ကိုယ့်ကိုကိုသာ အသိဆုံးဘဲ...ငါဘာတတ်လဲအရင်မေး....ပညာရေးစနစ်က လွန်ခဲ့တဲ့ နှစ်၂၀ ကတည်းက စုပ်ပြတ်နေတာ...ခဗျားတို့လဲ အီးယောင်ဝါး...ကျနော်လဲ အီးယောင်ဝါးဘဲ...ဘာအဆင့်မှမရှိဘူး....... ပြောရင်း အသားတွေ တဆတ်ဆတ်တုံတယ်......နေဝင်း.သန်းရွှေ.သိန်းစိန်...ပြောရင်းဒေါသတွေထွက်တယ်...အဲ့ခေတ်ကညာရေးအတွက်စိတ်တောင်မကောင်းဘူး....လစာ ၂သိန်းကျော်တောင် အခု အစိုးရသစ်တက်လာလို့ဖြစ်လာတာ...အဘတွေလက်ထက်က အကြွေးတွေကနဲဘူးရယ်...အမျိုးဘာသာသာသနာအော်တယ် ရွေီဝါရောင်တော်လှန်းရေး...လက်ပန်းတောင်း..88 အရေးခင်း......အမှန်မမြင်ဘဲ တဖက်ပိတ် အဘဖြစ်နေတဲ့သူတွေ ခုထိ မြန်မာပြည်မှာ ရှိနေတာ အံ့ပဗျာ....အခုအစိုးရသစ်က အရှုပ်တော်ပုံကြီးလဲ ရှင်းရ တိုးတက်အောင်လဲ ကြံရ...ကြားထဲ လှည့်ကွက်တွေနဲ့ တိုင်းပြည်ဆူအောင်လုပ်နေတဲ့သူကို ဘောမနေတဲ့သူတွေကို အံ့သြတယ်ဗျာ....ပြောရင်းအသားတွေတောင် တဆတ်ဆတ်တုံတယ်...အခုစနစ်သစ်က အကျင်ပျက်နေတဲ့ ဆရာမတွေနဲ့ကိုက်တယ် အကျင့်ပျက်တယ်ဆိုတာက....သင်ကြားရေးတခုနဲ့ အရာရာကို သူအသိသူအတတ်လုပ်တာပြောတာ.....ပညာရေးအတွက် သူ့တို့ရဲ့ စိတ်လည်းပြင်ပြီးသားလဖြစ် အပိုးလဲကြိုးတယ်.....ဆရာမလုပ်စက ရိုးသားတယ် ဖော်ရွေတယ် ဇီးပင်ကြီးပြန်လာရင် စောက်ကျင့်တွေက ပျက်ရော...အမဝမ်းကွဲတယောက်တောင် အရာရာသူအသိသူအတတ် လုပ်လွန်းလို့မနေ့က သွားဆဲပေးထားတယ်...
စာအုပ် linkလိုက်ရှာနေတုန်း
ပက်ကေ့ခ်ျကုန်သွားတယ်
ဆက်ရှာတယ်
ဖတ်ချင်တဲ့ စာအုပ်တွေ ဒေါင်းနေတုန်း ဘေလ်ပါကုန်သွားတယ်....
ထူးပါဘူးလေ....အိပ်တာပဲ ကောင်းပါတယ်...
မရလည်း ရှိတာ ဖတ်မှာပေါ့လို့ ဖြေတွေးနဲ့ အမ်ပီတီကို မျက်စောင်း အကြီးကြီး ထိုးပြီးမှ အိပ်လိုက်တယ်...
(ဝေနေယျတို့ကို မေတ္တာပို့တဲ့အထဲ အဲ့မှာတောင် အဲ့ကောင်ကို ချန်ထားပစ်ခဲ့တယ်....ဟွင်း...ဘာမှတ်လဲ....
ငါကွ...)အိမ်အကူတွေ နှိပ်စက်ခံရတဲ့အမှုတွေ ခပ်စိတ်စိတ်ကြားလာရတာ ဆက်တိုက်ပဲ။
အင်းဝအမှုကတော့ ကျူးလွန်သူ မိသားစုလိုက်ကို
နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပစ်ခဲ့တယ်။
ဒါပေမယ့် အမှုတွေက ရပ်မသွားခဲ့ဘူး။
အခု ဥပဒေရုံး အဆင့်၎ဒုဦးစီးမှူးတစ်ယောက်ရဲ့ အိမ်မှာ
နှိပ်စက်ခံရတဲ့ အိမ်အကူဟာ သေဆုံးသွားခဲ့ပြီ။
လူမသေခဲ့တဲ့ အင်းဝအမှုထက်ဆိုးတဲ့
လူသေတဲ့အထိ နှိပ်စက်ခဲ့တဲ့အမှုကို ဘယ်သူမို့ဘယ်ဝါမို့ ဥပဒေက ကျောသားရင်သားခွဲခြားနေဦးမှာလား စောင့်ကြည့်ရဦးမယ်။
ကျူးလွန်သူရဲ့ အိမ်ထောင်ဖက်က အဖွဲ့အစည်းတစ်ခုက ဖြစ်နေတာနဲ့ ရွှေတောင်ကြားထဲက ကလေးကြိုးတုတ်ရိုက်တဲ့အမှုလို လွင့်ပါးသွားမလား စိုးရိမ်စရာတော့ရှိတယ်။
အံ့သြတာတစ်ခုက ရိုက်နှက်နှိပ်စက်တဲ့အထိ ထွက်မပြေး မပြန်ရဲတဲ့ အိမ်အကူတွေအကြောင်း။
ကိုယ်လည်း အိမ်အကူခေါ်ရပါတယ်။
အလုပ်များတဲ့အတွက် အိမ်မှုကိစ္စတွေအတွက် အကူတစ်ယောက်လောက်တော့ မဖြစ်မနေခေါ်ရတာပဲ။
အိမ်အကူဆိုတာ ရွှေထက်ရှားတယ်ဆိုရင် ယုံမလားဟင်။ ရွှေကမှ ပိုက်ဆံရှိရင် ကြိုက်တဲ့အချိန် ဝယ်လို့ရတယ်။ အိမ်အကူကတော့ ရှိခိုးဦးတင် ပင့်ရပါတယ်။
ရိုက်ဖို့နှက်ဖို့ မပြောနဲ့ လေသံမာမာပြောမိရင်တောင်
ပြန်ပြေးမှာစိုးလို့ ကိုယ်တွေမှာ မျက်နှာရိပ်မျက်နှာကဲ ကြည့်နေရတယ်။
ဘာပြသနာမှမရှိရင်တောင် နှစ်လတစ်ခါလောက် ပြန်မယ်လုပ်ရင် လစာတိုးပေးပြီး အတင်းပြန်ဆွဲထားရသေးတယ်။
ကြုံဖူးတယ်။
ဘယ်အိမ်ရှင်ကမှ အိမ်သော့မအပ်ပေမယ့် ကိုယ်တွေကတော့ တံခါးပိတ်ထားခဲ့ရင် အရေးအကြောင်းဆိုရင်ဒုက္ခလို့ ကိုယ်ချင်းစာလို့ အိမ်သော့ပေးခဲ့တာ ကိုယ်အပြင်ထွက်တာနဲ့ ရည်းစားအိမ်ပေါ်ခေါ်တင်တာတို့၊
ကိုယ်နဲ့တန်းတိုးတော့ သူ့အကောင်က ရန်ပြုချင်သလို ဘာလိုလို လုပ်တာတို့။
ကိုယ့်မှာ ရှိခိုးဦးတင် မနည်းပြန်လွှတ်လိုက်ရတယ်။
ကောင်းကောင်းမွန်မွန် အိမ်ပြန်ရောက်ပြီဆိုမှ သက်ပြင်းချနိုင်တယ်။
အဲ့လောက်ရှားပါးလွန်းတဲ့ အိမ်အကူရွှေခေတ်မှာတောင်
ရိုက်နှက်နှိပ်စက် လက်တွေချိုးတာတို့ နောက်စေ့ကို ကျောက်ပျဉ်နဲ့ထုတာတို့အထိ သမတာတောင် ထွက်မပြေးရဲတာ ဘယ်လိုအချုပ်အနှောင်တွေများ ရှိနေလို့ပါလိမ့်။
ဘာပဲဖြစ်ဖြစ် အိမ်အကူကဆိုးသည်ဖြစ်စေ အိမ်ရှင်ကဆိုးသည်ဖြစ်စေ လူလူချင်းညှင်းပန်းနှိပ်စက်ခြင်းပြုတာ
လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။
လူသေတဲ့အထိ ရိုက်နှက်နှိပ်စက်တာကတော့ ဆိုးဝါးလွန်းအားကြီးပါတယ်။
ဥပဒေရုံးက အရာရှိကိုယ်တိုင် ဥပဒေကို ချိုးဖောက်ပြီး
နှိပ်စက်သတ်ဖြတ်မှတော့ဖြင့်ကွယ်
😔😔😔
Photo crd..
သင့်အား ကျနုပ်မှ ဗုတ် မန့် ဖလိုး ပြုလုပ်ပေးထားပါသည်။ တစ်ဖန်ပြန်၍ ကျနုပ်အား ဗုတ် ဖလိုး မန့် ပြန်၍ပေးခဲ့ပါ...
မပြောသေးဘူး ကြည့်နေတယ်။ ဗုတ် မန့် ဖလိုး ပြုလုပ်ပေးထားပါသည်။ တစ်ဖန်ပြန်၍ ဗုတ် ဖလိုး မန့် ပြန်၍ပေးခဲ့ပါ... မပေးရင် လာသက်မည်။
Congratulations @linnthu! You received a personal award!
Click here to view your Board of Honor
Congratulations @linnthu! You received a personal award!
Thank you for taking part in the early access of Drugwars.
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!
Hello linnthu, welcome to Partiko, an amazing community for crypto lovers! Here, you will find cool people to connect with, and interesting articles to read!
You can also earn Partiko Points by engaging with people and bringing new people in. And you can convert them into crypto! How cool is that!
Hopefully you will have a lot of fun using Partiko! And never hesitate to reach out to me when you have questions!
Cheers,
crypto.talk
Creator of Partiko