*** အမေရိကန်-တရုတ်
ကုန်သွယ်ရေး စစ်ပွဲ ဂယက်လှိုင်း ***
အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ တစတစနှင့် အပြိုင်အဆိုင်ဖြစ်လာခဲ့သည်။ ယနေ့ သောကြာနေ့အမေရိကန်ဈေးကွက်အချိန်အစောပိုင်းတွင် သမ္မတထရမ့်က တရုတ်ပို့ကုန် ဒေါ်လာ 50 ဘီလီယံဖိုးပမာဏအပေါ် အခွန် 25% စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်မှ အမေရိကန်၏ နည်းပညာများနှင့် ကုန်သွယ်ရေးဗျူ ဟာများ ခိုးယူနေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြစ်ဒဏ်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ အမေရိကန်သို့ ပို့ကုန် အမျိုးအစားပေါင်း 1100 ကျော်ကို အခွန်စည်းကြပ်ခြင်းဖြစ်ပြီး အထူးသဖြင့် လေယာဉ်တည်ဆောက်မှု နှင့် စက်ရုပ်တီထွင်မှု နည်းပညာကဏ္ဍ ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ နှင့် ကားထုတ်လုပ်ရေးကဏ္ဍများကို အဓိက ပြစ်ဒဏ်သတ်မှတ်လိုခြင်းဖြစ်သည်။
သမ္မတထရမ့်ကတော့ နှစ်နိုင်ငံညှိနိုင်းမှုဟာ အချိန်တော်တော်ကြာ မပြေလည်တဲ့ အခြေနေရောက်နေကြောင်း ၊ ထိုအခြေနေ ဆက်ပြီး ကြာရှည်ဦးမည် မဟုတ်ကြောင်း ပြောကြားထားသည်။ အမေရိကန်အစိုးရက ဇူလိုင် 6 ရက်နေ့ကစပြီး အခွန်များကို စတင်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။ သမ္မတထရမ့်ကတော့ ကြာသပတေးနေ့တွင် ထိပ်တန်းစီးပွားရေးအကြံပေးများနှင့် တွေ့ဆုံဆွေးနွေးပြီး အခွန်စည်းကြပ်ရေးကို မီးစိမ်းပြခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ 2 နိုင်ငံတို့၏ ကုန်သွယ်ရေးပဋီပက္ခပြင်းထန်လာစေရုံမျှ မက သမ္မတထရမ့်သည် ကနေဒါ ၊ မက္ကဆီကို ၊ နှင့် ဥရောပအဖွဲ့အစည်းနိုင်ငံများအပေါ်တွင်လည်း စတီးနှင့် အလျူ မီနံယံ သွင်းကုန်များအပေါ် အခွန်စည်းကြပ်ထားသေးသည်။
အစောပိုင်းကာလများက ပေကျင်းမှ ဒေါ်လာ 50 ဘီလီယံတန်ဖိုးရှိသော အမေရိကန် ပစ္စည်းများဖြစ်သည့် ကား ၊ လေကြောင်းသုံးပစ္စည်းများနှင့် ပဲပိစပ်တို့ အပေါ် တန်ပြန် အခွန်စည်းကြပ်မှု ပြုလုပ်ရန် ပြောခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Geng Shuang ကတော့ အမေရိကန်က တရုတ်၏ အကျိုးစီးပွားကို ထိခိုက်လာလျှင် ချက်ချင်းတန်ပြန်အစီစဉ်များပြုလုပ်၍ ကာကွယ်သွားမည်ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။ သမ္မတထရမ့်ကတော့ တရုတ်က တန်ပြန်တိုက်ခိုက်မှု မရပ်လျှင် အမေရိကန် က တရုတ်၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ 100 ဘီလီယံဖိုး အပေါ် ထပ်မံ ပြစ်ဒဏ်ချမှတ်သွားမည်ဟု ပြန်လည်ချေပထားသည်။
Credit#Nang_Kham_Thiri_Oo
This post has received a 3.13 % upvote from @drotto thanks to: @olay, @olay.
This post has received a 7.37% upvote from![](https://images.hive.blog/768x0/https://steemitimages.com/DQmcZYv2276nr6zEDDTZY1iLcgaBiNqumAnYtmvxNtr5zrW/minnow_klein.png)
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots. thanks to: @olay!!!
Congratulations @olay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes
Congratulations @olay! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!