” ညီမလေးများ သို့ ” *************

in #esteem7 years ago

image
ညီမ​လေးတို့ ရေ… ဘဝမှာ လူတစ်ယောက်နဲ့ စခင်တယ် အပြင်​​မှာ တွေ့ကြတယ်​ ချစ်​သူ​တွေ ဖြစ်​ကြတယ်​ .. တ​နေ့မှာ လက်​ထပ်​ကြမယ် ​ဆိုပြီး .. စိတ်​ကူးယဉ်​ အိမ်​မက်​​တွေလည်း မက်​ဖူးတတ်ပါတယ်​ ။

ချစ်​သူ သက်​တမ်း (၆) လပြည့်​မှာ သူက နောက်​တစ်​​ယောက် ​ထပ်​တွဲတယ်​ .. သူက နောက်​တစ်​​ယောက်​နဲ့ ဖောက်​ပြန်​တယ်​ တဲ့လား .. လက်​ထပ်​ပြီးမှ မယားငယ်​ရှာတယ်​ ဆိုတာထက်​စာရင်​ ညီမ​လေး အများကြီး ကံ​ကောင်းပါတယ်​ကွယ်​ ။

သူ့ကို ဘဝ​တွေ​ပေးပြီး ချစ်​ခဲ့တယ်​ ဟုတ်​လား ! မိုက်​လိုက်​တာ လို့ မ​ပြောရက်​ပါဘူး .. လွန်​ခဲ့ပြီးခဲ့တဲ့ အ​ခြေအ​နေကို ဘာလိုမှ ပြောင်းလဲလို့မှ မရ​တော့ဘဲ .. ချစ်​လွန်းလို့ လိုက်​​လျော​ပေးခဲ့တာ မမှားဘူး .. တကယ် မယူနိုင်​ဘဲ အတူ​နေဖို့ တောင်းဆိုတဲ့ သူက ရှက်​ရမှာပါ ။

မိဘ​တွေနဲ့ အတိုက်​အခံ လုပ်​ပြီးချစ်​ခဲ့တယ်​ .. ဖြစ်​တတ်​ပါတယ်​.. တကယ်​ ချစ်​ပြီဆိုရင်​ အားလုံး စွန့်​လွှတ်​ပြီး ရင်​ဆိုင်​ဖို့ အသင့်ရှိကြတာ မိန်းက​လေး တော်​​တော်​များများရဲ့ ခံယူချက်ပါ။

image
ကိုယ်​တို့နှစ်​​ယောက်​ရဲ့ အ​ခြေအ​နေကို တဖက် ​မိန်းက​လေးကို ပြောပြတယ်​ .. ဟိုဘက်​ကလည်း နောက်​မဆုတ်​ဘဲ ရှေ့ဆက်​တိုးမယ် ​တဲ့လား .. တိုးပါ​စေကွယ်​ .. ကိုယ့်​ရဲ့လူက ဟိုကို ဘယ်​လိုချုပ်​ထားလဲ ကိုယ်​မှ မသိရတာ .. တဖက်​ မိန်းက​လေးကိုလည်း အပြစ်​မမြင်​ပါနဲ့ ။

ဘယ်​လိုမှ တားလို့မရလို့ ကိုယ့်လက်​ကို ကတ်​​ကြေးနဲ့ ပြန်​ထိုးသတဲ့လား .. မိုက်​ရူးရဲ ဆန်​လိုက်​တာ လို့​ပြောချင်​​ပေမယ့်​ ခံစားရလွန်းလို့ လုပ်​တယ်​ဆိုတာ နားလည်​​ပေးလို့ ရပါတယ်​ကွယ်။

ညီမ​လေး..
ညီမ​လေးက ချစ်​သူ အတွက်​ ပူပင်​​သောက ရောက်​​နေတဲ့အချိန်​ .. ညီမ​လေးကို ကြည့်​ပြီး စိတ်​မ​ကောင်း ဖြစ်နေကြတဲ့ မိဘ ဆွေမျိုး မောင်​နှမ တွေရဲ့ မျက်​နှာကို ပြန်​မြင်ယောင်​ကြည့်​ပါ ။

ကဲ .. ဟုတ်​ပြီ.. မ​တွေး​ဘဲ ခေါင်းထဲ ရောက်​လာတတ်​တဲ့ သူတို့အ​ကြောင်းကို မစဉ်​စားမိ​အောင်​ ဘယ်​လို​နေရမလဲ ပြောပြမယ်​ ။

~သူတို့အ​ကြောင်း မ​တွေးမိ​အောင်​ ဂိမ်း ဒါမှမဟုတ်​ ကိုယ်​စိတ်​ဝင်​စားတဲ့ စာအုပ်​ တစ်​ခုခုနဲ့ အာရုံ​ပြောင်းပစ်​ပါ ။

~သူတို့ကို သတိမရ​အောင်​ အိမ်​မှာရှိတဲ့လူ​တွေ ဒါမှမဟုတ်​ သူငယ်​ချင်း​တွေနဲ့ စကားစမြည်​​ပြောပါ ။

~အဆင်​​ပြေရင်​ အလုပ်​လုပ်​တာ ဒါမှမဟုတ်​ သင်​တန်း တစ်​ခုခုကို တက်​ပါ ။

သူများအ​ကြောင်း တွေးမိတယ်​ ဆိုတာ ကိုယ့်​ရဲ့အားလပ်​ချိန်​က များ​နေလို့ပါ .. ကိုယ့်​ရဲ့ အချိန်​​တွေကို အကျိုးရှိမယ့် နေရာ​တွေမှာ သုံးပစ်​လိုက်​စမ်းပါ ။

ပြောချင်​တာက အများကြီး မဟုတ်​ဘူး .. နောက်​ ၃ လ​လောက် ​ကြာချိန်​မှာ သူတို့ နှစ်​​ယောက်​ရဲ့ ဘဝနဲ့ ကိုယ့်​ရဲ့ဘဝ ဘယ်​လိုဖြစ်​မလဲ ဆိုတဲ့ စိတ်​နဲ့ ကြိုးစားကြည့်လိုက်​ပါ ။

ယုံတယ်​ .. အဲ့ဒီအချိန်​ကျရင်​ နာကျင်​မှု​တွေ အများကြီး ခံစားခဲ့ရတဲ့ ညီမ​လေးရဲ့ဘဝက .. အရင်​ကထက်​ အစစအရာရာ အများကြီး သာ​နေလိမ့်​မယ်​လို့ ။ တခဏတာ နာကျင်​မှုကို ဘဝအတွက်​ ခွန်​အားလို အသုံးပြုတတ်​ပါ​စေ ညီမလေးရေ။

Sort:  

esteem ကို tag တွဲရုံ့ လုံလောက်ပါတယ် @good-karma မလိုပါဘူး

ဟုတ်

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by Ko Shine from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.