မင်္ဂလာပါ
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ ဟု
ပဏာမ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
ဒီကနေ့ အလှည့်ကျရောက်လို့လာတာကတော့
ခရမ်းပွင့် လေးပါပဲ။ ခရမ်းရောင်လေးကလည်း ချစ်စရာပါ။
ဟိုတစ်နေ့က ညီမတွေ ခရမ်းသီး ဆွတ်နေတာ မြင်တာနဲ့
ခရမ်းပွင့်လေးကို ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။
ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံးဟာ 🍆ခရမ်းသီး
ချက်ဟင်းကို ကြိုက်ကြပါတယ်။
ကျွန်တော့မယား ခရမ်းသီးချက် ကြိုက်ဆို ငယ်ငယ်က
စိတ်ကောက်နေရင်တောင် သူမဖေဖေက ငါ့သမီးဖို့ ခရမ်းသီးချက်ထားတယ် ထစားပါလား
ဆို အကောက်ပြေပြီး
ထစားတဲ့အမျိုးရယ်ပါ။
ဒါကြောင့်သာပဲ အမှတ်တရ ခရမ်းပန်းအလှ ပို့စ်တင်လိုက်ရတာပါပဲ။
I have picked your post for my daily hive voting initiative, Keep it up and Hive On!!
Special thanks
အာ ကိုဟိန်းပန်းက သိပ်မရှင်းဘူး။ တမင်ရိုက်ထားတာလားတော့ မပြောတက်။
တစ်ခုခုတော့ ခံစားရတယ်။ ပိုက်စိမ်းကြီးကို မြွေမှက်လို့😁
အနီးကပ်ဆိုတော့ ဝါးသွားတယ်။
အလှရိုက်မဟုတ်ပေတော့လည်း ပုံဖြစ်ရုံပဲ။
ခြံနဲ့ မြေနဲ့ နေရတော့ ကောင်းတယ်ဗျာ ဒီမှာတော့ တိုက်ခန်းတွေနဲ့ ကျဥ်းကျပ်တယ်
တောရွာဆိုတော့ ကျယ်ပြန့်လွတ်လပ်ပါတယ်
မြို့ကြီးမှာလိုတော့ အခွင့်အလမ်း မစုံပြန်ဘူး