*** ဂျင်း ခေတ် ***
ခေတ်ကိုက လဖက်ညွှန့်ဆိုပြီး
ရာဘာရွက်အညွှန့်တွေ ကို ချဉ်ငံစပ်လုပ်မပုပ်ဆေးတွေထည့်
ဆီစိမ်. ပုလင်းနဲ့ပိတ်ပြီး
တံဆိပ်ကပ်လိုက်ရင်တဆယ်သား ၃၀၀တန်ရာဘာညွှန့်တွေကတပုလင်း ၆၀၀၀ တန်နာမည်ကြီးလက်ဖက်ညွှန့် တွေ ဖြစ်သွားတဲ့ ဂျင်းခေတ်.
(လဖက်စစ် မစစ်ခွဲချင်ရင်
Leave margin entire ဖြစ်မဖြစ်နဲ့ခွဲရတယ်.လဖက် ရွက်အစစ်ရဲ့
အနားသတ်က နှင်းဆီ ရွက်လို
အထစ်အထစ်လေးတွေ ပါပြီး
ရာဘာရွက်က အနားသတ်
ပြောင်ချောနေတယ်.
လဖက်ပင် ကိုယ်တိုင်စိုက်ခဲ့လို့
ကိုယ်တိုင်ခူးခဲ့လို့အကုန် သိနေပေမဲ့လဲ
လက်ဖက်ဝယ်တယ်ဆိုတာမျိုးက
ရှောက်ရွက်ဝယ်သလို တညွှန့်ချင်းကြည့်ပီးဝယ်လို့မှ မရတာဆိုတော့တရွက်ချင်းဖြန့်မကြည့်နိုင်သရွေ့တော့ခံပေါ့ရှင်)
ခေတ်ကိုက ပုစွန် အသား
ငါးဖယ်အသား တစက်လေးမှတောင်မပါပဲ
ထမင်းတွေချည်း ချဉ်အောင်လုပ်
ရေခဲမုန့် ဖာလူဒါတေမှာသုံးတဲ့
ပန်းရောင် ဆေးလေးဆိုးပြီး
အတောင့်လိုက် ဖက်ရွက်တေနဲ့
ထုပ်လိုက်ရင်
ပုစွန် ချဉ် ငဖယ်ချဉ်ဆိုပြီး
ထမင်းအချဉ် အသိုးဆေးဆိုးတွေကို
တထုပ် ၃၀၀၀ ဝယ်စားရတဲ့ ဂျင်းခေတ်.
ခေတ်ကိုက ကြွက်တွေ
တီကောင်တွေ မြွေတွေ
အကုန်ရောကြိတ်ပြီး
ကြက်အူချောင်း
ငဖယ်ချောင်း ဂဏန်းချောင်း
ပုစွန်အသားချောင်းဆိုပြီး တရုတ်က
Packing လှလှနဲ့သွင်းလာတာ တွေကို
ကိုးရီးယား အကင် ဆိုပြီး
မက်မက်မောမော
ကြွက်သားစားနေကြတဲ့ဂျင်းခေတ်.
ခေတ်ကိုက တရုတ်ကြီးဖက်က
ဇီးစေ့ ဇီးဆံတွေ
ဈေးကောင်းပေးဝယ်တယ်ဆိုတာနဲ့
ဇီးဆံတွေ ထဲ အဝေရာစေ့တွေ
ရောပြီးဂျင်းထည့်လို့
စိတ်ငြိမ်ဆေးဖော်ရတဲ့ ဇီးဆံက
အဝေရာဆံတေ ဖစ်နေတော့
ဆေးက ဘာအာနိသင်မှ မထက်မှ
ပေါက်ဖော်ကြီးတေသိသွားကြပြီး
ဇီးဆံ ဈေးကွက် ပျက်သွားရတဲ့ ဂျင်းခေတ်.
ခေတ်ကိုက ထောင်းရကြိတ်ရမှာ
ပျင်းတဲ့ အိမ်ရှင်မတွေအတွက်
ငါးခြောက်မှုနိ့နဲ့ ဖွဲမှုန့်ရောထည့်
ပုစွန် ခြောက်မှူန့်ဆိုပြီး
ဖွဲမှုန့် ပင်လယ်ငါးမှုန့်တွေကို
တပိသာ ၃သောင်း ဝယ်စားကြတဲ့ ဂျင်းခေတ်.
ခေတ်ကိုက ပဲဆီစစ်စစ်မှစားတာ
အညာပဲဆီမှ စားတာ
ဘာတံဆိပ်မှ စားတာ
ဘယ်လိုထားထား မခဲတဲ့ ပဲဆီမှစားတာဆိုတဲ့
အိမ်ရှင်မတွေ အတွက်
စားအုန်းဆီ တစ်ပေပါထဲ
အီလန်ဆပ်ပြာမှုန့်
တရာတန်တထုပ်ဖောက်ထည့်
တညအိပ် အငြိမ် စိမ်ထား.
မနက်မှ ကုန်ဈေးတန်းမှာရောင်းတဲ့
တရုတ်ကသွင်းလာတဲ့
တဗူး ၁၃၅၀၀ တန်
ပဲဆီ အနံ့ လေးနည်းနည်း ထည့်လိုက်တာနဲ့
ဆပ်ပြာမှုန့်တွေဖျော်ထည့်ထားတဲ့
တပိသာ ၁၆၅၀ တန်
စားအုန်းဆီ တွေက ဆပ်ပြာမှူန့်တန်ခိုးနဲ့
ရေခဲသေတ္တာထဲ ထည့်ရင်တောင်မခဲတော့
ပဲဆီ စစ်စစ်ဆိုပြီး
တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ်.
(မေမြို့မှာနေတုန်းက မန်းလေးထိဆင်း
ကိုယ့်မျက်စိရှေ့မှာ မြေပဲတွေကို
စက်ကဇလားကြီးနဲ့ အပေါ်ကကြိတ်ပြီး
ဆီကန်ထဲ ကျလာတဲ့ ပဲဆီ မှ
ပိသာခွက်ကြီးနဲ့ ကိုယ်တိုင်ခပ်ပြီး
မျက်စိရှေ့မှာ ကြိတ်တဲ့
ပဲဆီ စစ်စစ်မှ မန်းလေးထိ
ဆင်းပြီး ဝယ်စားတာတို့ ဘာတို့
ဝြံ့ကွားခဲ့ဖူးတယ်. တကယ်တော့
သူတို့က နဂိုထဲက ဆီကန်ထဲမှာ
စားအုန်းဆီ ၃ ပုံ၂ ပုံ ထည့်ပြီးသားဆိုတာ
မသိခဲ့တော့ ဂျင်းတေထည့်ခံရတာဆွာလေ.)
ခေတ်ကိုက ငဇင်ရိုင်း လို ငါးရံ့လို
ငါးမျိုးဝယ်ရင် အညှီတွေချွဲနေမှ
လတ်တယ်ထင်တဲ့ အိမ်ရှင်မတွေအတွက်
ခေါင်းလျော်တဲ့တရော်ရည် အချွဲတွေ
လောင်းချနယ်ဖတ်ပြီး
ပုပ်လို့ပွလာလို့ တပိသာ ၂၅၀၀လောက်ပဲ
တန်တဲ့ ငဇင်ရိုင်းတွေကို
လတ်လွန်းလို့ အညှီတေချွဲစိုနေတာဆိုပြီး
တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ်.
နို့မလိုင် ရောင်းတဲ့ ဆိုင်တွေမှာ
အိမ်သာသုံး တစ်သျူးတွေကို
နို့ထဲထည့်ကြိုပြီး
ပျော့ဖတ်ဖတ် တစ်သျူးတွေကို
နို့မလိုင်ဆိုပြီး
တပွဲ ၃၀၀၀ ထိပေးစားနေရတဲ့ ဂျင်းခေတ်.
ပြောရမယ်ဆိုများကြီး များကြီးကျန်သေးဒယ်.
ဒါတေရှောင်မယ်ဆို ရှောင်ရင်း ရှောင်ရင်း
စားဈာမရှိ ဖစ်တွားကြမစိုးလို့.....
ဈေးသည်တွေ ကုန်သည်တွေ
ထမင်းအိုး တုတ်နဲ့ထိုးသလို ဖစ်နေမစိုးလို့
ခုလောက်နဲ့ပဲ တော်သေးပါပြီ. ........
ဒါတေ ဒါတေ ရှိနေသေးသရွေ့
ဒါတေ ဒီလိုတေ စားနေရသရွေ့
ကင်ဆာ. နှလုံး. သွေးတိုး .ဆီးချို.
ကျောက်ကပ်.သွိုင်းရွိုက်.
ရောဂါတေ ရောဂါတေ ရှောင်လို့မရ
ဖြစ်နေကြဦးမှာပါပဲ.
ဒေါင်း လေးတွေလဲ မွေးလာကြဦးမှာပါပဲ.
ဆေးရုံ ဆေးခန်းတွေလဲ
ကြိတ်ကြိတ်တိုး စည်ကားနေကြဦးမှာပါပဲလေ.
Credit >>>>နှင်းဆီဧကရီ
photo : facebook