တစ်ခါတလေ
ကိုယ့်အတ္တကို ဘေးဖယ်ပြီး
သူကောင်းဖို့ အများကြီးပေးဆပ်ခဲ့တာတောင်
သူ မလိုတော့တဲ့အခါ
ကိုယ့်ကို ကန်ထုတ်ဖို့ ကြိုးစားနေတာ
သိသိကြီးနဲ့ သူ့ကို မေတ္တာမပျက်နိုင်တဲ့
ကိုယ့်စိတ်ကို အားမလိုအားမရ ဖြစ်ခဲ့ဖူးတယ်
တစ်ခါတလေ
ကိုယ့်ကို အသုံးချနေတာ သိသိကြီးနဲ့
အဲ့ဒီ အသုံးချမှုအပေါ် အပြစ်မမြင်ဘဲ
ပီတိဖြစ်နေတဲ့ ကိုယ့်အတွေးတွေကို
အံ့သြမိတယ်
တစ်ခါတလေ
ရင်နာစရာဆိုတာ ဘာလဲမသိရအောင်
သူနဲ့ ပတ်သက်လာရင်
အလိုလို ဒူးထောက်အရှုံးပေးမိတဲ့
ကိုယ့်မာနတွေကို မုန်းတီးချင်မိတယ်
တစ်ခါတလေ
ကိုယ့်စိတ်က ဘယ်လိုပဲဖြစ်ဖြစ်
ပြတ်သားနိုင်အောင် ပြင်ဆင်ထားခဲ့ပေမယ့်
သူ့အသံလေးကြားလိုက်တာနဲ့
ကိုယ့်ရဲ့ မပြတ်မသားဖြစ်မှုတွေကို
အပြင်းအထန် ရှုံ့ချ လိုက်ချင်မိတယ်
တစ်ခါတလေ
သူနဲ့ ပတ်သက်နေခဲ့တာက
အကြွေးမှန်းသိသိကြီးနဲ့
အဲ့ဒီ ဝဋ်ကြွေးကြားမှာ
အမှတ်မရှိအောင် သာယာနေတဲ့
ကိုယ့်နှလုံးသားကို ဖြစ်နိုင်ရင်
အသက်မဲ့သွားအောင် ဒဏ်ပေးလိုက်ချင်မိတယ်
ဝဋ်ကြွေးဆိုတဲ့အရာက
သူ မကောင်းမှန်း သိပေမယ့်
ဝဋ်မကုန်ခင်အထိတော့
ရုန်းထွက်လို့ မဖြစ်နိုင်ဘူးဆိုတာ
လက်ခံရတော့မလိုပါဘဲ