အပိုင်း.၁.၃
နေ လည်ကျောင်းဆင်းချိန်တွင်လည်း လင်းလင်းအပြင်မ
ထွက်တော့..ရှက်ရှက်နှင့်ငို ထားသောမျက်လုံးမို့ မို့ အစ်
အစ် မျက်နှာ နှင့်ပင်နေရာတွင် ငုတ်တုတ်ထိုင်နေသည်..
ဘေးက သက်သက်ဆွေက အပြင်မှ မုန့် သုံးလေးထုပ်
ဝယ်လာပီး ချော့ပေး ပေးသည်...
မုန်သွားစားပီး ပြန်တက်လာသော ရန် က လှမ်းမြင်သဖြင့်
ဖိုးကို ကို လက်တို့ ခေါ်ပီးလျှောက်သွားသည်...
လင်းလင်းက ရန်နှင့် ဖိုးကိုကို တချက်ကြည့်ပီစူတူတူ မျက်နှာ ဖြင့် လှည်သွားသည်..ဘယ်သူ့ မှ မကြည့်..ရန်က
သက်ပြင်းချ၍...
နင့်ကို ငါ မနက်ကတည်းက ပြောခဲ့တယ်လေ လင်းလင်း..စာအုပ် ဝယ်ကတည်းက မဝယ်ပါနဲ့..အတန်း ထဲလည်း ယူမသွားပါနဲ့လို့ ..ငါ့စကား မှ နားမထောင်တာ ဘဲ´´ လင်းလင်းမျက်နှာ ဖျတ်ကနဲတင်းသွားသည်...
အောင်မာ..နားမထောင်ပါဘူး..ဘာကိစ္စ ငါကနင့်စကား
နားထောင်ရမလဲ..ငါ့ဟာငါ ဘာဖြစ်ဖြစ် နင့်အပူမပါဘူးရန်
..ငါ့ ဘာမှ လာမပြောနဲ့´´
ငါက စေတနာနဲ့ပြောတာပါဟာ´´
မလိုပါဘူး..ဘာစေတနာမှ မလိုချင်ဘူး´´
နိုင်သည့်သူ ကျ ဘုချည်းပြောလွှတ်နေသော လင်းလင်း
ကိုကြည့်ပီး ဖိုးကို အသံထွက်ပီး ရယ်သည်...
အောင်မာ..နင်က ဘာကိစ္စ ရယ်တာလဲ ဖိုးကို´´ ရန်ထောင်လိုက်သော လင်းလင်း ကိုကြည့်၍ ဖိုးကိုက ရယ်မြဲရယ်ရင်း...
ဟ..ငါလည်း ငါ့ဟာငါ ရယ်ချင်လို့ ရယ်တာပေါ့ဟ..ငါ
ရယ်တာလည်း နင့်အပူ ပါလို့ လား´´
ဘာလို့  ငါ့အပူမပါရမာလဲ..ဒါ နင်ငါ့ကိုလှောင်တာ´´
လှောင်ရမှာပေါ့ဟ..နင်လုပ်တာကရော ကောင်းလို့ လား´´
ကောင်းကောင်း..မကောင်းကောင်း နင်နဲ့မဆိုင် ဘူး´´
အေး ဒါဖြင့်ရင်လည်း ပီးရောပေါ့..ငါ လည်းငါ့ဟာငါ
ရယ်ချင်ရယ်မှာပေါ့..ဒါလည်း နင်နဲ့ မဆိုင်ပါဘူး´´
ဖိုးကိုကတော့ တစက်မှ ခွန်းတင်မခံသူမို့  လင်းလင်းရန်
ထောင်သမျှ တခွန်းမလွတ်ပြန်ပြောနေသည်..ကြာရင်ရန်
ထဖြစ်မှာစိုးသည့် ရန်ကသာ မနေနိုင်တော့ဘဲ...
ကဲပါ ဖိုးကိုရာ...မင်းကလည်း စမနေစမ်းပါနဲ့..အ သာနေစမ်းပါ´´ တဆက်ထည်းပင် လင်းလင်း ဘက်သို့ ပြန်လှည့်ပီး...
ပြောမရရင်လည်း နင့်သဘောပဲ လင်းလင်း..ကဲ...
အခုနင် အပြင်မထွက်တော့ဘူးလား´´
မထွက်ဖူး´´
အေး..ဒါဆိုလည်း နင်ဘာစားမလဲ..ငါ သွားဝယ်ပေး
မယ်´´
မစားချင်ပါဘူး..ဘာမှ မဝယ်နဲ့´´
မဟုတ်သေးဘူးလေ..နင် ဆာနေမှာပေါ့´´
သြော်...မစားချင်ပါဘူးလို့  ဆိုနေမှ´´
အေး အေး...ပီးရော ပီးရော..ဒါဖြင့် သက်သက်
ဆွေဝယ်ပေးလာတဲ့ မုန့် ပဲစားလိုက်..သက်သက်ဆွေ
နင်ကလဲ ဆရာမ ထလာတုန်းက နင်မြင်သားနဲ့လင်းလင်း
ကို လက်တို့ လိုက်ရင်ပီးရောဟာ...
``အောင်မာ နင်ကလည်း နင့်လင်းလင်း ထိလို့ မဆီ
မဆိုင် ငါ့လာ အပစ်မတင်ပါနဲ့နော်..ငါက ဘယ်လိုလုပ်
သူ့ သွားသတိပေးမလဲ..ဆရာမက တောက်လျှောက်ကြီး
ကြည့်ပီး ထလာတာ..နင်မမြင်ဘူးလား´´
ရန် သက်ပြင်းချမိသည်..နာမည် ကိုသာ စီးစီးပိုးပိုးနှင့်
`ရန်ကျော်နိင်´ဟု အဖေ နှင့် အမေက မှည့်သာပေးထား
သည်..ဘာရန် မှမကျော်နိုင်မနင်းနိုင်..ကြုံရာလူက အော်
တာ ဟောက်တာချည်း ခံနေရပါလားတွေးမိလိုက်သော
ကြောင့်ဖြစ်၏။
Congratulations @zayarminkhant! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Congratulations @zayarminkhant! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP