"စိတ်......”
စိတ် ဆိုတဲ့အရာက အတက်အကျ
အရမ်းမြန်သလို အတက်အဆင်း
မြန်နေတတ်တယ်
စိတ် ကြောင့်ဖြစ်လာတဲ့ အတက်အကျ
အတက်အဆင်းတွေကို အချီမှီထိန်းနိုင်တာက
အသိ နဲ့ သတိပဲရှိပါတယ်
အသိနဲ့ သတိကို ဟန်ချက်ညီညီထိန်းနိုင်လာပြီး
အသုံးပြုတတ်လာပြီဆိုရင်
ရင့်ကျက်လာခြင်းဆိုတဲ့ အဆင့်ကို
ရောက်လာတယ်လို့်  မြင်မိပါတယ်
မကောင်းမှု ၊ ကောင်းမှုတွေကို
အသိ သတိနဲ့ ထိန်းချုပ်ပြီး
မကောင်းမှုတွေကို အောင်နိုင်လာခြင်းက
တရား ပါပဲ
ကိုယ့်စိတ်ထဲကို မလိုအပ်တဲ့ အမှိုက်တွေ
စုပုံထည့်နေမိရင် စိတ်ရှင်းဖို့ လွယ်ကူမှာမဟုတ်သလို
ဘဝလည်း ချောလာစရာ အကြောင်းမရှိပါဘူး
စိတ် ဆိုတဲ့အရာက မကောင်းမှုတွေမှာ
ပျော်မွေ့တတ်ပြီး ကောင်းတာတွေလုပ်ဆောင်ဖို့
အရမ်းလေးလံအောင် ဖိအားပေးတတ်တာလည်း
စိတ် ပါပဲ
ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ အထီးကျန်ခြင်း
လွမ်းဆွေးခြင်း စသော ခံစားမှုရသမျိုးစုံကို
ဖန်ဆင်းပေးတာ စိတ်ဖြစ်သလို
ကောင်းသောအလုပ် ၊ ကောင်းသော
အကြံအစည် ၊ ကောင်းသော အမူအကျင့်
အားလုံးတို့သည်လည်း စိတ် ပါပဲ
ကောင်းတာလုပ်တာလည်း စိတ်
မကောင်းတာလုပ်နေတာကလည်း စိတ် ဆိုရင်
ကိုယ်ပိုင်တဲ့ ကိုယ့်စိတ်ကို
အညစ်အကြေးတောထဲမှာ ပျော်နေတာထက်
အထက်တန်းကျကျ လူပီသအောင်
တွေးနိုင် ထားနိုင် နေရာချတတ်သွားရင်
တရား နည်းလမ်းကျတဲ့ လူသားတစ်ယောက်ပါပဲ။