'အရိုင်းပန်း'
အပိုင်း(14)
တုန့်ပြန်မှုအားနည်းတယ် ဒါပေမဲ့
ခံစားမှုကတော့အားပိုပိုပြီအားကောင်းလာတယ်
••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကျွန်တော်ရင်ဘက်တွေနာကျင်လိုက်တာ ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုလည်းခံစားရတယ် ယွန်းအခုလိုဖျားတာ ကျွန်တော်ကြောင့်လေ
တစ်ကိုယ်လုံးလည်းချွေးတွေရွှဲနှစ်နေတယ်ယွန်းအဖျားတွေကြီးပြီး ကယောင်ကတန်း စကားတွေပြောနေတယ် ကျွန်တော်ယွန်းလက်လေးကိုဆုတ်ကိုင်ထားပြီးယွန်းနေကောင်းဖို့ဆုတောင်းနေတော့တယ်
ယွန်းဘယ်လောက်တောင်အဖျားကြီးလည်ဆိုရင် နဖူးပေါ်ရေစိုအဝတ်တင်ပေးရတာ ဘယ်နှစ်ထည်ရှိပြီလည်းမသိတော့ဘူး
ဆရာဝန်က ဆေးပေးပြီးဆေးတော့ထိုးခဲ့ပါတယ် ဒါပေမဲ့ယွန်းကတော့ အိမ်ပျော်နေဆဲ
ကျွန်တော်ယွန်းနိုးလာရင် ဗိုက်ဆာမှာပဲ ဆေးလည်းသောက်ရအုံးမှာဆိုတော့ အစားစားဖို့လိုတယ်
ကျွန်တော် မီးဖိုချောင်လေးထဲဝင်ပြီးဆန်ပြုတ်လေးပြုတ်နေတယ် ကျွန်တော်ဆန်ပြုတ်ပြုတ်ပြီးထွက်လာတော့ အိပ်ရာပေါ်မှာယွန်းလူးလိမ့်နေတာနဲ့
'ယွန်း နိုးပြီလား ယွန်း ရော့ ဆန်ပြုတ်လေးသောက်လိုက်နော် ပြီးရင်ဆေးသောက်ရမယ် နင်နေကောင်းမှဖြစ်မှာဟ'
'ခွမ်း'
ယွန်း လက်ယာလက်ထဲကပန်းကန်ကိုရိုက်ချလိုက်တယ် ယွန်းရဲ့ရိုက်ချကြောင့် ပန်းကန်ကြမ်းပြင်မှကျပြီးကွဲသွားတယ်
'ငါက နင်ကျွေးတာကိုစားရမယ်ဟုတ်လား ပြီးတော့ ဒီလိုစုတ်ပြတ်သတ်နေတဲ့ ဒီအခန်းလေးထဲမှာငါ မနေနိုင်ဘူး ငါ့ဘဝဘာမှမရှိတော့ အားလုံးမရှိတော့ ဘူး နင်ကြောင့် နင့်ကြောင့်'
ယွန်းပါးပြင်မှာ မျက်ရည်ပူတွေစီးကျပြီးလက်ယာကိုစေ့စေ့ကြည့်ကာပြောနေတယ်
လက်ယာကတော့သူလက်ပေါ်ကျသွားတဲ့ ပူလောင်တဲ့ ဆန်ပြုန်ပူတွေကိုမ မှုတော့ပဲ ကျကွဲသွားတဲ့ ပန်းကန်အကွဲလေးတွေကိုတစ်ခုချင်းစီလိုက်ကောက်နေတယ်
ယွန်းရဲ့ခြေဖဝါးနုနုလေးစူးလို့မဖြစ်ဘူး ငါပဲရင်ကျိုးရမှာ
လက်ယာပန်းကန်အကွဲတွေကိုကောက်ပြီး
ယွန်းမျက်နှာကိုကြည့်ကာ
'ယွန်း နင်ငါ့ကိုမုန်းတယ်ဆိုပေမဲ့
နင့်ကျန်းမာရေးကိုနင်ထည့်တွက်ပါ
ငါနင့်ဆီကခွင့်လွှတ်မှုကိုငါမလိုချင်ပါဘူး
နင်ပျော်ဖို့ပဲလိုတာပါ
နင့်ဘဝကြီး မဆုံးရူံးသေးပါဘူး
နင်ကျောင်းဆက်တတ်ပါ နင်ကိုငါ့အစစအရာရာ ပြီးပြည့်စုံအောင်ငါထားမယ်'
'ဟားဟား နင်က ဒီလိုဘဝမျိုးမှာငါပျော်မယ်ထင်လား ငါ့ကိုပြီးပြည့်စုံအောင်ထားမယ် ဟုတ်လား နင် ငါ့ရဲ့အရင်ဘဝမျိုးကိုနင်ပေးနိုင်လို့လား'
လက်ယာဘာစကားမှမပြောပဲ မီးဖိုခန်းလေးထဲဝင်သွားပြီးနောက်ပန်းကန်လေးနဲ့ဆန်ပြုတ်ကိုထည့်လာတယ်
'ရော့ယွန်း ဆန်ပြုတ်လေးသောက်လိုက်နော် ပြီးရင်နင်ဆေးသောက်ရမှာ အစာရှိမှဖြစ်မယ်'
ယွန်းလက်ယာလက်ထဲက ပန်းကန်းကိုဆွဲယူလိုက်ပြီး လက်ယာကိုပစ်ပေါက်လိုက်တယ်
'ခွပ်'
'အား'
နာကျင်လှတဲ့ အတွက်ကြောင့်ကျွန်တော်အော်မိတယ်
လက်ယာနဖူးမှာသွေးတွေစွန်းသွားပြီး ဘယ်ဘက်မျက်စီပေါ်ကိုသွေတွေစီးကျလာတယ်
လက်ယာအမြင်တွေဝေဝါးသွားပြီး လက်ဖမိုးနဲ့ မျက်လုံးပေါ်ကသွေးတွေကိုသုတ်လိုက်တယ်
နာလိုက်တာ ခေါင်းကိုမူးနောက်သွားပြီး ဒဏ်ရာကလည်းသွေးတွေအဆက်မပြတ်ထွက်နေတယ် လက်ယာ ချိတ်ထားတဲ့ အိတ်လေးကိုစလွယ်သိုင်းလိုက်ပြီး
'နင် ဗိုက်ဆာရင် အိုးထဲမှာ ဆန်ပြုတ်လေးရှိတယ် နင်သောက်လိုက်နော် ပြီးရင်ဆေးသောက်ဖို့မမေ့နဲ့ဦး ငါအလုပ်သွားလိုဦးမယ်'
'နေဦးလက်ယာ နင်ပြန်လာရင် မွေ့ယာတစ်ခုဝယ်လာခဲ့ပြီးရင် ငါဝတ်ဖို့အဝတ်အစားလည်းဝယ်လာခဲ့ နင့်အဝတ်အစားတွေငါမဝတ်နိုင်ဘူးရွံလို့'
'အေးပါဟာ'
ကျွန်တော်ဘယ်လိုဝယ်နိုင်မှာလည်လက်ထဲမှာရှိတဲ့ပိုက်ဆံတွေကလည်းဆရာဝန်ပြတာနဲ့ လိုအပ်တာဝယ်တာနဲ့ကုန်ပြီ အလုပ်မဆင်းတဲ့ရက်တွေကများတော့ လုပ်နေကျဆိုင်တွေကတောင်လက်ခံပါ့မလားမသိဘူး
နာလိုက်တာဒဏ်ရာကလည်း လက်ကိုင်ပဝါလေးနဲ့အုပ်ပြီး ကျွန်တော်အလုပ်တွေလိုက်ရှာနေတယ်
အမြင်တွေမှုံဝါးလာပြီး
'ဖုန်း'
ကျွန်တော်မူးလဲသွားတယ်
ကျွန်တော်ထလာတော့ ဆေးရုံကိုရောက်နေတယ်
ကောင်းကင်နဲ့ မြတ်အိမ်
ကျွန်တော်လန့်သွားတယ် ကောင်းကင်ကကျွန်တော်ကို
'မလန့်ပါနဲ့ ငါတို့နှစ်ယောက်က လမ်းလျှောက်လာရင်းလူတွေဝိုင်းကြည့်နေကြတာ ဒါနဲ့ငါတို့ကလည်းဘာဖြစ်မှန်းမသိလို့သွားကြည့်တာမင်းမူးလဲနေတယ်လေ ဒါကြောင့်ငါ့တို့နှစ်ယောက်က ဆေးရုံပို့ပေးထားတာ '
ကျွန်တော် ပျော်သွားပြီး
'ကျေး ကျေးဇူးနော် '
ကျွန်တော်မျက်ရည်စလေးတွေ ကျလာပြီး မြတ်အိမ်က ကျွန်တော်လက်ကိုဆုတ်ကိုင်လိုက်ပြီး
'ဘာမှမဖြစ်ပါဘူး ငါတို့ကသူငယ်ချင်းတွေပဲ '
ကျွန်တော် မှာပထမဦးဆုံးသူငယ်ချင်းတွေရခဲ့ပြီကျွန်တော်ပျော်လိုက်တာ အရမ်းပျော်တယ် ကျွန်တော်သူတို့နှစ်ယောက်ကိုပြုံုးပလိုက်ပြီး ကျွန်တော်တစ်ခုခုကိုသတိရသွားတယ်
'ဘယ် ဘယ်အချိန်ရှိပြီလဲ '
'ညနေငါးနာရီထိုးပြီ'
ကျွန်တော်လန့်သွားတယ် ကျွန်တော် ယွန်းမှာတာတွေ ဝယ်ဖို့ပိုက်ဆံတစ်ပြားမှမရှိဘူး ကျွန်တော်ဘယ်လိုလုပ်ရမလဲ
'ဒါနဲ့လေ သူငယ်ချင်းငါ့ကိုပိုက်ဆံလေးနည်းနည်းလောက်ချေးလို့မရဘူးလား'
ကျွန်တော်ဆေးရုံကဆင်းပြီးချေးထားတဲ့ပိုက်ဆံလေးနဲ့ယွန်းမှာတာလေးတွေကိုဝယ်လာခဲ့တယ်
ကျွန်တော်ရောက်တော့ ယွန်း အိပ်ပျော်နေတယ်
ကျွန်တော်ယွန်းနဖူးလေးစမ်းကြည့်တော့ အဖျားကတော့ကျသွားပါပြီ
ကျွန်တော်ယွန်းကိုနိုးပြီး ဝယ်လာတဲ့စားစရာလေးတွေကို ကျွေးလိုက်တယ်
မနက်ဖြန် ကျရင် ဘယ် လို တွေဆက်ဖြစ်မလဲ
တုန့်ပြန်မှုအားနည်းပေမဲ့
ခံစားမှုကတော့ပိုပိုပြီးအားကောင်းလာတယ်
မနက်ကျတော့ကျွန်တော် အရင်ထပြီးယွန်းစားဖို့ရှိတာလေးတွေနဲ့ မနက်စာပြင်ပေးလိုက်တယ်
ယွန်းကိုနိုးပြီး မနက်စာကျွေးလိုက်တယ်
ယွန်းကတော့ မနက်စာကိုနည်းနည်းလေးပဲစားပြီး
'ယွန်း နင် ဒီနေ့ကျောင်းတတ်ရမယ်နော် ဒီမှာပိုက်ဆံ'
'ဟာ ဒီပိုက်ဆံလေးနဲ့ငါဘယ်လိုလောက်မလဲ နင်မှာရှိတာအကုန်ပေး'
လက်ယာ တွန့်ဆုတ်စွာနဲ့ ဘောင်းဘီအိတ်ကတ်လေးထဲကပိုက်ဆံလေးတွေကိုထုတ်ပေးလိုက်တယ်
'ဒီလောက်ဆိုလောက်ပြီ ဒါနဲ့နင်ရော ကျောင်းမတတ်ဘူးလား'
'ငါက မလိုပါဘူး နင်ပဲတတ်ပါ ငါတို့ဘဝသာယာဖို့ ငါပိုက်ဆံတွေရှာ•••'
လက်ယာစကားမဆုံးခင်မှာပဲ ယွန်းထသွားတယ်
လက်ယာတော့ယွန်းကိုကြည့်ပြီး
ငါ မပျော်ဘူး ယွန်းရယ် နင်ကိုငါပိုင်ဆိုင်ရမယ်လို့ငါပျော်မယ်ထင်တာ ဒါပေမဲ့ငါကျေနပ်ပါတယ် နင် ငါ့ဘက်ကိုတစ်ချက်လောက်စာနာကြည့်ပါအုံးဟာ
ကျွန်တော် အလုပ်ရှာဖို့ထွက်လာခဲ့တယ်ကျွန်တော်bus carမှတ်တိုင်အရောက်
' ဟာ ကောင်းကင် မြတ်အိမ် '
'ဟုတ်တယ် ငါတို့မင်းကို စောင့်နေတာ'
'ဘာလုပ်ဖို့လဲ'
'မင်းနေကောင်းလား လာကြည့်တာပါ ပြီးတော့မင်းအိမ်ကိုလည်ငါ့တို့ကမသိလို့လေ'
ကျွန်တော်ပျော်လိုက်တာ ကျွန်တော့်ကိုစိတ်ပူပေးမဲ့သူငယ်ချင်းတွေ ရှိနေပြီလေ
'ငါ ငါနေကောင်းပါတယ် ကျေးဇူးနော် '
'အွန်းပါ ငါတို့စကားပြောချင်လို့ ကော်ဖီဆိုင်ခဏထိုင်ကြရအောင်'
ကျွန်တော်တို့ကော်ဖီဆိုင်ထိုင်ပြီး မြတ်အိမ်က
'မင်းကျောင်းမသွားဘူးလား'
'ငါ ငါ ကျောင်းထွက်လိုက်ပြီ'
'ဟင်ဘာဖြစ်လို့လဲ '
ကောင်းပင်အလန့်တကြားနဲ့မေးလိုက်တယ်
'ငါ အခုယွန်းနဲ့အတူနေတာ ငါနဲ့ယွန်းနဲ့ကိစ္စကို ယွန်းဖေဖေသိသွားလို့ယွန်းကိုအိမ်ပေါ်ကနင်ချထားတာလေ သူအခုလိုဖြသစ်တာလဲ ငါကြောင့်ဆိုတော့ ငါသူ့ကို စောင့်ရှောက်ပေးဖို့တာ ဝန်ရှိတယ် ဒါကြောင့်ငါပိုက်ဆံရှာဖို့ကျောင်းထွက်လိုက်တာ'
ကောင်းကင်နဲ့မြတ်အိမ် မျက်ရည်တွေဝဲလာပြီး
'မင်းပိုက်ဆံလိုအပ်ရင်ငါတို့ကိုပြောနော် '
'ရပါတယ်ကွာ ငါလည်းမင်းတို့ကိုအားနာလှပါပြီ'
'ဘာမှအားနာမနေနဲ့ငါတို့ကသူငယ်ချင်းတွေပဲ'
'ဒါနဲ့ဒီကိစ္စတွေကို စစ်သွေးကိုမပြောပါနဲ့နော် ငါစစ်သွေးနဲ့ရင်မဆိုင်ချင်သေးလို့ပါ'
'အေးပါ ငါတို့မပြောပါဘူး ဒါနဲ့ မင်းနဲ့ယွန်းနဲ့က '
လက်ယာ မျက်တောင်လေးကိုပင့်သက်လိုက်ပြီးသက်ပျင်းချလိုက်တယ်
'ယွန်းကငါ့ကိုမုန်းနေတာ မင်္ဂလာပွဲပျက်တာလည်းငါ့ကြောင့် သူအိမ်ပေါ်ကနင်ချခံရတာလည်းငါကြောင့်ဆိုပြီးငါ့ကိုမုန်းတီးနေတာ'
ကျွန်တော် ကောင်းကင် မြတ်အိမ်တို့နဲ့ စကားတွေပြောပြီး ကောင်းကင် လိုက်အပ်ပေးလို့ကျွန်တော် လုပ်ငန်းခွင်တစ်ခုမှအလုပ်ရခဲ့တယ်
ပင်ပန်းလိုက်တာ ဒါပေမဲ့ယွန်းရဲ့မျက်နှာလေး စိတ်ကူးထဲမှာပေါ်လာရင် ပင်ပန်းမှုဒဏ်ပျောက်သွားပြန်တယ်
*****************************************အပိုင်း(15)မျှော်*****