စိမ်းစိုလန်းဆန်းနေသော တောင်တန်ဒေသလေး တစ်ခု သည် အရှေ့မှအနောက်သို့သွယ်တန်းနေလေသည်။ထိုတောင်တန်းအနီရှိ ရေကန် တစ်ခု ကငြိမ်သက်နေသည်။ပတ်ဝန်းကျင်ရှိ အသံအားလုံးအာလည်း ငြိမ်သက်တိတ်ဆိတ်နေလေသည်။တစ်ခါတစ်ရံ ကျေးငှက့ သံများကို ကြားနေရသည်။ ထို နေရာကို သူရောက်လာသည်မှာမကြာသေးပါ ။တကယ်တော့ ဒီနေရာကို သူ ရောက်ချင်၍ရောက်လာရချင်းမဟုတ် ပါ။သူ့ စိတ်ကနှိုးဆော်နေသောကြောင့် သာ သူရောက်လာခြင်းဖြစ်ပါသည်။
ထွန်းသူရ တစ့်ယောက် မိမိနှင့် တစ်ပါးတည်းပါလာခဲ့သော ကျောပိုအိတ်ကို အောက်မှာချ ပြီး အိတ်ထဲမှ ပစ္စည်း များကို တစ်ခုချင်းထုတ်ကာ ဘေး၌စုပုံထားလေသည်။ပစ္စည်းများ က ရေငုပ်ရာတွင်အသုံးပြုသောပစ္စည်းများသာဖြစ်ပေသည်။ ကိုယ် ဝတ့်ထားသောအဝတ်အစားများနှင့် လဲ ၍ ရေငုတ် အဝတ်စားများကို ဝတ်ဆင်လိုက်လေသည်။ထိုနောက်မှာ မိမ် ၏အဝတ်စားများကို ကျောပိုးအိတ်မှာပြန်ထည့်ပြီး ခြံပုတ် တစ်ခု မှ ဝှက်ထားခဲ့လေသည်။ထို့နောက် ရေအောက်သို့ ရေငုပ်ဆင်းသွားခဲ့သည်။ ထွန်းသူရ တစ်ယောက်ထဲ ရေကန်ထဲမှာ ဆင်းလာပြီး တဖြေးဖြေးရေနက်ပိုင်းသို့ ရောက်လာသည်။ နေရဲ့ အလင်းရောင်ကြောင့် ရေအောက်မှာ အလင်းရနေသည်။သူ အနေဖြင့် ယခုအချိန်ထိတော့ ဘာအန္တရာယ်နှင့်မျှမတွေ့ရသေးပေ။ လက်ထဲက မြားသေနတ်တစ်လက်၊လက်နှိပ်ဓာတ်မီး ပါသည်။တဖြေးဖြေးချင်း ရေကန်၏ အလယ်သို့ရောက်လာသောအခါ အဆောက်ဦး တစ်ခုလိုလို လှမ်း၍မြင်နေရသည့်။ထိုမြင်ရေသော နေရာသို့ ထွန်းသူရ တစ်ယောက် ကူးသွားလိုက်သည်။အခြေအနေကိုစောင့်ကြည့် ရင်း ခဏအကြာတွင် ထို အဆောက်အဦးထဲမှာ ရှည်မျောမျောအကောင်တစ်ကောင်ထွက်လာသည်ကို ထွန်းသူရ မြင်တွေ့လိုက်သည် ထိုကောင်က ထွန်းသူရ ၏ဘေးကပ်ပြိး ကျောက်တုံးနှစ်ခု ကြာမှာ ဝင်ရောက်ပျောက်ကွယ်သွားသည်။ထွန်းသူရ လည်း နောက်ထပ်များ.ဘာတွေ ထပ်ထွက်လာဦးမလဲတိုတာ စောင့်ကြည့်နေသည် သိပ်မကြာခင်မှ.ပဲ အစောက လို ရှည်မျောမျော အကောင်တစ်ကောင်ထပ်ထွက်လာသည်။ဒီအကောင်ရဲပါစပ်မှာ ကြိုးလိုလို အစကလေးတစ်စ ကိုက်ချီလာသည်ကို တွေ့လိုက်ရသည်။
ဤသို့ဖြင့် ထွန်းသူရ လည်း အနားမှာဖြတ်သွားသော အကောင်၏ပါးစပ်မှာကြိုးစလိုလို အခုလေးကိုသေသေချာချာကြည့်တော့ ရွှေဆွဲကြိုးလေးတစ့်ခု ဖြစ်နေသည်ကို တွေ့ရလေသည်။ထွန်းသူရလည်း အံ့သြမှင်သက့မိပြီး ထိုကောင်လေးကို လိုက့်ကြည့်နေမိသည်။ ဒီအကောင်လေးတွေထွက်လာတဲ့အဆောက် အဦးထဲမှာ တစ်ခုခု တော့ ရှိလိမ့်မည် ။သိချင်စိတ်ကြောင့် အထဲကို ဝင်ကြည့်ချင် တဲ့စိတ်က ထိန်းမရအောင်ဖြစ်နေမိသည်။
ထို့ကြောင့် ဘာဖြစ်ဖြစ်ဆိုပြီးတော့ အထဲ သို့ အရဲစွန့် ဝင်လိုက်လေတော့သည်။အဆောက် အဦးထဲတွင်နေရောင်မရသောကြောင့် မဲမှောင်နေလေသည်။ထွန်းသူရ လည်း ဓာတ်မီးထိုး၍ အထဲကို ဝင်ခဲ့လေသည်။အဆောက့အဦးသည် နန်းဆောင် ပုံစံအဆောက်အဦးဖြစ်သည်။နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရှေးမူများ မပျက်ပဲရှိနေပေးသည်။
သူရ သည်ပတ်ဝန်ကျင်ကို လျောက် ပြီး ဓာတ်မီးဖြင့် ဝှေ့ဝိုက်ထိုးကြည့်လိုက်သည်။ထိုအခါမှာ အခန်းတစ်ခုမှာ အလင်းရောင်တစ်ခု ပြန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူရ လည်း ဘာဖြစ်မှန်းမသိ၍လန့်သွားသည်။ခဏအကြာမှာ ထိုအခန်းနားကိုကပ်သွားပြီးလက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သောအခါ အခန်းခဲ၌သေတ္တာ နှစ်လုံးကိုတွေ့လိုက်သည် သေတ္တာ နှစ့်လုံးကု အနီးကပ်ကြည့်လိုက်တဲ့အခါမှာ ရှေးဟောင်းတစ် သေတ္တာ နှစ်လုံးဖြစ်နေသည်ကို တွေ့မြင်လိုက်ရသည်။ သေတ္တာ ၏ ပတ္တာရှေ့တွင် ခြင်္သေ့ခေါင်းပုံနှင့် ခြင်္သေ့ ၏နှာခေါင်းမှာ သံကွင်းတစ်ခုတပ်ထားလေသည်။ သေတ္တာ တစ်လုံးက ပွင့်နေ၍ အတွင်းထဲကို လှမ်းကြည့်လိုက့်သောအခါ ရှေးဟောင်း ရွှေငွေကျောက့သံပတ္တမြားများဖြစ့နေသည့ကု အံ့သြစွာတွေ့မြင်လိုက်ရလေသည်။ သေတ္တာ ထဲမှ စိန်တစ်လုံး အလင်းပြန် တာကြောင့်အလင်းရောင်တစ်ခု လင်းပြန်လာခြင်းဖြစ့်သည်။ နောက်ထပ် သေတ္တာ တစ်လုံးကို ထပ်ဖွင့်ချင်စိတ်ကို ထိန်းမရတော့ပဲ မိမိ မှာပါလာသော သံကောက်တစ်ခုဖြင့် ရိုက်ဖွင့်လိုက်လေတော့သည်။ရုတ်တရုက် သေတ္တာ ထဲ အရာကို မြင်တွေ့လိုက်ကာသောကြောင့် ထွန်းသူရ တစ်ယောက့်
"အား.........အား....."ဟူ၍လန့်အော်မိလေသည်။
ထွန်းသူရတစ်ယောက် ဇောချွေးတို့ဖြင့် အိပ်ယာမှလန့်နိုးလာလေသည်။
.....HFS
........ဆက်ရန်.....
အားပေးနေပါတယ်
Thank you bro