လောကကြီးတွင် လူတိုင်းဟာ အမှန်တရားရှိချင်တဲ့ဆန္ဒတွေရှိတယ်။ သို့သော် လူတိုင်းဟာ အခြေအနေအထားတွေအပေါ်မှာ အမှန်တရားနဲ့ပတ်သက်ပြီး ရိုးရိုးသားသား ရပ်တည်ချင်တဲ့ဆန္ဒမရှိကြပါဘူး။ ဘဝမှာ ဖြစ်ပေါ်လာတဲ့အမှန်တရားနဲ့ပတ်သက်ပီး မှန်ကန်တဲ့ဘက်က ရပ်တည်နိင်တာဟာ သတ္တိရှိတာပါ။
လောကကြီးမှာ မွန်မြတ်တဲ့အရာမှန်သမျှဟာ ဖြူစင်တဲ့အမှန်တရားနဲ့ သတ္တိရှိတာတွေပါ။
မကောင်းတဲ့အရာမှန်သမျှကို ရှောင်ကြဉ်နိုင်တာဟာလဲ သတိနဲ့ သတ္တိရှိတဲ့သူတွေပါပဲ။ကြိုးစားတယ်ဆိုတာ တစ်နည်းအားဖြင့် သတ္တိရှိခြင်းဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းသူတွေဟာ သတ္တိရှိကြသကဲ့သို့၊ သတ္တိရှိတဲ့သူတွေဟာလဲ ကိုယ်ရည်ကိုယ်သွေး ကောင်းကြပါတယ်။ အမှန်တရားကိုရွေးချယ်တက်ပြီး သတ္တိရှိပြီး ကြိုးစားအားထုတ်မယ်ဆိုရင် အောင်မြင်မှုဟာ လက်တစ်ကမ်းမှာ ရှိပါတယ်။ သင် ကြိုးစားဖို့ပဲ လိုအပ်တာပါ။
Credit Photo Facebook