မုန်း၍မဟူ အပိုင်း(၄၉)
ဝေဝေမှာ လက်ထဲကစာရွက်ကို စိုက်လျက်သာပင် ဝဲလာသော မျက်ရည်များ စီးမကျအောင် ထိန်းထားရလေသည်။
ဦးဘိုးသိန်းသည် ချောင်းဟပ်လျက် လည်ချောင်းရှင်းလိုက်ပြီးနောက် တံတွေးထထွေး လိုက်သည်။
ဝေဝေက လှမ်းကြည့်လိုက်သည်။
ကုလားထိုင်ပေါ်က ထွေးလိုက်၍ တံတွေးထဲမှ အစအနပါလာသော သွေးရောင်ကို ထွေးခံထဲ ကျသွားသည့်အထိ ကောင်းကောင်းမြင်လိုက်ရသည်။