သေသွားပါပီ..အခု..အခုသားလေးနေမကောင်းဖြစ်ရတာကလည်း သားအဖေသေသွားပီလို့ပြောနေသံကိုကြားပီး သားကအခုလိုဖြစ်သွားတာပါ..ငိုပီးအိမ်ပေါ်ကဆင်းပြေးတော့အောက်..အောက်ကိုပြုတ်ကျပီး..အီးဟီး..ကျွန်မကြောင့်ပါ..ကျွန်မဂရုစိုက်ရမှာကို..ကျွနိမသတိထားပြောရမှာကို..ကျွန်မကြောင့်သား ဒီလိုဖြစ်သွားတာပါ ဒေါက်တာ..မသိစေချင်ခဲ့ပါဘူး စိတ်ဒဏ်ရာရသွားမှာ သားအားငယ်သွားမှကို စိုးရိမ်ပီး နားလည်လောက်မယ်အချိန်မှပြောပြဖို့စဉ်းစားထားပေမဲ့ အခုရုတ်တရက်ကြီးသိသွားတော့..ဟီးဟီးးး..ကျွန်မကြောင့် ကျွန်မအမှားကြောင့်....။
ရင်ထုမနာဖြစ်နေပီးတရှုံ့ရှုံ့ငိုကျွေးနေရင်းပြောနေတဲ့ကလေးမိခင်ကိုကြည့်ပီးသူကြက်သေသေသွားသည်..မှားပီ သူမှားသွားခဲ့ပီ..သူအမေ့ကိုနားမလည်ပေးခဲ့ဘူး..သူအမေ့ကိုဂရုမစိုက်ပေးခဲ့ဘူး..သူအမေ့ခံစားချက်တွေ ဝမ်းနည်းမှုတွေကို မသိခဲ့ဘူး..ဒီလိုပါလား အမေဒီလိုတွေးခဲ့တာပါလား..ဒီလိုစဉ်းစားခဲ့တာပါလား..အဒိတုန်းကအမေကြောက်ခဲ့တာပါလား..ရစ်ဝဲသီလာတဲ့မျက်ရည်တွေကိုသူသုတ်လိုက်ရင်း..
"တောင်းပန်ပါတယ် အမေ သားမှားသွားတယ်.."
ဒီနေ့မှစောစောစီးစီးအိမ်ပြန်လာတဲ့သားကြောင့်သူရင်ထဲတစ်မျိုးကြီးဖြစ်နေသည်..ဆေးရုံမှာတစ်ခုခုများဖြစ်လာသလား..သားငယ်ဘာကြောင့်စောစောပြန်လာရတာလဲ..တစ်ခုခုများထိခိုက်လာလို့လား...
အမေ..သား..တောင်းပန်ပါတယ်နော်..သားမှားသွားတယ်..သားကိုကယ်ဖို့ကြိုးစားရင်အဖေသေခဲ့တာကို သားသိခဲ့ပေမဲ့ သားလက်မခံချင်ခဲ့ဘူး..သားအမေ့ကိုနားလည်မပေးခဲ့ဘူး..အမေဘာကြောင့်လိမ်ပြောတာလဲဆိုတာကိုဘဲ အပြစ်တင်ရင်း သားမုန်းခဲ့တယ်..သား တစ်ကိုယ်ကောင်းဆန်မိတယ်..အမေ့ခံစားချက်တွေ..အမေဘာကြောင့်အဲ့ဒီလိုတွေ လိမ်ပြောခဲ့တယ်ဆိုတာ သားနားလည်မပေးခဲ့ဘူး..သားအမေ့ကို ဥပေက္ခာပြုခဲ့တယ်..သားအတွက် အမေအခုလိုလိမ်ပြောခဲ့တယ်ဆိုတာ..သားကိုစိုးရိမ်လို့အမေအခုလို ညာပြောခဲ့တယ်ဆိုတာ..သိသွားပါပြီ..သားမှားသွားပါတယ်..သားအခုနားလည်သွားပါပီ..သားကိုခွင့်လွှတ်ပေးပါ လက်အုပ်လေးချီတောင်းပန်နေတဲ့သားငယ်ကိုသူမမျက်ရည်တွေစီးကျလာရင်းမီခေါင်းငြိမ့်ပြလိုက်သည်။
အမေခွင့်လွှတ်ပါတယ်သားရယ်..အမေခွင့်လွှတ်ပါတယ်..သားတစ်နေ့ နားလည်လာမယ်ဆိုတာ အမေကယုံကြည်တာမလို့ပါ..အမေဘာကြောင့်သားလေးကိုလိမ်ညာခဲ့ရလည်းဆိုတာ သားလေးနားလည်လာမယ်ဆိုတာ အမေသိပါတယ်သားရယ်.." တစ်ခုတည်ဆောက်ဖို့ နှလုံးသားနှစ်ခုရင်းနိုင်ပြီလား ပိုင်ဆိုင်မှုတွေထားခဲ့လိုက် ဘဝအကြောင်းသေချာ နာကျည်း ဖူးသူတွေက ရွှေ ငွေ ဓနထက်၊ နားလည်ပေးမှု ယုံကြည်ပေးမှု နွေးထွေးကြင်နာယုယမှုပဲလိုအပ်တယ်။
ထမင်းရည် အတူယက်မယ် မပြောနဲ့
ကျွန်မ ထမင်းစားတတ်တယ်၊
ဒါပေမယ့် ထမင်းတစ်လုပ်ကို ရှင်မဖန်တီးနိုင်ရင်မနိုင်ရင် ရှင်နဲ့ကျွန်မ သိက္ခာရှိရှိ ကြိုးစားရဲတယ်။
အချစ် စစ်သွားရင် ပိုင်ဆိုင်မှုဘာမှမလိုဘူး
လက်မှတ်နှစ်ချက်ကလည်း အချစ်စစ်မဟုတ်ဘူး အချစ်ဆိုတာ ကျွန်မရင်ထဲ၊ရှင့်ရင်ထဲ ရှိတဲ့အရာပါ။
လူတကာ မြင်အောင် လက်တွေတွဲပြနေစရာမလိုဘူး ခိုင်မာတဲ့ သစ္စာကို ရင်မှာပျိုးထားရင် ရပြီ တချိုပြောကြတယ်....ကိုယ့် ဘဝထဲ သူမလာရဲရင် သူ့ဘဝထဲ ကိုယ်ဝင်ရဲရမယ်တဲ့။
ဘယ်သူဘဝထဲမှ မဝင်ဘူး ရှင်သာ
ယောင်္ကျားကောင်းတစ်ယောက် ကိုယ့်ကိုယ်ကို
ယုံကြည်တယ်ဆို... ဘဝ တစ်ခု နှစ်ဦးတူတည်ဆောက်မယ်။
ကျွန်မ နောက်ကြောင်းထက် ကောက်ကြောင်းတွေက မလှဘူး။အလှတရားဆိုတာ ရင်မှာရှိတာ မြင်တဲ့သူ .....နဲ့......ကျွန်မ မျှော်လင့်သူ
တစ်ယောက်တည်းသာဆိုရင် လက်သာဖြန့်ထားလိုက် ကြွေဆင်းပေးဖို့ အသင့်ရှိနေမယ်။
သူမပေါင်ပေါ်ကနေထပြေးသွားတဲ့သားငယ်ကိုကြည့်ပီးသူမနှစ်ချိုက်စွာပြုံးလိုက်မိသည်..သူမစကားနားထောင်လွန်းတဲ့သားငယ်လေးကြောင့်သူမ ဝမ်းသာပီတိဖြစ်ရတယ်ဆိုတာ..ယောက်ျားသားမရှိဘဲသူမတစ်ယောက်တည်းအဖေကောအမေပါလုပ်ပီးမိဘနှစ်ယောက်စလုံးနေရာကိုတာဝန်ယူပီးရင်နဲ့မွေးလာရတဲ့သူမသားလေး..သက်ပြင်းသဲ့သဲ့ချသံရဲ့နောက်မှာသူမရင်ထဲကအပူမီးတစ်ချို့..ဖြတ်သန်းစီးဆင်းလို့သွားသည်..
"သားငယ်ရေ ဈေးသွားမလို့ လိုက်မလား.."
သူမရဲ့ခေါ်သံကြောင့်အိပ်ခနိးထဲကပြေးထွက်လာတဲ့သားငယ်..
"လိုက်မယ်..မေကြီး.."
သားငယ်လက်ကိုကိုင်ဆွဲကာသူမဈေးကိုလာလိုက်သည်..ညနေဈေးဖြစ်တာကြောင့်ဈေးကအတော်အသင့်စည်သည်..ဈေးဝယ်ပီးသူမတို့အိမ်ပြန်လာလိုက်သည်..လမ်းမှာတွေတဲမုန့်ဆိုင်ငယ်လေးတစ်ဆိုင်..
"သားငယ်..မုန့်စားမလား.."
"ဟုတ်.."
ခေါင်းလေးငြိမ့်ပြီးဖြေတဲ့သားငယ်လက်ကိုဆွဲကာသူမမုန့်ဆိုင်ငယ်လေးအတွင်းကိုဝင်သွားလိုက်သည်..သားငယ်စားချင်တဲ့မုန့်နဲ့အအေးကိုမှာပေးကာသူမလည်းအအေးတစ်ခွက်မှာလိုက်သည်..ဆိုင်အတွင်းကိုကြည့်နေရင်းမှသားငယ်ကိုကြည့်လိုက်မိတော့သားငယ်ကတစ်နေရာကိုစိုက်ကြည့်နေဟန်..သားငယ်ကြည့်လိုက်တဲ့နေရာကိုသူမလိုက်ကြည့်မိတော့..မြင်လိုက်တဲ့မြင်ကွင်းကြောင့်သူမရင်ထဲနင့်ခနဲ..သားငယ်ရယ် အဖေနဲ့အမေနှစ်ယောက်ကြားထဲမှာထိုင်နေတဲ့ကလေးငယ်လေးတစ်ယောက်..အဖေဖြစ်သူကမုန့်ထည့်ပေးနေကာအဖေးမဖြစ်သးကပါးစပ်ကိုသုတ်ပေးနေတဲ့မြင်ကွင်း..သူမကိုမော့ကြည့်လာတဲ့ သားငယ်ရဲ့မျက်ဝန်းတွေမှာ မေးခွန်းတစ်ချို့ကပ်ငြိလို့ရှိနေတော့..လှိုက်ခနဲတက်လာတဲ့သူမရဲ့ဝမ်းနည်းစိတ်..မျက်တောင်လေးတွေကို ပုတ်ခတ်လိုက်ကာသားငယ်ခေါင်းလေးကိုညှင်သာစွာပွတ်ပေးလိုက်မိရင်းအသာအယာပြုံးပြလိုက်သည်..ညှိုးငယ်ကျသွားတဲ့သားငယ်မျက်ဝန်းတစ်စုံ..မေမေတောင်းပန်ပါတယ်..သားရယ်..မေမေဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပေမဲ့ အဒိအငွေ့အသက်ကိုတော့ သားကိုပိုင်ဆိုင်အောင်မလုပ်ပေးနိုင်ခဲ့လို့ပါ..။
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord