ပါးပြင်ပေါ် ကျဆင်းလာသည့် မျက်ရည်တစ်စက်ကို သူမလက်ဖဝါးနုနုလေးဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
ထို့နောက် မှန်တင်ခုံပေါ်ရှိ အလှပြင်ပစ္စည်းများကလည်း သူမဒေါသကြောင့် အခန်းထဲပြန့်ကျဲလျှက်~~~
မျက်ဝန်းများက အခန်းထဲရှိ ဝတ်စုံတခုဆီရောက်မိတော့ ရင်ထဲတဆစ်ဆစ်နာကျင်လာရ
သည်။
"အား!! မုန်းတယ်
ရှင့်ကိုအရမ်းမုန်းတယ်"
အရုပ်တွင် ဝတ်ဆင်ထားသော နံသာရောင်သတို့သမီး ဝတ်စုံလေးက သူမမာနကို ရိုက်ကျိုးနေသလိုပင်။
ထိုဝတ်စုံလေးက သူမအရှုံးရဲ့ပြယုဉ်ပေလား~~~~
တွေးမိတိုင်းရင်ထဲက တဆစ်ဆစ်နာကျင်နေရ၏။
ရုတ်တရတ်ပြန်မြင်ယောင်လာမိ
သည်က သူ့ရဲ့စွဲမက်ဖွယ်ကောင်းသော အပြုံး
မိန်းကလေးတော်တော်များများ၏ နုလုံးသားကို ခြွေချပစ်နိုင်လောက်အောင် ကြွေစေသော သူ့ရဲ့ပုံရိပ်~~~
ထိုအရာများကို မြင်ယောင်မိတော့ သူမနှုတ်ခမ်းဖူးဖူးလေးကို မညှာမတာ ဖိကိုက်လိုက်မိသည်။
မုန်းတယ်~~~အဲ့ဒီအပြုံး
မုန်းတယ်~~~သူ့ရဲ့ရင်ခွင်
မုန်းတယ်~~~သူမကိုချစ်ပါသည်ဟု အကြိမ်ကြိမ်ရေရွတ်နေခဲ့သော သူ၏နုလုံးသားတစ်စုံ~~
အားလုံးကိုမုန်းမိသည်။
နောက်ဆုံး အချစ်ကိုမယုံကြည်သော
မိန်းမတစ်ယောက်ရဲ့အချစ် ~~~
ရင်ထဲ၌ အမုန်းတရာများက ခါးသီးစွာချဉ်းနင်းဝင်ရောက်လာ
လေသည်။
သူမအဖြစ်ကို အကောင်းဆုံးဖန်တီထားသော သတို့သမီးဝတ်စုံလေးက လှောင်ပြောင်နေပြီလား~~~
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်အတိုင်း သူမရဲ့ခမ်းနားလှသော လက်ထပ်ပွဲကြီးတွင် ချစ်ရသူလက်ကိုတွဲကာ အပြုံးတပွင့်ဖြင့် ဘဝတခုစချင်မိပါရဲ့~~~
မနက်ဖြန် ဆိုလျှင် အမုန်းဆုံးလူတစ်ယောက်ရဲ့ ရင်ခွင်ထဲ သူမဘဝကို ဝကွက်အပ်ရတော့မည်။
သူမအဖြစ်က အမြဲတမ်း သူ့ကိုအရှုံးပေးရခြင်းလား~~?
တချိန်က ဖြစ်ပေါ်ခဲ့သော အချစ်တခုက ယခုအချိန်တွင် အမုန်းအဖြစ်သို့ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
'အချစ်' ~~~
စကားလုံးနှစ်လုံးတည်းနှင့် လူသားတွေကို ညှို့ယူဖမ်းစားနိုင်စေသောအရာပင်။
ထိန်းထားသည့်ကြားမှပင် မျက်ရည်တစ်ပေါက်က ကြွေလွင့်လာရ၏။
ဆုတောင်းတခုကိုသာ တောင်းပါဟုဆိုလျှင် 'အချစ်'
ဟူသော အရာကို မုန်းနိုင်ဖို့သူမဆုတောင်းပါမည်။
ကမ္ဘာဦးအစ၌ အာဒံသာ ပန်းသီကိုမခူးဖြစ်ခဲ့ဘူး ဆိုလျှင်~~~
ဧဝသာ ထိုပန်းသီးကို မစားဖြစ်ခဲ့ဘူးဆိုလျှင်~~~~
'အချစ်' ဟူသော အရာသည်လည်း~~
"ဒေါက်...ဒေါက်...ဒေါက်
သမီးရေ...အနမ်း
မအိပ်သေးဘူးလား "
အခန်းအပြင်ဘက်မှ မာမီ့အသံကြောင့် မျက်ရည်တို့ကိုအလျင်အမြန်သုတ်လိုက်သည်။ ငိုချင်နေသောအသံတို့အား ထိန်းထားရင်းမှ....
"အိပ်တော့မှာ မာမီ"
"အေးအေး...အိပ်တော့
အိပ်ရေးဝမှ မနက်ကျသမီးမျက်နှာလေး ဖောင်းဖောင်းလေးနဲ့လှမှာ...
မာမီ သမီးအဖော်ရအောင် လာအိပ်ပေးရမလား
သမီးဒယ်ဒီကတောင်
ပြောနေသေးတယ်.....သမီးကို တစ်ယောက်ထဲလွှတ်မထားနဲ့တဲ့"
သူမ မျက်နှာလေးတချက်မဲ့သွားသည်။
မနက်ဖြန်လက်ထပ်ပွဲကြောင့် အနမ်းတခုခုလုပ်သွားမှာ စိုးရိမ်နေကြတာ သူမသိသည်။
မင်္ဂလာပွဲအမှီဒယ်ဒီရောက်လာ
သောကြောင့် သူမပျော်ရ၏။
ဒယ်ဒီနဲ့အလင်းဘွဲ့ကတော့ အစေးကပ်နေကြသလိုပင်။
"ရတယ်...မာမီ
အခုပဲအိပ်တော့မှာ..."
"အေးအေး..အိပ်တော့
မနက်ဖြန် hotel စောစောသွားပြီး
မိတ်ကပ်ပြင်ရဦးမယ်"
မာမီ့်ခြေသံဝေးဝေးရောက်သွားမှ သူမစိတ်လွတ်လပ်သွားရသည်။
အိပ်ယာပေါ်ဝုန်းခနဲလှဲချလိုက်ကာ မျက်ဝန်းတို့ကိုမှိတ်လိုက်သည်။
ဘာရယ်မဟုတ်ဘဲ လက်ကသူမနှုတ်ခမ်းဖူးဖူးလေးကို ရောက်သွားတော့ သူဇွတ်တရွတ်အနိုင်ယူသွားသော အနမ်းရိုင်းတို့ကို ခါးသီးမိလေ၏။
"ဒီလက်ထပ်ပွဲအတွက် ရှင်နောင်တရစေရမယ် အလင်းဘွဲ့"
မုန်းတီးသောစိတ် နာကျင်သောစိတ်များကို အနမ်းကရင်ဝယ်ပိုက်ထားရင်း ရှေ့ဆက်မည့်မနက်ဖြန်တိုင်းသည် သူနှင့်ဆန်ကျင်ဘက်သာဖြစ်ရမည်။
"ဟယ်...သတို့်သမီးလေးက အရမ်းလှတာပဲ ကြည့်စမ်း...
နဂိုကပြီးပြည့်စုံတဲ့အလှဆိုတော့ သိပ်တောင်မပြင်လိုက်ရဘူး....
ကိုကိုမင်းသားတော့ ငေးနေတော့မှာပဲ"
မိတ်ကပ်ပြင်ပေးသော မာမီကအနမ်းအား ချီးမွန်းခန်းဖွင့်လို့မဆုံးတော့။ သူမကတော့ မှန်ထဲမှမိန်းကလေးတစ်ယောက်အား
ငေးကြည့်နေမိသည်။
"ဟုတ်ပါရဲ့..မာမီ့သမီးလေးက လှလိုက်တာ အရမ်းပဲ...ဒါကြောင့်သားက တမ်းတမ်းဆွဲဖြစ်နေတာ "
အလင်းမာမီကလည်း သူမအားချစ်စနိုးလေးကြည့်ကာဆို
သည်။ အနမ်းကတော့ ရင်ခုန်သလိုရင်တုန်သလို ခံစားချက်ကတမျိုးပင်။
"ဟော...သား မင်းကဘာလာလုပ်တာတုန်း "
သူမ ကြည့်နေသောမှန်ထက်မှ ဆွဲဆောင်မှုရှိသောအပြုံးကိုပြုံးထား
သော အလင်းဘွဲ့ပုံရိပ်ကပေါ်လာသည်။
သူက အနမ်းနားတလှမ်းချင်း
လျှောက်လာရင်း....
"အနမ်းကို လာကြည့်တာမာမီ..."
"အမလေးတော်...နောက်လဲတွေ့ရမှာပဲကို အကဲပိုနေလိုက်တာ.."
"အဟဲ....မာမီကလည်း"
အားလုံးဝိုင်းပြောတော့ အလင်းဘွဲ့မျက်နှာကြီးရဲကာရှက်နေလေသည်။ သူမမျက်နှာလေးကိုလဲ တစိမ့်စိမ့်ကြည့်နေတာကြောင့် အနမ်းမျက်နှာပင်မထားတတ်တော့။
"ကဲ...မင်္ဂလာချိန်နီးပြီ သွားကြစို့
သမက်လောင်းလေးကလဲ နောက်မှမီးငယ်ကိုထိုင်ငေးတော့....
တကယ်ကွာ....ဒီကောင်လွန်လွန်းတယ်
ဖအေရှေ့တောင်မရှောင်ဘူး "
ပျော်တတ်သောသူမဒယ်ဒီက ဝင်နောက်သောကြောင့် ပွဲကပိုစည်သွားလေသည်။ သူမကတော့ ပြုံးသာပြုံးနေလိုက်၏။
သူကတော့ အောင်နိုင်သူတစ်ယောက်လို
မျက်နှာကြီးတခုလုံးပြုံးကျနေသည်မှာ
အမြင်ကတ်ချင်စရာ။
မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်များထက်
ဂျာနယ်လစ်တွေကပိုများနေသည်။
ကင်မရာမီးများ တဖျတ်ဖျတ်နှင့်။
Media တွေကိုမနည်းရှောင်နေရ၏။
အနုပညာအသိုင်းအဝိုင်းက လူစုံတက်ရောက်ချီးမြှင့်သောကြောင့်
တိုးမပေါက်အောင်စည်ကားနေသည်။
အမှန်တိုင်းဆိုရလျှင် နံ့သာရောင်ပုဆိုးတိုက်ပုံနှင့် အလင်းပွဲ့ပုံစံက ချောမောရှင်းသန့်နေသည်။
မနက်မင်္ဂလာဧည့်ခံပွဲပြီး၍ နားရမည်မကြံသေး။
ညဘက် dinnerရှိသည်မို့ အနမ်းကတော့စိတ်သာရှုပ်
နေတော့သည်။ သူတစ်ယောက်တည်းနှင့် အကွက်စိအောင်စီစဉ်ထားသော အလင်းဘွဲ့အား ချီးကျူးရတော့မလိုပင်။
အခုလဲကြည့်...သူမ dinner ဝတ်စုံလေးမှာ အဖြူရောင်လေးဖြစ်ကာ သူမနှင့်လိုက်ဖက်နေသည်။ တကိုယ်လုံးစိန်တွေချည်းပြင်ဆင်ပေး
ထားတာကြောင့် ညအမှောင်မှာတလက်လက်
တောက်ပနေကာ နှင်းစက်လေးလိုနုဖတ်နေသည်။ သူကလည်း အဖြူရောင်အနောက်တိုင်း
ဝတ်စုံကိုဝတ်ဆင်ထားကာ အရမ်းကိုချောမွေ့နေ၏။ Dinner ရှိလူများကို ဧည့်ခံရင်းအနမ်းအား
အရိပ်တကြည့်ကြည့်နှင့်။
"အနမ်း...မင်းဒီနေ့အရမ်းလှနေတယ်
တကယ်ပြောတာ...
နှင်းပွင့်ဖြူလေးလိုပဲ...
မနက်ကလဲအရမ်းလှတယ်"
"အပိုတွေမပြောပါနဲ့"
"အဟက်...ကိုယ်ကမင်း ဒီလိုပြောမှပြောပါမလားလို့"
သူမ သူ့ကိုအမြင်ကတ်စွာ မျက်စောင်းတချက်ထိုးမိသွားသည်။
ပြီးမှနောင်တရချင်သလိုလိုပင်။
သူ့အား ချွဲနွဲ့သလိုဖြစ်နေမှာကိုတော့ အနမ်းတကယ်ကြောက်၏။
"ဟိတ်..သတို့သား ဒီကိုလာပါဦးကွာ
မိန်းမချောချောလေးရသွားမှ ဘဝင်မမြင့်နဲ့..."
ဧည့်ခံရင်း သူမနဲ့ စကားပြောနေသောအလင်းဘွဲ့အား မင်းဝံကလှမ်းခေါ်သည်။
"အနမ်း....ခဏနော် "
"အမလေးကွာ...
ခွင့်တောင်းနေရသေးတယ် တကယ်ပဲ..."
အလင်းဘွဲ့ သူငယ်ချင်းတွေကဝိုင်းစနောက်နေသည်မို့ အနမ်းရှက်ကာ
မျက်နှာလေးနီရဲနေလေသည်။
Dinner မှာအသိမိတ်ဆွေများ
သာရှိသည်မို့ အားလုံးကရဲတင်းနေကြသလိုပင်။
အလင်းဘွဲ့ကတော့ သူ့သူငယ်ချင်းများနှင့်အဖွဲ့ကျ
နေလေသည်။
"ကဲ...ဟုတ်ပြီကွာ အမှတ်တရအနေနဲ့
သတို့်သားက သတို့်သမီးကိုနမ်းရမယ်
ဟေ့...ကင်မရာ မန်းတွေ ဒီကိုလာပါဦး"
"ဟင်..."
"ဟာ...ဟိတ်ကောင်တွေ
အနမ်းရှက်နေမှာပေါ့ကွ "
"သတို့သမီးတစ်ယောက်ရဲ့ အလှဆုံးအချိန်ထဲမှာ ရှက်နေတဲ့အချိန်လဲပါတယ်လေကွာ...
မရနော် အလင်း...နမ်းရမယ်"
"ဟုတ်တယ်...ဟုတ်တယ်
နမ်းပါဗျို့.."
အနမ်းထွက်ပြေးချင်စိတ်ပင် ပေါက်လာရသည်။
ရှက်လိုက်တာနော်...တကယ်ပါ
မျက်နှာကြီးဖြုတ်ပြီး ထွက်ပြေးချင်သည့်အထိ။
အနမ်းရဲ့ မျက်နှာလေးမှာ ငိုတော့မလိုမဲ့တော့မလို အလင်းဘွဲ့ကိုကြည့်မိတော့.....
အလင်းဘွဲ့ကတောင်းပန်ဟန်ဖြင့် သူမမျက်နှာလေးအနားငုံ့လာသည်။
"အို! ဟင့်အင်း...ရှင်နော်"
အနမ်းမျက်လုံးစုံမှိတ်ပြီး မျက်နှာကိုအောက်ငုံ့ချလိုက်ပေမဲ့ အလင်းဘွဲ့ကရအောင်ဖျတ်ခနဲလိုက်နမ်းသည်။ မီးရောင်တွေ
တဖျတ်ဖျတ်လက်သွားသည်။
ထိုမြင်ကွင်းကိုပဲ အသေအချာအမိအရ
ဓာတ်ပုံရအောင်ရိုက်ကြလေ၏။
လက်ခုပ်သံတွေ ဆူညံနေတာမဆဲနိုင်တော့။
ဝမ်းနည်းမှုနဲ့အတူ မျက်ရည်တို့ကဝဲလာတော့ သူမမျက်နှာလေးကိုကွယ်ကာ
အလင်းဘွဲ့က ထပ်နမ်းသည်။
"ဟေး....."
နောက်ဆုံး သူမသာရှက်ကာ အားလုံးရှေ့က ရှောင်ပြေးလာသည့်အဖြစ်။
"အဟင့်...ထပ်နမ်းသွားပြန်ပြီ
မုန်းစရာကောင်းတဲ့လူ "
အနမ်း ရှက်လည်းရှက်
ဝမ်းလည်းနည်းကာအခန်းထဲရောက်
သည်နှင့်ကုတင်ပေါ်လှဲပစ်ကာ
ငိုနေမိတော့သည်။ ခြံထဲက ဆူညံသံတွေကလည်းမဆဲသေးပေ။
နောက်ဆုံးတော့ တနေကုန်ပင်ပန်းလာသော သူမသည်လည်းအိပ်ပျော်ခြင်း
အဖြစ်သို့...
အခန်းထဲဝင်လိုက်သည်နှင့် မြင်လိုက်ရသောပုံရိပ်လေးကြောင့် သူပြုံးလိုက်မိသည်။
ကြည့်စမ်းပါဦး...အိပ်ပျော်နေသောပုံစံလေးက ဘယ်လောက်
ချစ်မြတ်နိုးဖို့ကောင်းလဲဆိုတာ...
အလင်းဘွဲ့ကတော့ တကယ်ကိုပျော်ရွှင်ကျေနပ်နေမိသည်။
အခုဆို သူမလေးက သူရဲ့အိမ်သူသက်ထားတဲ့...
ဘယ်လောက်တောင်ကြည်နူးဖို့ ကောင်းလိုက်သလဲ.....
အပြစ်ကင်းစွာအိပ်ပျော်နေသော ကောင်မလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။
အိပ်နေပုံက ကလေးတစ်ယောက်လိုအပြစ်ကင်းစင်
နေသည်။ သူ့အတွက်ရေရွတ်နေကျ အမုန်းတွေကို မတွေ့ရသောကြောင့်ထင်၏။
ချစ်လိုက်ရတာ အနမ်းရယ်....
မင်းရဲ့အမုန်းတွေကိုမေ့ထားပြီး
ဒီလိုပုံစံလေးနဲ့ပဲ ကိုယ့်ရင်ခွင်ထဲနေပေးပါလား....
အဖြူရောင်ဂါဝန်ကားကားလေးက ကုတင်ထက်ပုံကျနေသည်မှာ ကဗျာတစ်ပုဒ်နှယ်။ သူမကတော့ ဘယ်လောက်တောင်ပင်ပန်းနေလဲမသိ။
နှစ်ခြိုက်စွာအိပ်မောကျနေသည်။
အလင်းဘွဲ့ ကြည့်၍မဝနိုင်ပါ။
သူမအိပ်ပျော်နေသော ကုတင်ဘေးနားထိုင်ချလိုက်ကာ မျက်နှာလေးကိုငေးလို့ကောင်းဆဲ....
ကြည့်ရင်းနမ်းချင်စိတ်ကို ထိန်းမရသောကြောင့် အသက်ကိုအောင့်ကာ နူးညံသောအနမ်းလေးတစ်ပွင့် သူမပါးထက်ခြွေချလိုက်သည်။
နမ်းနေရသည့် တစက္ကန့်အတွင်းရင်တွေခုန်လာကာ
ကမ္ဘာကြီးရပ်တန့်သွားသလိုပင်။
"ဟင်...ရှင်"
သူကြည့်နေတုန်းမှာပဲ ရုတ်တရတ်ဆိုသလိုသူမနိုးလာကာ အနားက စားပွဲပေါ်ရှိ ပန်းအိုးကိုအလန့်တကြားဆွဲကိုင်လိုက်
ရင်းသူ့ခေါင်းပေါ်ရိုက်ချ
လိုက်လေသည်။
"ခွမ်း! !"
"အား..."
အလင်းဘွဲ့ ဦးခေါင်းထက်မှ
စေးပျစ်ပျစ်အရာများစီးကျ
လာလေသည်။
"ဟင်..."
အလင်းဘွဲ့ မယုံကြည်နိုင်စွာ
သူမကိုကြည့်မိတော့ အံသြတကြီးနှုတ်ခမ်းလေးတွေပင်ဖွင့်ဟ
ကာ ကြည့်နေသော သူမ......
ချစ်လွန်းလို့ 'ချစ်တယ်' ပြောလိုက်ကာမှ
မုန်းပါတယ်ဆိုတဲ့ ချစ်သူကို ဘယ်လိုချစ်တယ်လို့ဆက်ပြောရမှာလဲ
မင်းပျော်ရွှင်ဖို့အတွက်
မုန်းလိုက်ပါ ချစ်သူ......
လောကီပညာမှာအတုတွေရှိသလိုအစစ်တွေလည်းရှိပါတယ်ဒီဇတ်လမ်းထည်းမှာမောင်မင်းကတကယ့်ပညာသည်အစစ်ကိုစော်ကားမိလို့ပညာသည်ဟာသူပညာနဲ့ကစားလိုက်ပုံကိုပုံခင်းရေးထားတာပါမြန်မာဝိဇ္ဇာဓရပညာဟာပြောမယုံကြုံမှသိဆိုသလိုပါပဲကဲ..ဇတ်လမ်းကဒီလိုဗျာ..
လွမ်းဝေမင်းအခုရက်ပိုင်းခရီးထွက်မလို့ဆိုဘယ်ကိုထွက်မှာလဲလွမ်းဝေရမင်းမှာလည်းတနှစ်တနှစ်နယ်လှည့်ပယောဂပဲကုနေတယ်အေးလေမင်းအဖိုးထွန်းဝေကတချိန်တုံးကဆရာကြီးပြိုင်ဆန်ရှားပဲကိုမင်းကဖိုးထွန်းဝေမြေးပဲအဖိုးခြေရာတော့မှီမှာပေါ့
ငါအဖိုးခြေရာမမှီပါဘူးကွာပီးတော့ပယောဂကုတာသူတပါးဒုတ္ခရောက်တာကိုကူညီပေးတာပါကွာငါပယောဂကုဝါသနာပါတာမင်းလည်းသိသားပဲလေကွာ
မင်းအခု့ဘယ်ဘက်ကိုခရီးထွက်မှာလည်းလွမ်းဝေမင်းပြန်လာရင်ငါအတွက်လက်ဆောင်တခုလောက်လုတ်ပေးပါလားကွာငါလိုချင်တာကြာပီးကွာ
မင်းကဘာလက်ဆောင်လည်းကွပြောကြည့်လေ
ငါတပ်နိုင်တာဆိုရင်တော့ရမှာပေါ့ကွာ
အေးမင်းတပ်နိုင်ပါတယ်ကွာငါလိုချင်တာပီယဆေးကွအတာငါကိုလုတ်ပေးပါကွာနော်လွမ်းဝေ
အေးလေမင်းနဲ့ငါကငယ်သူငယ်ချင်းတွေဆိုတော့ငါပြန်လာရင်လုတ်ပေးပါမယ်မင်းကို
ဟာသူငယ်ချင်းမင်းတကယ်ပြောတာလားကျေးဇူးတင်တယ်ကွာမင်းကျေးဇူးကိုငါဒီတသက်မမေ့ပါဘူးကွာ
အေးပါကွာရပါတယ်မလိုပါဘူး
ဝှေ...ကိုလွမ်းဝေကျနော်ကိုလွမ်းဝေကိုလိုက်ရှာနေတာကိုလွမ်းဝေကဒီမှာရောက်နေတာကိုအိမ်မှာဒေါ်လေးခေါ်ခိုင်းလိုက်လို့အတာလာခေါ်တာ
အော်အေးငါလာခဲ့ပါမယ်ဒီမှာသူငယ်ချင်းနဲ့စကားပြောနေလို့ပါကွာနေဦးငါကိုစောင့်ဦးညီလေး
ကဲသူငယ်ချင်းရေအိမ်ကတော့ငါကိုခေါ်နေပီးငါပြန်လိုက်ဦးမယ်နော့
အေးအေးခရီးသွားရင်လည်း
ဂရုစိုက်သွားလွမ်းဝေရေ
လာညီလေးသွားကြမယ်
ဟုတ်အကို
အိမ်ရောက်တော့
အမေသားကိုခေါ်တယ်ဆိုဘာပြောဖို့လည်းအမေ
အေးဒီလိုပါသားရယ်သားကမနက်ဖြန်ဆိုသားကခရီးထွက်မှာဆိုတော့သားလမ်းမှာတောင်ဆိတ်လျှာလေးရရင်ဝယ်လာခဲပေးပါသားအတာမှာချင်လို့ပါသား
အော်အတာလားအမေရယ်သားပြန်လာမှပြောလည်းရပါတယ်အခုကသားကိုပဲသွားခေါ်ပီးပြောရတယ်လို့အမေရယ်သားဝယ်လာခဲ့ပါမယ်တောင်ဆိတ်လျှာ
အေးပါသားရယ်အမေကမေ့တပ်တယ်လေအတာကြောင့်သတိရတုံးမှာထားတာပါသားရယ်
ဟုတ်ကဲ့ပါအမေရယ်သားဝယ်လာခဲ့ပါမယ်
အခုတော့သားပြင်ဆင်စရာရှိတာသွားပြင်ဆင်လိုက်ဦးမယ်နော်အမေ
အေးအေးသားသွား ..
ကျနော်ကပယောဂကုတယ်ဆိုပေမဲ့သူများတွေလိုဂိုဏ်းဝင်ဆရာမဟုတ်ပါဘူးကျနော်အဖိုးကလည်းဂိုဏ်းဝင်ဆရာမဟုတ်ပါဘူးမှော်သွင်းထားတာပါကျနော်အဖိုးကနာမည်ကြီးပေါ့အရင်တုံးကဆိုရင်သူနဲ့ဘယ်သူမှပညာမပြိုင်ရဲကြဘူးလေတခါကဆိုရင်ကျနော်အဖိုးနဲ့အောက်လမ်းဆရာနာမည်ကြီးတယောက်နဲပညာပြိုင်တာကျနော်တို့ကခတ်ဝေးဝေးကနေကြည့်နေတယ်အောက်လမ်းဆရာဘက်ကဘက်ကလည်းစည်းတွေချပီးအဖိုးကိုသူကြိမ်လုံးမဲးမဲးထည်းကဘာတွေလည်းမသိဘူးထွက်လာတာအများကြီးပဲအဖိုးလည်းဂါထာတွေမာန်ပါပါနဲ့ရွတ်ပီးအဆင်သင့်လုတ်ထားတည့်ဖယောင်းတိုင်ကိုယူပီးထွန်းဂါထာတွေရွတ်နေတာထွန်းပီး10မီးနစ်လောက်ကြာတော့
တဖက်ကအောက်လမ်းဆရာပါးစပ်ကနေသွေးတွေအမ်ထွက်လာတာမနည်းမနေားပဲအတာနဲ့အောက်လမ်းဆရာကသူသေမှာကြောက်ပီးအရှူံးပေးလိုက်တယ်အရှူံးမပေးရင်သူသေမှာလေအဖိုးဖယောင်တိုင်တချောင်းကုံတာနဲ့အောက်လမ်းစရာသေမှာအတာနဲ့အအောက်လမ်းဆရာကအဖိုးကိုအရှူံးပေးပီးပြောမှအဖိုးကဖယောင်းတိုင်မီးညိမ်းပေးလိုက်တာအတာမှသက်သာသွားတယ်အဲအောက်လမ်းဆရာလည်းရှက်ပီးထွက်သွားလိုက်တာဒီနေ့ဒီချိန်ထိ့ပေါ်မလာတော့ဘူး
အင်းအဖိုးအကြောင်းပြောနေတာနဲ့ကျနော်ဆေးတွေအင်းတွေလုတ်ဖို့နောက်ကျနေပီးသွားလုတ်လိုက်ဦးမယ်နောက်နေ့ခရီးထွက်ရမှာ...
မနက်မိုးမလင်းတော့ကျနော်လည်းမျက်နှာသစ်ပီးတရားထိုင်ပုတီးစိတ်အင်းသောက်ပီး
အမေသားသွားတော့မယ်နော်အမေကိုရှစ်ခိုးကတော့ခဲ့တယ်ဦးသုံးကြိမ်ချပီးတော့အမေသားသွားတော့မယ်နော်အမေ
အေးပါကွယ်ငါသားလေးသွားလေရာလာလေရာခလုတ်မထိဆူးမညိပါစေနဲ့
ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ
ညီလေးမင်းမင်းဒေါ်လေးကိုစကားနားထောင်နော်ကြားလား
ဟုတ်ကဲ့ပါအကိုအကိုသာစိတ်ချလက်ချသွားပါကျနော်ကဒေါ်လေးစကားနားထောင်ပါတယ်
အေးပါငါသွားတော့မယ်အမေသားသွားပီနော်
ဒီလိုနဲ့ကျနော်အိမ်ကနေစထွက်လာခဲ့တာပေါ့ဗျာ
ဒီလိုနဲ့တရွာဝင်တရွာထွက်ပီးပယောဂလိုက်ကု့ပေးပါ
ဒီလိုနဲ့ကျနော်ရွာတရွာကိုရောက်ခဲ့တာပေါ့ဗျာ
ရွာထည်းကိုတော့တန်းမဝင်ဘူး
ရွာပြင်သင်္ချီုင်းဇရပ်မှာပဲပုတီးစိတ်တရားထိုင်နေလိုက်တယ်ခနနေကြတော့သုဘရာဇာကြီးကရောက်လာတယ်
အဟန်ဒီကမိတ်ဆွေကိုကြည့်ရတာဆရာတယောက်ထင်တယ်ကျုပ်ထင်တာမမှားရင်
ဟုတ်ပါတယ်အကိုကျနော်ဆရာတယောက်ပါနယ်လှည့်ပယောဂကုတာပါအခုဒီသင်္ချီုင်းမှာကိုးရက်ဒိတ်ဌာမ်ပီးဒီကရွာသူရွာသားတွေကိုကယ်တင်ချင်လို့ရောက်လာတာပါခမျာ
အင်းဆရာအသက်ဘယ်လောက်ရှိပီးလည်းဆရာစပ်စုတယ်မထင်ပါနဲ့နာမည်ကရေားကျုပ်ကဒီသင်္ချီုင်းမှာသုဘရာဇာပါရင်းနှီးသွားအောင်ပါ
ကျနော်အသက်35ပါအကိုကျနော်ကအကို့ထက်ငယ်ပါတယ်နာမည်ကတော့လွမ်းဝေလို့ခေါ်ပါတယ်
အော်ငယ်သေးတာပဲဆရာလွမ်းဝေက
ဘာပဲဖြစ်ဖြစ်ကျုပ်ရွာထည်းကလူတွေကိုဆရာလေးဒီမှာရောက်နေတယ်လို့လမ်းညွှန်ပေးပါမယ်အခုကျုပ်သွားလိုက်ဦးမယ်
ကောင်းပါပီး
ခနနေတော့ရွာထည်းကယောကျာ်းမိန်းမတွေလာကြတော့တာပဲမနည်းဘူးတချိုးကလည်းပယောဂဒဏ်ခံစားနေကြရတယ်သူတို့ကိုကုပျောက်အောင်အစအနပါမကျန်ကုန်အောင်ကု့ပေးလိုက်တယ်ဗေဒင်ဘာညာဟေားအဆောင်အရောင်တွေလုတ်ပေးလိုက်ပါတယ်
ဘာရွာပြင်သင်္ချီုင်းမှာဆရာ
တယောက်နေတယ်ဟုတ်လား
ဟုတ်တယ်ကိုမင်းမင်းကျနော်တို့ကိုတိုင်
သွားကြည့်တာပါ
ခဏကမှပြန်လာတာပယောဂကုတည့်လူတွေလည်းမနည်းများတယ်ဆရာပီးတော့ဗေဒင်လည်းမှန်တယ်အဲဆရာလွမ်းဝေက
တော်စမ်းပါကွာငါအတာတွေအယုံအကြည်မရှိဘူးပီးတော့ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာဒီလိုပယောဂတွေလည်းမရှိတော့ဘူးကွဒါသက်သက်လုတ်စားတာနေမှာပါကွာဘာပယောဂကုတာလည်းအလိမ်တွေအတာတွေက
အဟန်းညီလေးတို့ခဏကပြောတည့်အထည်းမှာလုတ်စားတာကို့လိမ်ညာတာတို့ပါသလားလို့ကြာမိပါတယ်ဆရာ
မင်းမင်းတယောက်မျက်နှာပျက်သွားတယ်
အော်ဒီလိုပါဆရာကျနော်တို့ကဒီလိုတိုးတက်နေတည့်ခေတ်ကြီးမှာဒီလိုပညာတွေပယောဂတွေဘာတွေညာတွေအယုံကြည်မရှိပါဘူးဆရာယုံလည်းမယုံဘူး
အင်းညီးလေးတို့မယုံရင်လည်းမယုံသလိုနေပါဒါပေမဲ့ဆရာတိုင်းကိုဆရာလိမ်လို့တော့မစော်ကားပါနဲ့ဆရာတို့ပညာမှာအတုရောင်တွေရှိသလိုပညာအစစ်တွေလည်းရှိတယ်ညီအတာကြောင့်အပြောအဆိုလေးဆင်ချင်စေချင်တယ်ကျနော်မျက်နှာခပ်တည်တည်နဲ့ပြောလိုက်တယ်
ဟုတ်ကဲ့ပါဆရာ
ကျနော်တို့ကမယုံလိုပြောမိတာပါဆရာ
အေးလေညီလေးတို့မယုံလည်းရပါတယ်
ဘာမှမဖြစ်ပါဘူးနောက်တလအတွင်းညီလေးဘာဖြစ်မလည်းစောင့်ကြည့်ပေါ့ဆရာသွားတော့မယ်ညီကျမ်းမာရေးဂရုစိုက်
ဟုတ်ကဲ့ပါဆရာ
ကျနော်ဆရာပြောသွားတည့်စကားနှစ်ခွန်းကိုကျနော်နားမလယ်နိုင်ပေ
ဘာပဲဖြစ်ဖြစ်ကျနော်တို့သူငယ်ချင်းသုံးယောက်အိမ်ကိုပြန်လာခဲ့တယ်
တပတ်လောက်ကြာတော့ထူးခြားလာတယ်
အမေသားဘာဖြစ်လည်းမသိဘူးအမေညညအိမ်မက်ထည်းမှာဘီလူမကြီးတကောင်သားကိုအတင်းလိုက်ကိုက်စားတယ်လေးငါးညရှိပီးအိမ်မက်တာမိုးလင်းတော့ဘီလူးမကြီးသားကိုကိုက်စားထားတဲ့နေရာကမည်းနာတယ်မီးခိုးနမ့်တွေလည်းညော်တယ်အမေဘာဖြစ်တာလဲးမသိဘူး
သားစိတ်ဆွဲးလို့နေ့မှာပါညညဘုရားရှစ်ခိုးအိပ်ပါသားဘုရားတရားမမေ့နဲ့နော်သားမင်းမင်း
ဟုတ်ကဲ့ပါအမေ
သားအခုတော်တော်နာနေတယ်ဘီလူးမကြီးကိုက်ထားတည့်နေရာက
ဟုတ်လားသားထွန်းရွှေဝါဆေးလိမ်ထားလိုက်ပါပီးရင်ကုတင်ပေါ်ကဆေးယူလိမ်းထားလိုက်နော်အမေအလုတ်သွားဦးမယ်။