** အဲနေ့မှာ သူငယ်ချင်းတွေစုပြီး အိမ်တစ်အိမ်အိမ်မှာ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုကို အတူတူကြည့်ပြီး ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးနိုင်ပါတယ်။ သရဲကား၊ ဟာသကား၊ ဒရမ်မာစတာတွေကြည့်ပြီး သူငယ်ချင်းတွေ အပျင်းပြေအောင် ပြုလုပ်နိုင်ပါတယ်။
** ဟင်းတူတူချက်စားတာ၊ မုန့်လုပ်စားတာကလည်း သူငယ်ချင်းအချင်းချင်း ဖေးမကူညီရင်းနဲ့ ပျော်စရာကောင်းတဲ့ အချိန်ဖြစ်စေနိုင်ပါတယ်။ မုန့်လေးတွေစားရင်း စကားပြောရင်းနဲ့ အချိန်တွေ ကုန်ဆုံးစေနိုင်ပါတယ်။
** သီချင်းတွေကို မကြိုက်တတ်တဲ့သူတွေက ခပ်ရှားရှားရယ်ပါ။ သူငယ်ချင်းတွေအတူတူ ပျော်ပျော်ပါးပါး ကာရာအိုကေ သီဆိုရင် ဗယ်လင်တိုင်းဒေးမှာ ပျော်စရာကောင်းတဲ့ အချိန်တွေ ဖန်တီးနိုင်ပါတယ်။
** ကိုယ့်ရဲ့ BFF တွေနဲ့အတူတူ ညဘက်ရောက်တဲ့အခါ ဘားဆိုင်ကောင်းကောင်းလေး တစ်ခုမှာထိုင်ပြီး ဂီတသံစဉ်တွေ ကြားမှာ မြူးကြွနေလို့ ရပါတယ်။
** ခရီးထွက်တာကို လူတိုင်းကြိုက်နှစ်သက်ကြမှာပါ။ ဒါဆို ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတူတူ ခရီးတိုလေးတစ်ခု ထွက်ရင်းပျော်ပွဲစားထွက်လို့လည်းရပါတယ်။ ဂိမ်းလေးတွေဆော့ရင်းနဲု့ ငယ်ဘဝကအချိန် တွေကို ပြန်ပြီး ခံစားနိုင်ပါတယ်။
** ရေကူးကန်သွားရင်း အပန်းဖြေတာမျိုးလည်း သူငယ်ချင်းတွေနဲ့ အတူတူဆိုရင်ပျော်စရာကောင်းမှာပါ။
ဒါဆို ချစ်သူများနေ့မှာ သူငယ်ချင်းတွေရှိရင် အထီးမကျန်နိုင်တော့ဘူးပေါ့။
Credit photo-google photo
good post
ဟုတ်
သူများအားမကိုပါနဲ့.ကိုယ့်ကိုယ်ကိုအားကိုးပါ
ဟုတ်
ကိုယ်ချင်းစာပါတယ်...ဗျ
ဟုတ်
ကြိုးစားပါ...ညေး
ဟုတ်