ချက်ချင်းဆပ်လိုက်ရသော ကံကြွေး အပိုင်း(၁၀)
"တယ် ... ဒီကောင်၊ အဲ့ ... တစ်နေ့ကျ မင်းဝဋ်လည်မှာစိုးလို့ပြောတာကွ"
ဦးထွန်းအောင်သည် စကားကိုဖြတ်လိုက်ပြီး နေရာမှ ထသွားတော့၏။
ဒေါသလည်း တော်တော်ဖြစ်သွားလေသည်။
ကျော်ကြီး၏ စကားများမှာ မှန်တော့အလွန်ပင်မှန်သလိုလို ဖြစ်နေသည်။
အင်ကြင်းသာရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် ဆည်မြောင်းကလည်း မရှိသဖြင့် ဆည်ရေကို အားကိုး၍မရ။
မိုးလေဝသကလည်း မမှန်သဖြင့် လယ်ယာလုပ်ငန်းများ၌ ခွန်စိုက်အားစိုက် လုပ်ကိုင်သလောက် အကျိုးသက်ရောက်မှု မရှိခဲ့ပါပေ။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း
Hi, I always see your posts.
It's really nice words.
great job, @zawzawaye