စွန်းခိုက်

in #esteem7 years ago

မုတ်ဆိတ်ရှိတဲ့ကိုကိုတွေရဲ့အားသာချက်
ပျိုမေတွေအများစုက ဆွဲဆောင်မှုရှိတယ်လို့ ခံစားမိတတ်ကြလို့ မုတ်ဆိတ်ရှိတဲ့ကိုကိုတွေကို ပိုပြီးသဘောကျ တတ်ကြပါတယ်။
မုတ်ဆိတ်ရှိတဲ့ကိုကိုတွေမှာ ဒီလိုမျိုးအားသာချက်တွေရှိပါတယ်တဲ့…

(၁) မုတ်ဆိတ်တွေပါရင် ယောက်ျားပီသတယ်လို့ အထင်ခံရခြင်း။ ယောက်ျားလေးတွေ မျက်နှာမှာမုတ်ဆိတ်မ ပါတာထက် ပါတဲ့ယောက်ျားလေးတွေက ပိုပြီးကြည့်ကောင်းကြပါတယ်။

(၂) သူ့တို့ချစ်သူကောင်မလေးတွေကို တယုတယနဲ့ နမ်းတဲ့အခါမှာ မုတ်ဆိတ်လေးတွေနဲ့ ယားအောင်လုပ်ပြီး ကောင်မလေးတွေ ပျော်အောင်စလို့ရနိုင်ပါတယ်။

(၃) ဝတ်စုံပြည့်နဲ့ ရှိုးထုတ်လိုက်ရင်လည်း လူအများအလယ်မှာ ထင်းနေပြီး ကြည့်ကောင်းတဲ့ အမျိုးသားတစ် ယောက်ရဲ့အသွင်အပြင်ကိုဖြစ်စေနိုင်ပါတယ်။

(၄) ချစ်သူကောင်မလေးအတွက်လည်း သူ့ကောင်လေးရဲ့မုတ်ဆိတ်ကိုပွတ်သပ်ပေးပြီး ချစ်ကျီစယ်လို့ ရနိုင်ပါသေးတယ်။

(၅) အထက်တန်းကျောင်းသား ဘဝမှာမုတ်ဆိတ်ရေးရေးပေါက်ရင်ကို ကောင်မလေးတွေကြားမှာ ရေပန်းစားပြီး ဟော့ဖြစ်တဲ့သူစာရင်းထဲမှာတောင်ပါနိုင်ပါတယ်။

(၆) မုတ်ဆိတ်တွေက ယောက်ျားလေးတွေကို ရင့်ကျက်တည်ငြိမ်တဲ့ အသွင်အပြင်ရှိတဲ့ ရုပ်ရည်ကိုပါ ဖြစ် စေနိုင်ပါတယ်။

(၇) အခုခေတ်မှာဆိုရင် မုတ်ဆိတ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်လို့ရနိုင်တာကြောင့် ယောက်ျားလေး တွေအတွက် ကိုယ်ကြိုက်တဲ့ ဆွဲဆောင်မှုရှိတဲ့ မုတ်ဆိတ်စတိုင်လ်ကို ထားနိုင်ပြီဖြစ်ပါတယ်။

ဒီအချက်တွေကတော့ မုတ်ဆိတ်ရှိတဲ့ကိုကိုတွေရဲ့ အားသာချက်ဖြစ်ပါတယ်။ image
#crd google photo

Sort:  

အရမ်း​လေးစားဖို့​ကောင်းပါတယ်
အမြဲတမ်း​ပျော်​ရွှင်​နိုင်​ပါ​စေ
Postမှာ upvot​တွေအများကြီးရပါ​စေ
လို့ဆု​တောင်း​ပေးလိုက်​ပါတယ်
အား​ပေးလျှက်​ပါ
ကိုယ့်​ကိုလည်းvot​ပေးကြအုံး​နော်
ကျေးဇူးတင်​ပါတယ်