နိုးထလာတဲ့မနက်ခင်းတိုင်းကတော့ အမြဲသာယာနေမှာမဟုတ်ပါဘူး။ အိပ်ရာထနောက်ကျတာ၊ နေမကောင်းဖြစ်ချင်တာစတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် စိတ်ရှုပ်ရတဲ့နေ့တွေကြုံတွေ့ရမှာပါ။ အဲ့ဒီလိုရက်တွေမှာဆိုရင် အလုပ်လုပ်ရင်း စိတ်ဖိစီးမှုကလည်း ထိန်းချုပ်လို့မရအောင်ကို များနေပါလိမ့်မယ်။ ဒါဆိုရင် အဲ့ဒီလိုအချိန်မှာ စိတ်ဖိစီးမှုတွေလျှော့ချနိုင်ဖို့ ဘယ်လိုကြိုးစားမလဲ? နည်းလမ်းလေးတွေရှိတာကြောင့် လေ့လာကြည့်ကြရအောင်။
အလုပ်နဲ့ပတ်သတ်တဲ့စိတ်ဖိစီးမှုတွေကို လျှော့ချလိုက်ပါ။
တစ်နေကုန်စိတ်ဖိစီးမှုတွေနဲ့ အဆင်မပြေတော့ဘူးဖြစ်နေရင် အလုပ်နဲ့ပတ်သတ်တဲ့စိတ်ဖိစီးမှုတွေကို လျှော့ချလိုက်ပါ။ ဘာအရေးကြီးဆုံးလဲဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုပြန်မေးပါ။ သင့်ရဲ့ကိုယ်ကိုယ်ကိုယုံကြည်မှုကို ပြန်ရနိုင်မယ့် အရာတွေကနေပြန်လည်စတင်လုပ်ဆောင်ပြီးမှ အခြားလုပ်စရာအလုပ်တွေကို စီမံပါ။
အထက်လူကြီးနဲ့ ဆက်သွယ်စကားပြောပါ။
ကိုယ့်ရဲ့စိတ်ဖိစီးမှုကလည်း ကိုယ့်အထက်လူကြီးဆီက ရတာလည်း ရှိနိုင်တာကြောင့် အထက်လူကြီးနဲ့ ဆက်ဆံရေးအဆင်ပြေမှုရှိအောင် သူနဲ့ဆက်သွယ်မှုတွေ ပြုလုပ်ပါ။ အထက်လူကြီးနဲ့ ဆက်သွယ်စကားပြောတဲ့အခါမှာ ကိုယ့်ရဲ့ရှိရင်းစွဲ personality ကို ပြောင်းလဲစရာမလိုပါဘူး။ ပုံမှန်အတိုင်း Professional ကျကျဆက်ဆံပါ။ သင့်ရဲ့ update တွေကိုလည်း မှန်မှန်တင်ပြပေးပါ။
လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ခံယူချက်တွေကို ရှောင်ပါ။
လုပ်ဖေါ်ကိုင်ဖက်တွေပြောတဲ့ သူတို့ရဲ့ခံယူချက်တွေ၊ ဇာတ်လမ်းတွေကြောင့် ကိုယ့်ရဲ့ အလုပ်အပေါ်မှာ အနှောင့်အယှက်မဖြစ်စေပါနဲ့။ လုပ်ငန်းခွင်မှာ အတင်းအဖျင်းပြောတာမျိုးကြောင့် ကိုယ့်ရဲ့အလုပ်ကို ထိခိုက်အောင်မလုပ်မိဖို့လည်း လိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ဖေါ်ကိုင်ဖက်က ကိုယ့်ကိုအလုပ်နဲ့မဆိုင်တဲ့အရာတွေ လာပြောနေပြီဆိုရင် အာရုံမလွင့်စေဘဲ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်ထားပါ။
ကိုယ်ရေးကိုယ်တာပြဿနာများကိုလည်း အလေးထားပါ။
အလုပ်နဲ့ကိုယ်ရေးကိုယ်တာညီမျှမှုရှိဖို့လိုပါတယ်။ အလုပ်ကိုပဲ ဦးစားပေးပြီး ကိုယ်ရေးကိုယ်တာပြဿနာတွေကို မဖြေရှင်းဘဲထားရင် သင့်စိတ်အခြေအနေက ကောင်းနိုင်ပါ့မလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအခက်အခဲတွေကိုလည်း ဖြေရှင်းဖို့ လိုပါလိမ့်မယ်။
နေထိုင်မကောင်းရင် အနားယူလိုက်ပါ။
နေမကောင်းဘဲနဲ့တော့ အလုပ်ကိုအတင်းသွားစရာမလိုပါဘူး။ အလုပ်လုပ်နေတဲ့သူတွေလည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတာကြောင့် နေထိုင်မကောင်းဖြစ်တတ်ပါတယ်။ နေမကောင်းတဲ့အခါ စိတ်ဖိစီးမှုတွေထပ်တိုးလာရင် ကျန်းမာရေးကိုပိုပြီးထိခိုက်နိုင်တာကြောင့် အလုပ်ကို ခွင့်တိုင်ပြီး အနားယူဖြစ်အောင် အနားယူလိုက်ပါ။ နေကောင်းသွားမှ အလုပ်ပြန်ကြိုးစားလို့ရပါတယ်။
SMT 20 boaungdean
SMT43
SMT37
Smt41
SMT 32
SMT 45
Smt33
Smt47
Smt26
Smt31
Smt29
Smt40
SMT-28
SMT 35
36
SMT-34
smt39
SMT 46
Smt 30