ဟာသအတိုအထွာ ရယ်မောစရာ (၁၈)
သူများချစ်ချစ်ကို
အိမ်တစ်အိမ်တွင် ဖြစ်သည်။
အိမ်ရှင် ။ ။ "ဟဲ့ မိစု ... ဒီကိုလာဦး"
အိမ်အကူ ။ ။ "ဟုတ်ကဲ့ ... လာပါပြီ အန်တီ"
အိမ်ရှင် ။ ။ "ညည်းအမေက ငါ့ကို စိတ်ချလို့ ညည်းကိုလာအပ်သွားတာ သိတယ်နော်"
အိမ်အကူ ။ ။ "ဟုတ် ...သိပါတယ်"
အိမ်ရှင် ။ ။ "အေး ... ညည်းမနက်က နွားနို့လာပို့တဲ့ကောင် နမ်းတာခံပြီးပလူးနေတာ ငါတွေ့တယ်နော်။
နောက်နေ့ကစပြီး နွားနို့လာပို့ရင် ညည်းထွက်မယူနဲ့
ငါသွားယူမယ်"
အိမ်အကူ ။ ။ "ဟုတ် ... ရတယ်လေ ... အန်တီထွက်ယူချင်ယူပေါ့၊
ဒါပေမဲ့ သူက သမီးကလွဲလို့ ဘယ်သူ့ကိုမှ မနမ်းဘူးတဲ့"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄