အချစ်ဆိုသည်မှာ
“လောကကြီးက ဘာမှ အဓိပ္ပာယ်မရှိဘူး။ ငါ့ကို ဘယ်သူမှ နားမလည်ကြဘူး။ အလကားလောက။ အလကား လူတွေ”
ကောင်မလေးတစ်ယောက်က အော်လိုက်ခြင်းဖြစ်သည်။ သူအော်နေသည့်နေရာမှာ တံတားပေါ်တွင် ဖြစ်သည်။ ကောင်မလေးက လက်ကို ဆန့်တန်းလိုက်ပြီး ခုန်ချရန် အားယူလိုက်သည်။ သို့သော် မြစ်ထဲကိုမကျ တံတားပေါ် ပက်လက်ပြန်ကျသည်။ သူ့အောက်တွင် တစ်ယောက်ယောက်ရှိနေသည်။
“ဘာလဲ … ဘာဖြစ်လို့ ဆွဲတာလဲ … နင် ငါ့ကို ဘာဖြစ်လို့ ဆွဲတာလဲ”
ကောင်မလေးက သေသေချာချာကြည့်လိုက်သည်။ လရောင်အောင်တွင် သူ့ကို ဆွဲလိုက်သည်မှာ ကောင်လေး တစ်ယောက်ဖြစ်နေသည်။
“နင် ဘယ်သူလဲ … ငါ့ကို ဘာဖြစ်လို့ကယ်ရတာလဲ”
“တော်တော်လေး ခံစားနေရပုံပေါ်တယ်။ စိတ်ညစ်နေလို့လား။ ဘာကြောင့်လဲ သိလို့ရမလား”
“နင် သိတော့ရော ဘာဖြစ်မှာလဲ … ဖယ်ပါ … ငါသေချင်တယ်”
“အင်း … နင်က သေချင်နေတယ် ဟုတ်လား။ တံတားအောက်မှာ ငတ်နေတဲ့ လူတွေ အများကြီး ထိုင်နေကြတယ်။ သူတို့ ခုထိ ညစာ မစားရသေးဘူး။ ကလေးတစ်ယောက် သေတော့မယ်။ အသက်ကို လုပြီးတော့ ရှူနေရတယ်။ သူ့အမေက ထမင်းမစားရလို့ နို့မထွက်တော့ဘူး။ ပြီးတော့ သူ့လင်ကလည်း သူ့ကို ပစ်သွားပြီ။ ကလေးသေပြီးရင် အဲဒီ အမေဆိုတာလည်း သေမှာပဲ။ ခက်တော့တာပဲ … ဝဝလင်လင် စားနိုင် သောက်နိုင်တဲ့ လူတွေက သေချင်နေတယ်။ ငတ်နေတဲ့ လူတွေက အသက်ရှင်ဖို့ ဆုတောင်းနေကြတယ်။ လောကကြီးက ရယ်ရတယ်”
“တံတားအောက်မှာ အဲလို လူတွေရှိသလား”
“တံတားအောက်မှာ ဘဝဆိုတာ ဘာမှန်းမသိတဲ့ လူတွေ အများကြီး ရှိနေတယ်”
“ကျေးဇူးပဲဟာ … ငါ သတ်မသေတော့ပါဘူး။ နင့်ကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ နင်ဘယ်ကလဲ။ တံတား အောက်ကလား”
“မဟုတ်ဘူးဟ … ငါက ဘုံပျောက်နေတဲ့ကောင်။ အိမ်ပြန်ပါဟာ လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာပါ”
ကောင်မလေးက တံတားပေါ်က ပြန်ပြီး လမ်းလျှောက်ရင်း ဆင်းလာသည်။ အိမ်ပြန်ရောက်သည့်အခါ စဉ်းစားမိသည်။ ကောင်လေးပြောလိုက်သည့်စကားက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ စားနိုင်သောက် နိုင်တဲ့ လူတွေက သေချင်ပြီး၊ မစားနိုင်မသောက်နိုင်သူတွေက အသက်ရှင်ဖို့ ရုန်းကန်နေရသည်ဆိုသည့် စကားကို သူအထပ်ထပ်ကြားနေရသည်။
နောက်တစ်နေ့ နံနက်စောစော ကောင်မလေးက တံတားဆီပြန်လျှောက်လာသည်။ ယခုတစ်ကြိမ် ခုန်ချရန်မဟုတ်။ ကောင်လေးကို ရှာရန်ဖြစ်သည်။ ကောင်လေးကိုမတွေ့။ လျှောက်မေးကြည့်မိသည်။
“အရပ်က ဒီလောက်၊ ကိုယ်ခန္ဓာတောင့်တောင့် ဂျင်းဘောင်းဘီအနက်၊ တီရှပ်အနက်နဲ့ ကောင်လေးတစ် ယောက်ကို တွေ့မိလား”
အားလုံးက ခေါင်းခါသွားသည်။
“တီရှပ် ရင်ဘတ်မှာ I Love You လို့ရေးထားတယ်လေ”
အားလုံးက သူ့ကို အရူးတစ်ယောက်လို အကြည့်မျိုးတွေနှင့် ကြည့်သွားကြသည်။
နောက်တစ်နေ့ ညဘက်တွင် ကောင်မလေးက တံတားဆီ ရောက်လာပြန်သည်။ လရောင်အောက်တွင် ထိုင်နေသည့် ကောင်လေးကို တွေ့လိုက်ရသည်။ တစ်နေ့က အဝတ်အစားတွေအတိုင်းဖြစ်သည်။
“မနေ့က နင့်ကို လာရှာသေးတယ်”
“ဘာလုပ်မလို့လဲ”
“ကျေးဇူးတင်ကြောင်း ပြောချင်လို့။ ပြီးတော့ ဒီလက်ဆောင်လေးလည်း ပေးချင်လို့”
“မလိုပါဘူးဟာ”
“ငါ ခု အလုပ်ပြန်လုပ်နေပြီ သိလား။ နင်ပြောသလိုပဲ ငါ့ အခြေအနေမကောင်းဘူးလို့ ထင်နေတာ၊ ငါ့ထက် မကောင်းတဲ့သူတွေ အများကြီးပါလားဆိုတာ သိလိုက်ရတယ်”
“စိတ်ညစ်တိုင်း သတ်သေနေကြရင် လောကမှာ လူတွေ ဘယ်ရှိတော့မှာလဲ … မဟုတ်ဘူးလား”
“အေးဟ … ဒါကြောင့် ဘာပဲဖြစ်ဖြစ် စိတ်မညစ်တော့ဘူး။ ပျော်အောင်ပဲနေတော့မယ်”
“ကောင်းတာပေါ့”
“ရော့ … ဒီမှာ နင့်အတွက် လက်ဆောင်”
“ဘာလဲ”
“ဖွင့်ကြည့်လိုက်လေ”
“တီရှပ်ပါလား”
“အေး”
တီရှပ်တွင် ရေးထားသည့် စာတန်းက I Love You
“အေး … ငါပြန်တော့မယ်”
“နင့်နာမည် ပြောသွားဦးလေ … နင် ငါ့ကို တစ်ခုခု ပြန်ပေးစရာ မရှိဘူးလား”
ကောင်လေးက ဘောင်းဘီအိတ်ထဲကို နှိုက်လိုက်သည်။ ဓာတ်ပုံလေးတစ်ပုံ
“အေးဟာ ငါ့မှာ ဘာမှတော့ မရှိပါဘူး။ ဒီဓာတ်ပုံလေးပဲ ယူထားလိုက်ပါ”
ကောင်မလေးက ပျော်ရွှင်စွာ အိမ်ပြန်လာသည်။ နောက်တစ်နေ့ တံတားဆီ နေ့ခင်းဘက်လာသည်။ ကောင်လေးကိုရှာသည်။ မတွေ့။ ညဘက်လာသည် ကောင်လေးကို ရှာသည်။ မတွေ့။ တံတားတွင် ရပ်ပြီး ငေးနေစဉ် ရဲကားကရောက်လာသည်။ ရဲတစ်ယောက်က ဆင်းလာပြီး
“သမီး ညအချိန်မတော် တံတားပေါ်မှာ ဘာလုပ်နေတာလဲ”
“သမီး သူငယ်ချင်း တစ်ယောက်ကို ရှာနေတာ”
“မိုးချုပ်ပြီသမီး ပြန်ပါတော့”
“ဦး … သူ့ကို တွေ့မိသလားဟင်”
ရဲက ကောင်မလေး လှမ်းပေးသည့် ဓာတ်ပုံကို ယူကြည့်လိုက်သည်။
“သူဘာဖြစ်လို့လဲသမီး”
“သမီးသူ့ကို ရှာနေတာ”
“ဘာကြောင့်လဲသမီး”
“တစ်နေ့က သူ သမီးကို သူ့ဓာတ်ပုံလေး ပေးသွားတယ်။ သမီးက သမီးဓာတ်ပုံလေး ပြန်ပေးချင်လို့ပါ”
“ဘယ်နေ့က”
“တစ်နေ့က”
“ဟုတ်ရဲ့လားသမီး သူ သေသွားတာ သုံးနှစ်လောက်ရှိသွားပြီ”
“မဟုတ်ဘူး … သူနဲ့သမီးတွေ့ပြီးပြီ။ သမီးကိုတောင် အသက်ကယ်ခဲ့သေးတယ်။ တစ်နေ့ကပဲ သူ့ဓာတ်ပုံကို ပေးသွားတာ”
“သမီး ပြန်တော့ … ဦးတို့ ဘယ်ကို လိုက်ပို့ပေးရမလဲ။ သူသေတာ သုံးနှစ်ရှိသွားပြီ။ ဒီနေရာမှာပဲ။ စောစောက ဦးတို့ကင်းလှည့်ရင်း တံတားပေါ်မှာ ဟောဒီ အင်္ကျီလေးတွေ့လို့ ဘယ်သူကျကျန်သွားသလဲဆိုပြီး လိုက်ကြည့် နေတာ”
ကောင်မလေးက ကြည့်လိုက်မိသည်။ သူ ကောင်လေးကို ပေးလိုက်သည့် လက်ဆောင်တီရှပ်။ ရင်ဘတ်တွင် ရေးထားသည်က
“I Love You”
တင်ညွန့်
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.tnaflix.com/channels