မှန်ကူကွက်တွေရဲ့နောက်ကြောင်းက မှင်စာလေးတစ်
ကောင်အလား ပြန့်ကျဲနေတဲ့ မှန်ကွဲစများကစူးရှချင်သ
ယောင်ဟန်ပြင်နေကြလေ၏ ခြေထောက်နှစ်ဖက်၏
တရှပ်ရှပ်လမ်းလျောက်သံမဆုံးမီပင် တံခါးတွန်းဖွင့်သံကို
ကြားလိုက်ရ၏ ဒီလိုနေရာမျိုးမှာ မိမိအပြင်ဘယ်သူရှိ
သေးသနည်း ကြောက်စိတ်ထက် စူးစမ်းချင်စိတ်ကပိုမို
ပြင်းထန်လာလေရာ တံခါးနားသို့ချည်းကပ်သွားမိတော့
လေသည် ဝုန်း ဒုန်း ဒုန်း အသံများက တရစပ်ပိုမိုကာ
ကျယ်လောင်လာလေတော့၏ မိမိမှာလည်းစူးစမ်းချင်
၍သာအနားသို့ကပ်ခဲ့ပေမင့် ယခုလိုကျတော့လည်း
ကြောက်စိတ်က ပြန်၍လွမ်းမိုးလာပြန်လေသည်။ထို့
ကြောင့် အသံများဆက်တိုက်ဖြစ်လာ၍ခြေထောက်များ
မှာအတန်ငယ်တွန့်သွားမိသည်ထင်သည်။ဒီအိမ်ကြီး
မှာစွန့်ပစ်ထားသည်ကကြာနေပေပြီ ဘေးပတ်ဝန်းကျင်
မှာလည်း ဆွေးမြေ့ဟောင်းနွမ်းနေသော ခြံစည်းရိုးများ
၏အပြင်ဘက်တွင်အတော်အလှမ်းဝေးသွားပါမှ လူနေ
အိမ်များရှိလေသည်ထိုအိမ်ကြီးသည်အင်္ဂလိပ်ခေတ်အခါ
က အတော်ချမ်းသာသည့်အပျိုကြီးတစ်ယောက်ရဲ့နေ
အိမ်ဖြစ်သည်ရုပ်လည်းအလွန်ချောသည်ဆို၏ ကျွန်ုပ်
တော့မမှီခဲ့ပါ ထိုအိမ်ကိုလေ့လာခြင်နေသည်မှာကြာပြီ
ဖြစ်သည်ကျွန်ုပ်တို့ရွာနှင့်ဆိုလျှင် နှစ်ရွာတစ်ရွာဖြစ်နေ
သော်လည်းကျွန်ုပ်မှာယခုကဲ့သို့သိရှိရသည်မှာမကြာ
သေးဟုဆိုရပေမည် လူပြောသူပြောများသည်မှာတော့
သရဲအလွန်ခြောက်သည်ဆို၏လမ်းသွားလမ်းလာများ
အမြဲတွေ့တွေ့နေကြသည်မှာ မိန်းမကြီးတစ်ယောက်
အိမ်ကြီးပေါ်တွင်လမ်းလျောက်နေသောမြင်ကွင်းများ
စကားပြောသံများ အော်သံများနှင်ဆူညံနေသည်ဆို
၏ သို့သော်လူအနည်းသာလျှင်တွေ့ကြသည်ဆို၏ ထို
ကဲ့သို့လူပြောသူပြောများနေသည့်အိမ်ကြီးဆီသို့ ယခုလို
တစ်ယောက်ထည်းထွက်လာရခြင်းမှာလည်းကျွန်ုပ်အဖို့
မလွယ်ချေ ခေါ်လာခဲ့သောသူငယ်ချင်းများမှာလည်း
သရဲအသံကြားကထဲက မည်သူမှမလိုက်ချင်ကြတော့
ပေ ကျွန်ုပ်မှာလည်း အထဲသို့မလိုက်ချင်နေစေတော့
အပြင်မှာတော့စောင့်ပေးပါဟု ခေါ်ထားခဲ့ရပေသည်
အကယ်၍ကျွန်ုပ်တစ်စုံတစ်ခုဖြစ်လို့အော်သံကြားခဲ့ပါက
လာရောက်ကူညီပေးကြဖို့ရန်ပင်ဖြစ်သည်။
အခန်းဆက်
Story Writer @julybrave
Image Source: google
wao great picture dear....i like it
Thanks! 😁