ဆွမ်းကပ် ဆွမ်းချက် ဟင်းချက်နည်းများ
ကျွန်တော်တို့ ရပ်ကွက်မှာ အလှူအတန်းရက်ရော၍ စတုဒိသာ လူအယုတ်အလှအမြတ်မရွေး ထမင်းကျွေးလေ့ရှိပါသည်။ ဒါကြောင့် ကျွန်တော်တို့မှာ ထမင်းချက်နည်း ဟင်းချက်နည်းတွေကို ကိုယ့်ရှေ့က အကိုများ ဟင်းချက်တာ ကိုယ့်ကိုတိုင်လည်း ဟင်းချက်ရင်း သင်ကြားသလို စိတ်ထဲကလဲ မှတ်သားထားရပါတယ်။ရပ်ကွပ်ထဲက အလှူ့ ရှင်များကလည်း ကျွန်တော်တို့လို ပရဟိတဝေယျာဝစ္စသမားတွေကို တရိုတသေဖိတ်ကြား၍ ဆွမ်းကပ်ပွဲ အလှူပွဲများ စတုဒိသာကျွေးပွဲများကို ထမင်းဟင်းချက် ခိုင်းလေ့ရှိပါသည်။ကျွန်တော်တို့ကလည်း အလှူ့ ရှင်များကုသိုလ်ယူသလို ကျွန်တော်တို့ဘက်ကလည်း တာဝန်လည်းကျေ ကုသိုလ်လဲရသဖြင့် ဒီအလုပ်ကို စိတ်ပါလက်ပါ လုပ်ဆောင်ကြပါတယ်။ပြီးတော့ ပုထုဇဉ်လူသားများဖြစ်၍ မိမိတို့အဖွဲ့ ထမင်းဟင်းချက် ဘယ်လောက်ကောင်းသလဲ သိစေခြင်တဲ့ ကြွားဝါစိတ်လည်းပါဝင်ပါတယ်ပေါ့ဗျာ..ဟားဟား.. ဒါကြောင့်လည်း ဟင်းချက်နည်းမျိုးစုံကို လူတွေဆီမှာသော်လည်းကောင်း စာအုပ်တွေထဲကသော်လည်းကောင်း ကြိုးစားပန်းစား သင်ကြားကြရပါသည်။စနစ်တကျသင်ကြားမှ ထမင်းဟင်းစားသူတို့ စိတ်ကျေနပ် အရသာရှိမှ သင်ရကြိုးနပ်သလို နာမည်ကြီးတဲ့ ပိတိတွေလည်း ဖြစ်စေခြင်ပါသည်။ပေါ့ပေါ့တန်တန်လုပ်လျှင် စားရသူအရသာပျက်သလို ကျွန်တော်တို့လည်း နာမည်ကောင်းမရရှိမှာဖြစ်သလို အလုပ်လည်းပင်ပန်း ကုသိုလ်လည်းမရ ဖြစ်မှာစိုးရိမ်ပါသည်။
ဝက်သားပေါင်းချက်နည်းလေးပြောပြပေးမယ်လေ...ပါဝင်သောပစ္စည်းများ
ဝက်သား =၂၅ကျပ်သား
ကြက်သွန်နီဖြူ =၃ဥစီ
ဘဲဥ =၂လုးံ
ပဲငံပြာရည် =ကြွေဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် =လက်ဘက်ရည်ဇွန်း ၁ဇွန်း
မုန့်ကြွပ်မှုန့် =လက်ဘက်ရည်ပန်ကန်တစ်လုးံ တို့ဖြစ်ပါသည်။ ..ဝက်သားကို နုပ်အောင်စဉ်းပါ အသားနှင့်ကြက်သွန်ညက်လျှင် မုန့်ကြွပ်မှုန့် ဘဲဥ ငရုတ်ကောင်းမှုန့် ပဲငံပြာရည် သင့်ရုံထည့် ပေါင်းရုးံပြီး နာနာနယ် ခရမ်းချဉ်သီးသုးံလုးံလောက် အစေ့ညှစ်ထည့် ဆီသုတ်ထားသော ဇလုံစောက်ထဲမှာဖြစ်စေ ထည့်ပါ။ပေါင်းရန်ထည့်ထားသော ပန်းကန်(သို့)ချိုင့်နှင့် အဖုးံအုပ်လိုက်သောအခါ လွတ်ကင်းမည့်ဒန်အိုးကြီးတစ်လုးံတွင် ရေအလော်တော်ထည့်၍ ဆူအောင်တည် အသားပန်ကန်ထဲသို့ ရေမဝင်အောင် ရေကိုချိန်ဆထည့် ရေနွေးဆူလျှင် အသားပန်ကန်ကို ရေနွေးအို အလယ်ခေါင်တွင် ထည့်၍ ဒန်အိုးဖုးံပြီးနောက် ကျက်အောင်ပေါင်းပါ အသားကျက်သောအခါ အောက်သို့ချ၍ အအေးခံပြီးမှ စားသုးံပါ ပိုမိုအရသာ ရှိပါမည်။
ဝက်သားလုးံဟင်းချိုချက်နည်းတွင် ပါဝင်သောပစ္စည်းများ ...
ဝက်သား =၂၅ကျပ်သား
ကြက်သွန်ဖြူနီ =၃ဥစီ
ပဲငံပြာရည် =ကြွေဇွန်း ၂ဇွန်း
ဘဲဥ =၁လုးံ
မှိုခြောက် ပန်းခြောက် =၂ကျပ်သား
မြူစွမ် =၂ခေါင်း
အသားချည်းသက်သက် ဝက်သားကို နုပ်နုပ်စဉ်းပြီး ဆား ပဲငံပြာရည် ဘဲဥတို့နှင့်ထည့်နယ်၍ အလုးံကလေးများပြုလုပ်ပါ။ရေကို အကြမ်းပန်ကန် ၆လုးံခန့်ထည့်ကျို ရေဆူလျှင် လှီးထားသော ကြက်သွန်ဖြူ_နီ မှိုခြောက် ပန်းခြောက် ဝက်သားလုးံများ ထည့်ပါ။ ကျက်လျှင် မြူစွမ်ထည့် အချိုမှုန့်ထည့် အပေါ့အဟန်မှန်းဆ၍ ရေနွေးထပ်ရောပါ။ ပြီးလျှင် ကြိုက်သလို သုးံဆောင်နိုင်ပါပြီ။
@written by Moe Win Zaw
Congratulations! This post has been upvoted from the communal account, @minnowsupport, by mcmoewin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.