ညံ့ဖျင်းမှု နဲ့ ထူးချွန်​မှု

in #freedom7 years ago

ဆရာမဂျူးက ကျမ​တော်​​တော်​ညံ့ခဲ့ပါတယ်​ ဆိုတဲ့​ဆောင်းပါး​ခေါင်းစဉ်​ ကိုဖတ်​ရ​တော့ ကျမအ​တော်​​လေး ရယ်​ချင်​ခဲ့မိပါတယ်​။ ဆရာဝန်​ စာ​ရေးဆရာ​အောင်​မြင်​​ကျော်​ကြားတဲ့အမျိုးသမီး ဖြစ်​​နေတဲ့ သူတစ်​​ယောက်​က ကျမ​တော်​​တော်​ညံ့ခဲ့ပါတယ်​ဆိုတဲ့ စကားက ရယ်​စရာ​တော့ ဖြစ်​​နေတာပဲ​လေ။ ဒါ​ပေမဲ့အတွင်းစာသား​တွေကို ဖတ်​လိုက်​တဲ့အခါမှာ ဆရာမဂျူးလည်း ညံ့သူ​ပေပဲလို့ ကျမ အသိအမှတ်​ပြုခဲ့မိတယ်​။

ပရိတ်​သတ်​​တွေကြာ​အောင်​မြင်​​ကျော်​ကြား​နေတဲ့အမျိုးသမီး စာ​ရေးဆရာမ ဆရာဝန်​ အဲ့ဒီနယ်​ပယ်​​တွေထဲမှာပဲ ဆရာမဂျူးက​တော်​ခဲ့တာပါ။အဲ့ဒီအထဲမှာ​တောင်​မှ ဆရာဝန်​အလုပ်​မှာ သူ မ​တော်​ဘူးလို့ ဆရာမဂျူးက​ပြောထား​သေး​လေရဲ့..။
လူတစ်​​ယောက်​ဟာ သူထူးချွန်​ရာ နယ်​ပယ်​ကလွှဲရင်​ တခြား သူနဲ့စိမ်းသက်​​နေတဲ့ နယ်​ပယ်​တိုင်းမှာ ညံ့ဖျင်း​နေကြ​လေ့ရှိတာပါပဲလား လို့ ကျမ​တွေးခဲ့မိတယ်​။

လူ​တော်​ဆိုသူကလည်း​နေရာတကာ မ​တော်​နိုင်​သလို ညံ့သူဆိုတာကလည်း​နေရာတကာ​တော့ မညံ့ဘူး​ပေါ့။

တချို့ လူ​တွေကတစ်​​နေရာမှာ ညံ့သွားတာကို တစ်​သက်​စာညံ့ဖျင်းမှုလို ထင်​မြင်​​နေတတတ်​ကြတယ်​။
image
ဥပမာဆိုပါစို့။ပေ​တေ​နေတတ်​တဲ့ က​လေးတစ်​​​ယောက်​ ဆယ်​တန်းကျတဲ့အခါ သူ့တစ်​ဘဝလုံးအတွက်​ကိုပါ ကဲ့ရဲ့ရှုတ်​ချပစ်​ကြတယ်​။တကယ်​လို့ အဲ့ဒီက​လေးဟာ စီးပွားရှာတဲ့​နေရာမှာ ​တော်​​နေပြန်​ရင်​​တော့ သူ့ရဲ့ညံ့ဖျင်းခဲ့တဲ့ ကျရှုံးမှုဟာ လှလှပပ​လေး ​ဖား​ထေး​ပေးတတ်​ကြပြန်​တယ်​။

လူ​တော်​တစ်​​ယောက်​ဆိုတာကလည်း သူကျွမ်းကျင်​ရာ နယ်​ပယ်​မှာ သူထူးချွန်​တာမျိုးပဲ​လေ။သူ့ထူးချွန်​မှုက အဲ့ဒီနယ်​ပယ်​မှာ သူများထက်​ ပို​နေလို့​အောင်​မြင်​လာတာမျိုး​ပေါ့။အောင်​မြင်​သူတိုင်းက လူ​တော်​မဟုတ်​သလို လူ​တော်​တိုင်းလည်း​အောင်​မြင်​သူမဟုတ်​ကြပါဘူး။ လူတိုင်းက အားနည်းချက်​တစ်​ခုစီတိုင်းမှာ ညံ့ဖျင်း​နေနိုင်​ကြ​ပေမဲ့ အားသာချက်​တစ်​ခုစီတိုင်းမှာလည်း​တော်​​နေတတ်​ကြပြန်​တယ်​။

လူသားမှန်​ရင်​ ဘယ်​တစ်​​ယောက်​ကိုမှ ညံ့လွန်းလို့ဆိုပြီး အထင်​​သေးလို့မရသလို​တော်​လွန်းလို့ ဆိုပြီးလည်း အထင်​မကြီးသင့်​ဘူး..​လေ..။
image
လူတစ်​​ယောက်​ရဲ့ ညံ့ဖျင်းမှုဆိုတာက လစ်​ဟာ​နေတဲ့ကွက်​လပ်​နဲ့တူမယ်​ ထင်​ပါတယ်​။ လူတစ်​​ယောက်​အတွက်​ ဘယ်​အရာမဆို နည်းနည်းပို​နေရင်​တာ သိပ်​မသိသာ​ပေမဲ့ လိုအပ်​​နေတဲ့အရာက​တော့​သေးငယ်​​နေပါ​စေ လစ်​ဟာ​နေတတ်​တာမျိုး​လေ.။ညံ့ဖျင်းမှုဆိုတာ ကွက်​လပ်​တစ်​ခုလို လစ်​ဟာ​နေတတ်​လို့ လူ​တွေ သတိထားမိကုန်​တာ ဖြစ်​​ပေမဲ့ ထူးချွန်​မှုက​တော့ သာမန်​ သူလို ကိုယ်​လို လူ​တွေထဲမှာ သိပ်​သတိမထားမိတတ်​ပဲ ရှိ​နေတတ်​တာမျိုးပါ။

ဒါ​ပေမဲ့ လူ​တစ်​​ယောက်​ရဲ့ထူးချွန်​မှုဟာတကယ်​လိုအပ်​တဲ့အချိန်မျိုးမှာ​တော့ မဖြစ်​မ​နေ အသိအမှတ်​ပြု​ပေးရတတ်​ပါတယ်​။
လူတစ်​​ယောက်​ရဲ့ ထူးချွန်​တဲ့အရည်​အချင်းကို မ​တွေ့ရ​သေးတာဟာ သူ့ကိုတကယ်​လိုအပ်​တဲ့​နေရာ မကြုံရ​သေးလို့ပါ။
လူတိုင်းက သူ့​နေရာနဲ့သူ ဟာကွက်​​လေး​တွေနဲ့ ညံ့ဖျင်းတတ်​ကြသလို လူတိုင်းကပဲ သူ့​နေရာနဲ့သူ ထူးချွန်​​နေတတ်​ကြတာကို ကျမတွေး​နေမိခဲ့ပါတယ်​။

လူတိုင်းကသာ ညံ့ဖျင်းမှုနဲ့ ထူးချွန်​မှုနှစ်​ခုကြားထဲက​နေ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ဖြည့်​​တွေး​ပေးကြမယ်​ဆိုရင်​​တော့ မတူဘူး မတန်​ဘူး ဆိုတဲ့ လူတစ်​​ယောက်​နဲ့တစ်​​ယောက်​ကြားက မာန်​မာန​တွေမရှိ​တော့ပဲ လူကို လူလို့ မြင်​နိုင်​ကြတဲ့ လူသားစိတ်​ဓာတ်​​တွေကို ပိုင်​ဆိုင်​နိုင်​ကြမယ်​ ထင်​ပါရဲ့..
image

( လှပတဲ့ လူ့ပတ်​ဝန်းကျင်​ကို တည်​​ဆောက်​နိုင်​ကြပါ​စေ)
I'm ATM.
@ayethatmon
SMT37
Photo..တူ/တူမ​လေးများ

Sort:  

This post has received a 0.18 % upvote from @drotto thanks to: @ayethatmon.

Smt7

သင့်​ခ်

SMT 8

သင့်​ခ်

Smt18

သင့်​ခ်

smt 12
done

သင့်​ခ်

SMT 16 done

သင့်​ခ်

SMT-19

သင့်​ခ်

SMT 17 done

သင့်​ခ်

SMT-4
done

Smt10 done

SMT-15 done

SMT6 Done