တော်ဝင်သဇင်ပန်းလို နန်းဆန်တဲ့ ကောင်မလေးရေ...
မင်းလေးကို ဘုရားသခင်က ဖန်ဆင်းပေးလိုက်တဲ့ ကိုယ့်ရဲ့ နောက်ဆုံးနံရိုးတချောင်းလေးလို့ ထင်မိတယ်။
စလုံလူမျိုးတွေလို ရိုးသားပြီး အပြစ်ကင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားတဲ့ မင်းလေးအတွက်ဆိုရင် ရာမ မင်းသားနဲ့အပြိုင် ရူဒြာလေးကိုပဲ တင်ရတင်ရ..၊ Hulk နဲ့ပဲ အပြိုင် ဖိုက်ရဖိုက်ရ...ကိုယ်...အရာအားလုံးကို ရင်ဆိုင်ရဲပါတယ်။
မင်းလေး နှုတ်ဖျားက ထွက်လာတဲ့ ဆည်းလည်းသံလေးကို ကြားရင်...ကိုယ် မပြောနဲ့... ကမ္ဘာကြီးတောင် ကြွေသွားနိုင်ပါတယ်။
မင်းလေးရဲ့ အကြည့်နုနုလေးတွေကို ရင်ဆိုင်လိုက်ရတဲ့ အချိန်တိုင်း ကိုယ့်နှလုံးခုန်နှုန်းက Lamborghiniကား ထက်မြန်သွားတယ်။
မင်းလေးက ကိုယ့်အတွက် တော်လေးဝဝင် မိန်းမတယောက် မဖြစ်ရင်တောင် ကိုယ်က ကျန်စစ်သားမင်းရဲ့ အရိန္ဒမာလှံလို မင်းလေးကို တသက်လုံး သစ္စာရှိရှိ ချစ်သွားမယ်ဆိုတာ ယုံကြည်ပေးပါ။
ကျေးဇူးပြုပြီး ကိုယ့်ရဲ့ ပန်းခင်းထားတဲ့ နှလုံးသားပေါ်ကို မင်းလေး ခြေဗလာနဲ့ ရဲရဲတင်းတင်း လျှောက်လှမ်းလာခဲ့ပါ..။
င်ကွဲနာ
နင့်ကို ငါမမုန်းပါဘူး..
မဆုံနိုင်မှန်းသိရဲ့သားနဲ့
ဆုံဆည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာကြီးကိုပဲ
ငါ.... အပြစ်ဆိုချင်ခဲ့တာပါ။
နင့်ကို ငါသတိရတိုင်း လွမ်းနေခဲ့တာပါ..
ကျေးဇူးပြုပြီး ငါ့စကားတွေကို...
မယုံချင်နေပါ ပြက်ရယ်မပြုပါနဲ့
မယုံချင်နေပါ မလှောင်ပါနဲ့။
အရင်လို မင်းနဲ့ငါနဲ့က
ရှေ့ဆက်သွားနေတုန်းပါပဲ..
ဒါပေမဲ့ တယောက်တလမ်းစီ
ဖြစ်သွားခဲ့ပြီ ဆိုတာ နောက်မှငါသိခဲ့ရတယ်။
မဖြစ်နိုင်မှန်းသိပေမဲ့
ဖြစ်နိုင်ရင် အချိန်တွေနောက်ပြန်ဆုတ်ချင်တယ်..။
သေချာတယ်..
လူတိုင်းမှာ ငါ့လိုပဲ
နောက်ပြန်ဆုတ်ချင်ခဲ့တဲ့.. နေ့တရက်ရက်တော့
ရှိနေလိမ့်မယ်..။
Writer by@sibobo
Here's a banana!