ကြည့်ကြတာပေါ့
ချာတိတ်တစ်ယောက် သူ၏ကျောင်းနေဖက်သူငယ်ချင်းအိမ်သို့ ရောက်လာသည်။ အိမ်ရှေ့အဝင်ဝတွင် အင်းခွေးကြီးတစ်ကောင် ရှိနေသည် ။ " ဝင်ခဲ့ဟေ့ " ဟု ကော်ရစ်ဒါပေါ်မှ အိမ်ရှင်သူငယ်ချင်းက အော်လိုက်သည်။
" ဒီခွေးကြီးက မကိုက်ဘူးလား "
" ငါတို့လည်း အဲဒါကိုသိချင်နေတယ် ၊ ဒီခွေး အိမ်ကိုရောက်လာတာ ကနေ့ ပထမဆုံးနေ့လေ "
လူလိမ်
မောင်ထွန်းလှ သည် သူ၏သူငယ်ချင်း မောင်သိန်းထံမှ ၎င်းရရန်ရှိသော ချေးထားသည့်ငွေ သိန်း၁ထောင် ရလိုကြောင်း တရားရုံးတွင် လျှောက်ထားသည်။ မောင်သိန်းက မိမိသည် ငွေသိန်း၁ထောင်လုံးကို အပြည့်အဝ ပြန်ဆက်ပြီးကြောင်းထုချေသည် ။ နှစ်ဖက်စလုံး၏ အထောက်အထားများ မခိုင်လုံသဖြင့် အမှုကို တရားသူကြီးက ပလပ်လိုက်သည် ။ ရုံးမှအထွက် မောင်သိန်းကို မောင်ထွန်းလှ ကတွေ့ရာ.... မောင်ထွန်းလှ က....
" မင်း လိုလူလိမ်မျိုး ငါမတွေ့ဖူးဘူး၊ တတ်လည်း တတ်နိုင်တဲ့အကောင်၊ ငါ့ဆီက တစ်ပြားတစ်ချပ် မှ မင်းချေးထားတာမဟုတ်ဘဲနဲ့ အကုန်လုံး ပြန်ဆပ်ပြီးပြီလို့ မင်းမို့ လိမ်ရဲတယ် " ဟု ပြောလိုက်သည် ။
SMT-66
SMT-69
SMT 81
SMT 79
smt 80
Smt77
SMT-74
SMT67
SMT68
SMT-76
SMT 82
SMT 72