်သွင်းလိုက်ပြီဖြစ်သည်။
အမတ်မင်း ၁၇ ဦးက ကန့်ကွက်တာတော့ ၀န်မင်းလောင်းတွေခံရ၏။
ဘူးလက်နဲ့ပြိုင် အနိုင်ရသွားသည့်အမတ်မင်းက သူ့ကိုကျောင်းဆရာ ဘ၀မှ အထုတ်ခံရအောင် စစ်ခဲ့တာ ထိုဝန်မင်းလောင်းလို့ဆိုသည်။
အတိအလင်းအရ ကန့်ကွက်တာ မလုပ်သော်ငြား မီဒီယာကတစ်ဆင့်ပွားပြလိုက်သည် မဟုတ်လား။
ဝန်မင်းလောင်းကလည်း ထိုစဉ်က အခြေအနေအား ပြန်ပြောင်းဖြေရှင်းပြန်သည်ပေါ့။
အမတ်မင်းအငြိုးအား သတိထားဖို့အတော်ကောင်းပါသည်လေ။
ထူးထွေသည့်အံ့ရာ သတင်းအဆန်းတစ်ခုလည်းကြားမိသေးသည်။
လွန်လေသည့်ကာလက လေဆိပ်ကုလားအသတ်ခံရသည့်ကိစ္စ
ရုံးအထုတ်မှာ အင်္ကျီတွေ ၀တ်လာတာ မှတ်မိကြသည်မဟုတ်လား။
ထမင်းဝအောင်စာထားဆိုသည့်စကားလုံးအပေါ် ထိုသည့်ကာလက တရားရုံးအတွင်းရှိသူများကို ခြိမ်းခြောက်သည်လို့ ဆိုခဲ့ကြ၏။
မနေ့ဆီက လွတ်လပ်သော ဘာညာသာရကာအသင်းက ဥက္ကဌမင်းက
မီဒီယာတွေကို အပြောမှာကျ တစ်နိုင်ငံလုံးအထိပါ ပါလာသည်ပေါ့။
သူဆွဲထည့်ပါမှ သားတို့ပါ ဒူးတွေ တုန်လာလေသလား။
ဘင်လာဒင်တို့၊ ဆက်ဒမ်တို့တောင် အခုလောက်အပြောမခံခဲ့ရဘူးလို့ သားတွေးနေမိသည်။
အကြီးကြီး လေးစားသည်လို့သာ အတိုကောက်ပြောလိုက်ကြပါစို့။
သဘောအရ မိကြသည် မဟုတ်လား။
သားမောင်တို့မြန်မာ ပါဖောင့်မန့်စ်တွေ အတော်ခေတ်စားနေသည်။
မကြာသေးမီကာလက ခေါကြီးလည်း ပါဖောင့်တွေ မန့်ခဲ့ဖူး၏။
ယနေ့နေ့လယ်ကတော့ လက်ပံတောင်းမှာ ပါဖောင့်တွေ မန့်ကြပြန်သလား။
ထူးခြားချက်အဖြစ် အခေါင်းနှစ်ခုအား မီးရှို့သွားတာပေါ့။
သာမန်မီးရှို့ယုံသာမက အလံတွေပါ လွှမ်း ပြီးမီးရှို့တာဖြစ်သည်။
တရုတ်နှစ်သစ်ကူးကာလ သူတို့ပျော်နေချိန်မှာ ပြည်သူတွေ ဒုက္ခကြုံနေရလို့ဟု အကြောင်းပြချက်ပေးသည်လား။
ဆန္ဒပြတာအတွက် သားမောင်ဘက်က အငြင်းစကားမထွက်လိုပါ။
ယခုလို အလံတွေ မီးတင်ရှို့တာကျ သိပ်တော့ ဘ၀င်မတွေ့လှဘူးပေါ့။
အခြားသူများ မြန်မာအလံ မီးရှို့တာလည်း သားတို့ မကြိုက်ကြတာ အများသိကြမည် ထင်ပါသည်။
သားမောင်က သိပ်ချစ်လို့သာ ၀င်ပြောတာ မဟုတ်လား။
မြန်မာပြည်အနောက်ပိုင်းမှာ ခိုးဝင်နေထိုင်ဖူးသည့် လူတူသတ္တဝါများကိစ္စ
ထည့်ပြောပြချင်သေးသည်။
မနေ့ဆီက လူတူတွေအတွက် ပြန်လည်လက်ခံရေးဂေဟာများ သံအမတ်မင်းတွေ သွားကြည့်ကြသည် မဟုတ်လား။
နေထိုင်စားသောက်ရေးသာမက စက်မှုဇုန်ပါ ပြင်ဆင်ထားတာ မြန်မာဝန်မင်းရှင်းပြလိုက်သည်ဆို၏။
သံအမတ်မင်းများကလည်း အားရနေကြသည်ပေါ့။
ဝန်မင်းခမျာ လူတူလေးတွေအတွက် ရာသီဥတုအထိပါ ထည့်တွက်ပြီး မျှော်နေရရှာသည်။
အမြန်ပြန်လာပါက ပိုကောင်းတာပေါ့ဗျာလို့တောင် ခပ်ဆွေးဆွေးလေး ဖြေနေသေးသည်မဟုတ်လား။
ပြည်တွင်း စစ်ဘေးရှောင်များစခန်းဘက် ခြေဦးလေး တစ်ချက်လောက်လှည့်လိုက်စေလိုပါသည်လေ။
သားမောင်တစ်နေ့တာ သတင်းများ လှောင်ပြောင် ထေ့ငေါ့တာ နားချိန်ကျပြီ မှတ်ပါသည်။
နောက်တစ်နေ့ကျ ပြန်ဆုံကြမည်ပေါ့။
အခုညတော့ လက်ပြနုတ်ဆက်အပ်ပါသည်။
ကျေးဇူးလည်း အများကြီး တင်ပါသည်ပေါ့။
Smt24
Smt-18 this post i see myanmar font ma man buu hee
This post has received a 100 % upvote from @min2thant (S M T 33)
.
SMT 32
SMT 5
Smt 29
Smt-26 done
SMT-19
smt 27 done
Smt23@botint
World of Photography Beta V1.0
>Learn more here<
You have earned 5.15 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.03
Server time: 09:10:54
Total XP: 30.50/100.00
Total Photos: 6
Total comments: 0
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by kmmt from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Smt31