"လမ်းကြောင်းအသစ်ထွင်သူများ အတွက်"

in #esteem7 years ago (edited)

သင် တမူထူးခြားတာ တစ်ခုခုစလုပ်ပြီဆိုရင် ပတ်ဝန်းကျင်မှာ သင်ကြုံတွေ့နိုင်တာလေးတွေ ရှိပါတယ် …

၁။ ပထမဦးဆုံး သူတို့ သင့်ကို လှောင်ကြပါလိမ့်မယ် …

သင်လုပ်နေတဲ့ အလုပ်နဲ့ ခိုင်မာမှုအခြေအနေကို သင်ပဲ နားလည်ပါလိမ့်မယ်။ သင့်ဖက်က သေချာအောင်သာ ပြင်ဆင်ပြီး ရလဒ်ထွက်တဲ့အထိ ကြိုးစားပါ။ အဲဒီလို လှောင်ပြောင်ကြတာတွေကို ဂရုစိုက်နေမယ်ဆိုရင် ကမ္ဘာပေါ်မှာ လေယာဉ်ပျံတွေ၊ လျှပ်စစ်မီးတွေတောင် ပေါ်လာစရာ အကြောင်းမရှိဘူးဆိုတာကို ဂရုပြုပါ။ လူတွေကို အကျိုးပြုတာသေချာပြီး ကျင့်ဝတ်နဲ့ ညီညွတ်တယ်ဆိုရင် သင်လုပ်စရာ ရှိတာသာ ရှေ့ဆက်ပြီး လုပ်သွားပါ။ လှောင်ရယ်သံတွေကို အားပေးမှုတစ်မျိုးလို့ သဘောထားပါ။ သင်လုပ်နေတာသာမှန်ရင် တစ်ချိန်မှာ သင့်ကို ၀န်းရံသူတွေ အများအပြားရှိလာပါလိမ့်မယ်။

၂။ ပြီးရင် သူတို့ သင့်ကို မုန်းလာကြပါလိမ့်မယ် …

မူလသွားနေတဲ့လမ်းကြောင်းကနေ သွေဖီပြီး နောက်တစ်ခုကို သေချာကူးပြောင်းပြီ၊ အလုပ်လည်း ဖြစ်လာပြီဆိုရင် လူတစ်ချို့က လှောင်ရယ်တာကနေ တိုက်ခိုက်တဲ့အဆင့်ကို ပြောင်းလဲလာကြလိမ့်မယ်။ ဒီနေရာမှာ ၂ မျိုးရှိနိုင်တယ်။ ဥပမာ - သင်သာ မြန်မာထမင်းဆိုင်ဘေးနားမှာ ကြက်ကြော်ဆိုင် သွားဖွင့်ရင် သင့်ကို လက်ဆွဲနှုတ်ဆက်နိုင်တဲ့ မြန်မာထမင်းဆိုင်လုပ်ငန်းရှင်ရှိနိုင်သလို လူတွေက ကြက်ကြော်စားပြီးရင် မြန်မာထမင်းမစားတော့ဘူးဆိုပြီး သင့်ကို မရှုစိမ့်တဲ့ ထမင်းဆိုင်လုပ်ငန်းရှင်လည်း ရှိနိုင်တယ်ဆိုတာ ဂရုပြုပါ။ လူ့သဘာဝအရလည်း ပြောင်းလဲမှုကို ဆန့်ကျင်တတ်ကြပါတယ်။ သင့်ဖက်က အတတ်နိုင်ဆုံး ပညာသားပါပါနဲ့သာ စိန်ခေါ်မှုတွေကို ဖြေရှင်းပါ။

၃။ ပြီးရင် သင်လုပ်တာတွေကို သူတို့လိုက်လုပ်လာကြလိမ့်မယ် …

ဒီလိုနဲ့ သင်လုပ်ရင်းကိုင်ရင်း သင်လုပ်တဲ့လုပ်ငန်းက ပုံကျလာပြီ အမြတ်အစွန်းရလာပြီဆိုရင် ရွှေဝါပြည်သားတွေ ထုံးစံအတိုင်း အခုနက ဥပမာအရ ဘေးနားက မြန်မာထမင်းဆိုင်တွေက အသည်းအသန် ကြက်ကြော်ဆိုင်တွေ လိုက်ဖွင့်လာကြလိမ့်မယ်။ နဂိုက ပြောခဲ့တာ သူတို့မဟုတ်သလိုလို သူတို့ကြက်ကြော်က နတ်ပြည်ကမှာထားသလိုလို လုပ်ပြီး သင့်လုပ်ငန်းကို ကော်ပီလုပ်လာကြလိမ့်မယ်။ အဲဒီတော့ သင်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်မယ်ဆိုရင် အဲဒီအဆင့်မတိုင်ခင် နောက်ထပ် differentiate လုပ်စရာကို ရှာထားပါ။ ဒါဆိုရင် သင်ဆက်ပြီး ဦးဆောင်နေမှာ သေချာပါတယ်။

တစ်လက်စတည်း ပထမအဆင့်တွေမှာ ကြုံတွေ့နိုင်တဲ့ ဝေဖန်မှုတွေကို ကျော်လွှားဖို့ နည်းလမ်းတစ်ချို့ကိုပါ တစ်ဆက်တည်း ဝေမျှချင်ပါတယ်။

၁။ ကိုယ်က ဘာလဲ၊ ဘာမဟုတ်ဘူးလဲဆိုတာကို သိပါ။

ကိုယ်ဘာတွေ ကောင်းကောင်း လုပ်တတ်လဲ၊ ဘာတွေမှာ အားနည်းလဲဆိုတာကို သိရပါမယ်။ အနည်းဆုံး ၃ ခုစီ ချရေးကြည့်ပါ။ ဒါဆိုရင် သင်ကိုယ်တိုင် သင့်ကိုယ်သင် ပြန်သိလာပါလိမ့်မယ်။

၂။ ဝေဖန်မှုတွေထဲမှာ ၂ မျိုးရှိပါတယ်။

ပထမတစ်ခုက သူတို့သင်လုပ်နေတာတွေကို မသိပဲ မတရားသဖြင့် ဝေဖန်တာ ဖြစ်နိုင်တယ်။ မမှန်ဘူး။ ဒုတိယတစ်ခုကတော့ သူတို့ပြောတာဟာ သင့်အားနည်းချက်တွေကို တည့်တည့်ကြီးမှန်တာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကို သင်ဘာလုပ်ရမလဲ နားလည်ဖို့ လိုပါတယ်။

ပြောင်းလဲစရာရှိတာတွေကို ပြောင်းလဲပါ။

၃။ သင့်ကိုယ်သင် မေ့ထားပါ။

ကျွန်တော်တို့ တစ်သက်လုံး တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲ စိုးရိမ်ပူပန်ပြီး နေလာရတယ်တဲ့။ သူအသက် ၆၀ ကျော်လာချိန်မှာ သိလာတာကတော့ လူတွေက သူ့ကို အဲဒီလောက်လဲ ဂရုမစိုက်လှပါဘူးတဲ့။

အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သိပါ၊ ပြင်စရာရှိတာပြင်ပါ၊ သင့်ကိုယ်သင် မေ့ထားပါ။

နောက်ဆုံးမှာတော့သင် မှန်တယ် ထင်တဲ့အတိုင်း သင်လုပ်စရာရှိတာတွေကို ဆကိလုပ်ပါတဲ့။

အဲဒါကတော့ John C. Maxwell ပြောတာ ဖြစ်ပါတယ်။

Tony Robbins ရဲ့ Unleash The Power Within သွားတက်တုန်းက ကမ္ဘာ့အဆင့်မှီ နာမည်ကြီး Coach တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက NLP ကိုလည်း အချိန်စောစောကတည်းက သင်ကြားနေသူ ဖြစ်တယ်။

သူ့ကို ကျွန်တော် မေးတယ်။ အကယ်၍ ကိုယ်လုပ်နေတာ မှန်နေကြောင်း ကိုယ်ရော ကိုယ်ဝန်ဆောင်မှုပေးနေသူတွေ အများစုရော သိနေပါလျက်နဲ့ ဝေဖန်ခံရမှုတွေ ကြုံလာရင် Negative Emotion ကို ဘယ်လိုဖြေရှင်းရမလဲ ကျွန်တော်မေးတယ်။

သူက ဖြေပါတယ်။

ဒီလိုဖြစ်လာရင် သင့်ကို ဝေဖန်တဲ့သူတွေမှာ Resources မလုံမလောက်ဖြစ်နေတယ်လို့ ယူပါ။ သူတို့ကို compassionate ဂရုဏာသက်ပါ။ သင်လုပ်စရာရှိတာ ဆက်လုပ်ပါတဲ့။ ဒါကတော့ NLP ထဲက Reframing Tool နဲ့ သူပြောတာ ဖြစ်ပါတယ်။

ဒီစာလေးက တစ်စုံတစ်ရာ လမ်းကြောင်းအသစ်တစ်ခုကို စတင်သူများအတွက် အားပေးမှုလေး တစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်။
image
SMT(51)

Sort:  

Done

SMT 75

Follow me

@mamaeainjal

SMT-74
Good bro

ဟုတ်thz bro

SMT67
that right moesat
လူသဘော လူ့လောကကြီးကဒီလိုပါဘဲညီရာ
တစ်ဦးနဲ့တစ်ဦး အမြင်တွေမတူညီကြပါဘူး

ဟုတ်တယ်ဗျ

SMT68
Good

ဟုတ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by moesat99 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မှတ်ထားပါမယ်
smt63

ဟုတ်​အကို