အဟာရနှင့် ကျန်းမာရေး
မနက်က ကွမ်းစားလို့ ခံတွင်းကင်ဆာ ဖြစ်နေတဲ့သူ
ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတွေ
Post အနေနဲ့ တက်လာတာ တွေ့လိုက်တယ်
ကွမ်းစားရင် ကင်ဆာ ဖြစ်စေတယ်ဆိုတာ
သိကြပေမယ့်
တကယ်ဖြစ်ဖူးမှ လူဆိုတာ လက်ခံတာမျိုးဗျ
တကယ်တော့ ကွမ်းရယ်မှ မဟုတ်ပါဘူး
ခန္ဓာကိုယ် ရဲ့ ဆဲလ်တွေကို ဒုက္ခပေးနိုင်တဲ့
Free radical ဓာတ်တိုးပစ္စည်းတိုင်းဟာ
ကင်ဆာဖြစ်စေမယ့် အကြောင်းရင်းတွေပါပဲ
အချိန်စောတာနဲ့ နောက်ကျတာပဲကွာသွားတာ
ကျနော်တို့ နိုင်ငံအနေနဲ့ကတော့
လူ၁၀၀ မှာ ၈၀ လောက်က ကင်ဆာ ဖြစ်ဖို့
အလားအလါအရှိဆုံးပဲ
ဇီဝ ကမ္မ ဖြစ်စဉ်အရကိုက
ရှူနေတဲ့ လေ စားနေရတဲ့ အစားအသောက်တွေဆီကနေ
နေ့စဉ် free radical တွေ ရ ရှိနေကြတာ
နေ့စဉ် ဆဲလ်တွေ ပျက်စီး နေကြတာ
ဒါကြောင့် ဗုဒ္ဓ ဘုရား ဟောခဲ့တဲ့အထဲမှာ
မနေ့က ရုပ်အဟောင်း ဒီနေ့က ရုပ်အသစ်လို့
ပါလာတာ
အစကတော့ နားမလည်ဘူး
ဆေးပညာ နားလည်သွားမှ
သဘောပေါက်သွားတာ
ဆဲလ်တွေ က နေ့တိုင်းသန်းချီ ပျက်ဆီးနေတာ
ပြီးရင် သန်းချီ ပြန်မွေးဖွားလာကြတာ
အိုမင်းမှုဆိုတာကို ချက်ခြင်းမသိသာတာက
အချိန် ကြောင့်ပဲ
နေ့တိုင်းပျက်စီးနေ့တိုင်းအသစ်ပြန်ဖြစ်လာတဲ့ ဆဲလ်တွေကြားမှာမှ
မူမမှန်တဲ့ ဆဲလ်တွေ မွေးဖွားလာမှုက
ကင်ဆာ ကို ဦးတည်နေစေတာပါပဲ
လူ့ ဇီဝသဘောအရ
သဘာဝကပေးထားတဲ့
ကိုယ်တွင်း antioxidant တွေ ဆိုတာရှိတယ်
ထိုအရာတွေကပဲ free radical တွေကို
ပြန်ကုစားပေးနေကြရတာ
အဲ့ သဘာဝ antioxidant ဆိုတာကို
ထုတ်ပေးနိုင်ဖို့
လူမှာ သင့်တော်တဲ့ အာဟာရ ရှိဖို့လိုတယ်
အဲ့ အာဟာရ ကို အစားအသောက်ကရတယ်
ခက်တာက မြန်မာ ပြည်မှာ
အစားအသောက်အားလုံးက
ဓာတုအဆိပ် သင့်နေတာချည်းပဲ
ဆန် က အစ အသီးအရွက် သားငါး အဆုံး
ဓာတု ကင်းတာမပါဘူး
အဲ့ တော့ နဂိုသဘာဝအရ
ဆဲလ်တွေ အလိုလိုပျက်စီးအလိုလိုမွေးဖွားတဲ့စနစ်ကို
ကုစားပေးနေတဲ့ အာဟာရဓာတ်ကအစ
အဆိပ်သင့်နေတော့
ဒီကလူတွေ အသက်၄၀ ၅၀ လောက်မှာ
ရောဂါပေါင်းစုံ စုပြုံ လက္ခဏာ ပြလာကြတဲ့
ပြသနာ ပေါ်လာတာပါပဲ
ဒီနိုင်ငံမှာ ရှိတဲ့ လူချမ်းသာတွေ
သူတို့အိမ်မှာ စားသောက်နေတဲ့
ဆီဆန်ဆားက အစ
သာမန်ပြည်သူ စားနေတဲ့ ပုံစံ နဲ့
တူမယ် မထင်ပါနဲ့
ချမ်းသာလေ သေမှာ ကြောက်လေပါပဲ
ဒါကြောင့် လူချမ်းသာအများစုက
ကျန်းမာရေးအသိနောက် လိုက်ကြတယ်
အစားအသောက်အနေအထိုင်ကအစ
ကျန်းမာရေးအတိုင်ပင်ခံ ထားကြတယ်
ပြည်သူမှာ ရွေးချယ်စရာ မရှိတဲ့ကြားထဲ
ဗဟုသုတ က မရှိရင်
အကုန် ဓားစာခံ ချည်းပဲ
ဒါကြောင့်
ကိုယ့်အသိနဲ့ ကိုယ်သာ
ဦးဏှောက် ရှိအောင် လုပ်ပါ
ချမ်းသာအောင်လုပ်ပါ။
ခရစ်တို ထံမှ ကူးယူသည်။
photo: facebook