မြစ်​နှစ်​စင်းအပြိုင်​​ကောက်​​ကွေ့ကြ​လေ​သောအခါ.....အပိုင်း(၂)

in #esteem7 years ago (edited)

..စည်းကားသိုက်​မြိုက်​စွာ
ကျင်​ပ​သော တန်​​ဆောင်​တိုင်​ မီးပုံးပွဲး....။
မီး​ရောင်​စုံ​အောက်​တွင်
အ​ရောင်းအ​သွေး တို့ကာ စုံလင်​လှသည်​။
ဆယ့်​နစ်​လရာသီတွင်​ တစ်​ကြိမ်​သာဆင်​နွဲးသည့်​ပွဲးဖြစ်​၍
မြို့ရှိ လူစုံ စု​ဝေး​သော ထိုပွဲး​တော်​ညသည်
်​လူတိုးမ​ပေါက်​​အောင်​ စည်​ကားလှသည်​။

ဤ ပွဲးသည်​ မြို့ငယ်​​လေး၏
ဂုဏ်​သိက္ခာ အထင်​ကရတခုဟုဆိုလျှင်​မမှား...။
သို့မဟုတ်​......ဤဇာတ်​လမ်း၏ အစ..။

"ဟိတ်​ ရွက်​ ရွက်​ "
သွားပြီ... ဇာတ်​လမ်းစ​ချေပြီ...။
သ​ကောင့်​သားက အခြားမဟုတ်​ ကျွန်​​တော်​တို့ သူငယ်​ချင်းအုပ်​စုထဲမှာ သီဟ။
အရပ်​အရှည်​ဆုံးဖြစ်​သလို ​​လေ​လဲရှည်​သည်​။ရုမ်းတရုတ်​စပ်​မို့ အသားဖြူ၏။ ရည်​မွန်​သန့်​ပြန့်​​သော မျက်​နာထားရှိ​သောလဲ
ရုပ်​နှင့်​မလိုက်​စွာ
ဗရုပ်​အကျဆုံး ဖြစ်​သည်​။ပွဲးသွားပွဲးလားများနှင့်​စည်းကား၍ လူကျပ်​​သော​နေရာတခုအ​ရောက်​တွင်​ တစ်​ဖက်​မှ​ကောင်​မ​လေးအုပ်​စုကို ​စ​နေခြင်းဖြစ်​သည်​။

လိုက်​လာမိတာ မှားပြီဟု ကျွန်​​တော်​ စိတ်​ထဲက​တွေးလိုက်​မိသည်​။
မျက်​နာကိုဖွတ်​ထားမိသည်​။
ထိုနှင့်​ တပြိုင်​နက်​ ​အောင်​ခန့်​ကို လှမ်းကြည့်​မိသည်​။
အောင်​ခန့်​ မျက်​နာ ပျက်​​နေသည်​။ သူက ဂျစ်ကန်​ကန်​မိုက်​ကန်းကန်းတမျိုး ​ကောင်​မ​လေးများနှင့်​ ​ရေား​နောမဆက်​ဆံတတ်​။
ယခု ကျွန်​​တော်​နှင့်​ ဘဝတူ ။
နစ်​​ယောက်​သာ ကုပ်​​ချောင်း​ချောင်းနှင့်​ လိုက်​လာသည်​။
တိုင်​ပင်​ထားသည့်​အတိုင်း အတိုင်​အ​ဖောက်​ကညီ​နေသည်​။
ညီ​နေသည်​။ သီဟနှင့်​ ​ကောင်​မ​လေးအုပ်​စုဟုသာ
ဆိုကြပါစို့။
ကောင်​မ​လေးအုပ်​ကလဲ စုစု​ပေါင်း ၄ ​ယောက်​။
ကျွန်​​တော်​တို့လဲ ၄ ​ယောက်​။နည်းနည်း​တော့ မြန်​မာကားဆန်​​ပေမည်​။ သို့​သော်​ သူတို့တွင်
ပေါး​တေား​တေား အစ်​ကိုတစ်​​ယောက်​မပါ။
အသက်​ ​လေးဆယ်​ခန့်​ရှိ​သော အန်​တီကြီးတစ်​​ယောက်​သာပါသည်​။
ပွဲး​ကလဲ လူကျက်​သထက်​ ကျက်​လာသည်​။
နောက်​ပြန်​လှည့်​လို့လဲမဖြစ်​။
ဘေးထွက်​၍လဲမရ။
သီဟက​တော့အ​တော်​​ပျော်​​နေသည်​။
ကောင်​မ​လေးအုပ်​ထဲမှာ တ​ယောက်​နှင့်​အတိုင်​အ​ဖောက်​ညီ​နေသည်​ဟုဆိုရမည်​။တစ်​ဖက်​မှ​ကောင်​မ​လေးတစ်​​ယောက်​မှ အသံမထွက်​​သော်​လည်း သ​​ဘောကျ​သောအမူအရာဖြင့်​ ​ပြုံးစိစိ။
သ​ကောင်းသားအား တားမရ​တော့။
ကောင်​မ​လေးအုပ်​​နောက်​တ​ကောက်​​ကောက်​လိုက်​သည်​။ကောင်​မ​လေးကလဲ လူမကွဲး​အောင်​ လမ်းပြသည်​။ဟုတ်​​တော့ဟုတ်​​​နေပြီ ။
ကျွန်​​တော်​လည်း သက်​ပြင်းသာအကြိမ်​ကြိမ်​ချနိင်​​တော့သည်​။

.................................
ရုပ်​ရှင်​ဇာတ်​ကားဆန်​ပြရလျှင်​....
သီဟသည်​ မင်းသားဖြစ်​၍ တဖက်​မှအမည်​မသိမိန်းခ​လေးသည်​မင်းသမီးဖြစ်​မည်​ဟု ဆိုရမည်​။ သို့​သော်​ တကယ့်​real life တွင်​မူ ရုပ်​ရှင်​ကဲ့သို့ မရိုးရှင်းမှန်​ စာဖတ်​သူတို့ သိရှိပါ​လေ................
.................
အပိုင်း(၃)ဆက်​ရန်
image

Author by @sattpaing
Credits by Google photo
MSU 011

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by sattpaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Good bro

Thank you

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu