ကျွန်တော့်အနေနဲ့ Beyond Horizon ကို လူအတော်များများ အသုံးပြုစေချင်တာပါ။ ဒီလို လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံက လူတွေ cryptocurrency ကို အကျွမ်းတဝင်ဖြစ်လာမယ်။ ကိုယ့်အကောင့်ကို သူများတွေ ထိန်းချုပ်တာ မခံ ရတော့ဘူးပေါ့။
တစ်ကယ်လို့ စိတ်ဝင်စားရင် ဒီ ကွန်မြူနတီမှာ join နိုင်ပါတယ်။
Joined ဆိုတဲ့ နေရာမှာ Join ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်ပါ။
အဖွဲ့ဝင်တွေ များလာတဲ့ အချိန်မှာ ecency points တွေကို giveaway လုပ်ပြီး ပေးသွားပါ့မယ်။ Splinterlands ကစားတဲ့ သူတွေ ဆိုရင်တော့ Rare Lvl 3 summoner တစ်ကောင်ကို ၃ ပတ် delegate လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Fire tribe summoner ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၀၀ ပြည့်တာနဲ့ giveaway စမှာ ဖြစ်ပါတယ်။ မြန်မြန် join ထားကြနော်။ ပိုစ့်တင်ရင် Beyond Token community အနေနဲ့ တင်မှပဲ giveaway ရမှာ ဖြစ်ပါတယ်။ ecency app ဒါမှမဟုတ် Website ကနေပဲ ပိုစ့်တင်ရမှာပါ။
လူအတော်များများ သုံးနိုင်ဖို့ဆိုရင် mobile app ရှိမှပဲ သုံးလို့ အဆင်ပြေမှာပါ။ အခုလောလောဆယ်မှာတော့ app တစ်ခုကို ရွေးထားပါတယ်။ အဲဒါကတော့ Hive Keychain ပါ။
https://play.google.com/store/apps/details?id=com.mobilekeychain&hl=en_IN&gl=US
ရှိပြီးသား အကောင့်ကို သုံးပြီး ဝင်မယ်ဆိုရင် Existing account ကို ရွေးပြီးတော့ အကောင့်အသစ် ဖွင့်မယ်ဆိုရင်တော့ New account ကို ရွေးပါ။
ဒီနေရာမှာကတော့ pin နံပါတ် ထည့်ပါ။
Finger printနဲ့လဲ ရတယ်နော်။ Finger print ဆိုတာက လက်နဲ့ အက်ကို ဖွင့်လို့ရအောင် လုပ်ထားတာကို ပြောတာပါ။
ကိုယ့်ရဲ့ username နဲ့ private key ကို ထည့်ရမှာပါ။ ပြီးရင်တော့ import ကို နှိပ်ပါ။ ဘယ် key ကို မဆို import လုပ်လို့ရပါတယ်။ ဒါပေမဲ့ posting key ကို import လုပ်လိုက်ရင်တော့ active key ကို ထပ်သွင်းပေးရမှာပါ။ key တစ်ခုနဲ့ တစ်ခုက အသုံးပြုတာချင်း မတူပါဘူး။ အကောင့်အသစ်တွေမှာတော့ key တစ်ခုပဲ ပေးပါတယ်။ အဲဒါကို ထည့်လိုက်ရင်တော့ နောက် ထပ် key ထပ်ထည့်ဖို့ မလိုအပ်ပါဘူး။ ဒီ app က သူ့ဘာသာသူ လုပ်သွားပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ရဲ့ အကောင့်ကို ဖော်ပြထားတာပါ။ အလွှဲအပြောင်းလုပ်ထားတဲ့ စာရင်းတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
အပေါ်က ပုံက primary tabဖြစ်ပြီးတော့ အခုပုံကတော့ မိမိပိုင်ဆိုင်ထားတဲ့ တိုကင်တွေကို ပြထားတာ ဖြစ်ပါတယ်။ တိုကင်တွေကို လက်နဲ့ ထောက်ပြီး လွှဲလို့ရပါတယ်။
username နေရာမှာ ကိုယ်လွှဲချင်တဲ့ သူရဲ့ နာမည်ကို ထည့်ပါ။ ပြီးတော့ လွှဲချင်တဲ့ ပမာဏကို ထည့်ပါ။ အိတ်ချိန်းဆိုရင်တော့ memo ထည့်ပေးဖို့ လိုပါတယ်။ ဒါကတော့ ကိုယ့်ဆီမှာ တိုကင်ရှိနေမှပါ။
Hive-Exchange မှာ အရောင်းအဝယ်လုပ်ချင်တယ်ဆိုရင်တော့ app ရဲ့ ညာဘက်အပေါ်ထောင့်က option menu ကို နှိပ်လိုက်ပြီး browser ကို ရွေးပေးပါ။ အဲဒိနောက် https://www.hive-engine.com ကို ရိုက်ထည့်ပေးပါ။ အဲဒိမှာ အရောင်းအဝယ် လုပ်လို့ရပါတယ်။
အင်း MYD လို marketing ဆင်းပါလားဗျ။
ခုတော့ HIVE Blockchain ထဲမှာ မြန်မာတွေ active မဖြစ်ကြလေတော့ လူ၁၀၀ ပြည့်ဖို့က...
အင်း ခက်တော့ခက်တယ်။ MYD က airdrop ဆိုပြီးတော့ ဖရီးပေးထားတာလေ။ ဒါပေမဲ့ အဲဒိတိုကင်တွေကို သူပြန်ဝယ်ပါ့မယ်လို့ ပြောမှ မထားတာ။
ကျေးဇူး ပါ ဆရာ
Welcome.
Welcome.