ချက်ချင်းဆပ်လိုက်ရသော ကံကြွေး အပိုင်း(၉)
သည်လုပ်ငန်းများကို အစကတည်းက လုပ်ကိုင်ခြင်းမပြုရန် ဖခင်ကြီး ဦးထွန်းအောင်က အကြိမ်ကြိမ် တားမြစ်ခဲ့သေးသည်။
သို့သော် ဗီဇနှင့် စရိုက်ပါလာသော ကျော်ကြီးကား ဖခင်၏ စကားကို နားမဝင်ဖြစ်ခဲ့ရသည်။
"ဒီမှာကျော်ကြီး ... တို့မျိုးရိုးမှာ မင်းလိုကောင် တစ်ကောင်မှ မပါဘူးကွ အခုကစပြီး မင်းအလုပ်ကို ရပ်လိုက်တော့"
"မရပ်နိုင်ဘူးအဖေရာ အခုအဖေ့ရဲ့ လယ်ယာတွေက ဘယ်လောက်ရလို့လဲ။ ကျုပ်အလုပ်ကြောင့် အိမ်လည်း တင့်တင့်တယ်တယ် ဖြစ်လာတယ်။ ပြေပြေလည်လည်နေရတယ်။ ဘယ်လောက်ကောင်းလဲ။ ဒီလောက်အဆင်ပြေတဲ့ အလုပ်ကို မရပ်နိုင်ဘူးအဖေရာ။ ပြီးတော့ သတ္တ၀ါဆိုတာ လူချွတ်မှ ကျွတ်တာဗျာ။"
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း
Bloody truth words.
thank for upvoting.