မနက်ခင်းနေခြည်နွေးနွေးလေး အခန်းရဲ့ပြတင်းပေါက်မှန်တွေကို ဖြတ်သန်းလာခဲ့ချိန်….
စူးရှတဲ့အလင်း တစ်ခုကြောင့် အိပ်ရာကနိုးထလာခဲ့မိ…….
ဒါဟာ အိပ်မက်တစ်ခုလေလား “မေ”ရယ်အိပ်မက်ဆိုရင် ကို ဘယ်တော့မှမနိုးထချင်တော့ပါဘူး…….အခုချိန်ထိ ကိုယ့်ရဲ့ရင်ထဲမှာ ဗလောင်ဆူနေတာ မေ သိနိုင်ပါ့မလား…….
မေ ကိုယ့်ရင်ခွင်ထဲက ထွက်ခွာခဲ့တာခုဆို တစ်နှစ်တိတိပြည့်ခဲ့ပြီပေါ့……ရင်ထဲက သတိရခြင်းဆိုတဲ့ အစိုင်အခဲတွေကို ကို တစ်ယောက်တည်း ဘယ်လိုချေဖျက်ပစ်နိုင်ပါ့မလဲ မေရယ်…..
ဒါပေမဲ့ ရက်စက်တဲ့ ကံတရားကိုတော့ ကိုယ်တို့နှစ်ယောက် အပြစ်မဖွဲ့ကြေးနော်………
မေ နဲ့ကို စပြီးတွေ့ခဲ့တာ တက္ကသိုလ်ကျောင်းတော်ကြီးကို စပြီးခြေလှမ်းမိခဲ့တဲ့အချိန်နော်… အတန်းထဲကို မေ ဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းသဘောစကျမိခဲ့တာ…
မျက်နှာပေါ်မှာ ဘာမှမလိမ်းထားတောင် ရိုးရိုးလေးလှနေတဲ့ မေ့ အလှက ကို့ရင်တွေ တကယ်ခုန်စေခဲ့ပါတယ်။ အတိတ်ရေစက်ကြောင့် မြင်မြင်ချင်းစွဲလမ်းနေမိတာလား မသိနိုင်တော့…
အချိန်တွေကြာလာတော့ သံယောဇဉ် အနှောင်အဖွဲ့တွေက အချစ်ဆိုတဲ့ တံတိုင်းလေးကို နှစ်ယောက်အတူ တည်ဆောက်မိခဲ့ကြတယ်..
ကိုယ်တို့ဘဝအတွက် အနာဂတ်အစီအစဉ်တွေတောင် နှလုံးသားစာရွက်တစ်ခုမှာ ရေးမှတ်ထားခဲ့ကြသေး တယ်နော်…
ဘဝဆိုတာ အမြဲတိုင်းတော့ ပျော်မနေနိုင်ဘူးနော် မေ…မမျှော်လင့်ထားတဲ့ ကံတရားတစ်ခု ကိုယ်တို့နှစ် ယောက်ကြား ဝေးကွာခြင်းတွေ ဖြစ်စေခဲ့တယ်နော်………
တစ်နေ့ ကျောင်းပိတ်ရက်ရှည်တစ်ခုမှာ မေ နယ်ကိုပြန်ဖို့ အကြောင်းဖန်လာတော့ ကားဂိတ်မှာ ကိုယ်တို့နှစ်ယောက် နှုတ်ဆက်မျက်ရည်ရွဲခဲ့ကြတယ်နော်…အဲဒီနေ့က ကိုယ်တို့နောက်ဆုံး နှုတ်ဆက်ခဲ့လေခြင်းလား မေရယ်….
နောက်တစ်နေ့မှာ မေ စီးသွားခဲ့တဲ့ကားမှောက်သွားတယ်ဆိုတဲ့ သတင်း….. အဲဒီနေ့ကစပြီး မေ ကိုယ့်ကို ထာဝရခွဲခွာသွား ခဲ့တယ်နော်…..
ရင်ထဲကဝေဒနာတွေက ပြောပြမတတ်လောက်အောင် အရူးတစ်ပိုင်းဖြစ်ခဲ့ရပါတယ်………..
နှလုံးသားထဲကတောင်းဆုတစ်ခု အိပ်မက်သာဖြစ်ပါရစေမေ…….
Very nice post thank you
အရမ်းကောင်းပါတယ်ခ်ခ်
ဘာလားဘာလားပေါ့နော်မင်းလေးကိုချစ်တယ်သိလား