မိုဟာမက်ဆာလာဟာ သူ့မွေးရပ်ဇာတိဖြစ်တဲ့ နာဂရစ်လို့ခေါ်တဲ့ရွာကလေးမှာ ရေသန့်စက်ရုံတည်ဖို့ ဒေါ်လာလေးသိန်းခွဲလှူဒါန်းခဲ့ပါတယ်၊ ဒီစက်ရုံသာတည်ဆောက်ပြီးစီးသွားခဲ့ရင် သူ့ရွာတင်မက နာဂရစ်ဒေသတစ်ခုလုံး သောက်သုံးရေလုံလုံလောက်လောက်ရရှိတော့မှာပါ...
ကျွန်တော်ကတော့ ဆရာဇော်ဂျီရဲ့ ကဗျာစာသားလေးတောင် သတိရမိတာပဲ၊
"... သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏"
ဆာလာဟာ ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ယောက်ဖြစ်ရုံတင်မက ကမ္ဘာ့အဆင့်လူသားတစ်ယောက်လည်းဖြစ်ပါတယ်၊
- မိုးနေ့
The Sports Arena
This post has received a 0.45 % upvote from @drotto thanks to: @wanna1.