ကျမ်းနဲ့ အညီ

in #esteem7 years ago (edited)

တခါတ​လေ ဖုန်းလှမ်းဆက်​မလို့ပါပဲ။
နေ​ကောင်းလား ဘာညာ​ပေါ့။
ပီး​တော့ ဘာဆက်​​ပြောရမှာလဲ ဟန်​နီ။
မင်းနဲ့စကား​ပြောဖို့က ဘာလိုလဲ ငါမသိ။

ငါတို့​ပြောကြရမယ့်​ စကားလုံး​တွေဟာ
ph7 အမှတ်​ ဖြစ်​သင့်​တယ်​တဲ့ တချို့က။
ငါးပါးသီလ နဲ့ ကင်းလွတ်​​ကြောင်း ကျမ်းစာအုပ်​​တွေနဲ့ ​ကော တိုက်​ကြည့်​ရဦးမှာလား။
သမ္မာ​ဒေဝ နတ်​​ကောင်းနတ်​မြတ်​​တွေဆီက ​ထောက်​ခံချက်​လို​သေးတာလား။
နှစ်​​ယောက်​စာကြားရုံပဲပြောရင်​ကျ​တော့​ကော
ဘယ်​သူ့ဆီက ခွင့်​ပြုချက်​လိုပါလိမ့်​။
-
မြန်​မာ့ရိုးရာ ယဉ်​​ကျေးမှုနဲ့ အညီ
ဘောလုံးပွဲ​တွေအ​ကြောင်း​ပြောကြရင်​​ကော
တချိန်​က ငါ့အကြိုက်​ဆုံး မန်​ယူဆိုတာ အခု မဟုတ်​​တော့ဘူး။
ဗန်​ဂိုးပန်းချီကား​တွေလဲ ပျင်းသွားပီ။
ဦးသန်းထွန်း ကဗျာ​တွေရဲ့ အရသာ​က သူ​ဖျော်​တဲ့ လဖက်​ရည်လိုပဲဆိုတာ​။
သူများ​သောက်​တဲ့ ​ဆေးလိပ်​​ငွှေ့​တွေက ​ခေါင်းကို ခဲပါရဲ့။

မင့်​မျက်​လုံးနဲ့ နှုတ်​ခမ်း​တွေရဲ့ အ​ကြောင်းကို​တော့ ငါထည့်​​ပြော​လို့မရဘူး။
သွေး​ကြော​တွေထဲမှာ တဒိတ်​ဒိတ်​ခုန်​​နေတဲ့ အရာရဲ့ အ​ကြောင်းကို​ရောပဲ။
ဒီကဗျာက ကျမ်းနဲ့ အညီဖြစ်​တယ်​။
.....
#ကျမ်းနဲ့အညီ

SMT 33
Monywa image #min min thant