Hello.
Yesterday evening, I returned from shopping in the city.
On the way back, I saw a sunflower field.
I had seen that sunflower field before.
Yesterday, I had a little time so I looked at it carefully.
The evening sunset is beautiful.
The road was clear of travelers.
Due to the military situation in the country, people are traveling less.
It is not good to spend a long time on a deserted road.
However, I fully enjoyed the beauty of the sunflower field.
Sunflowers are not big flowers.
However, I think that small sunflowers are more beautiful than large ones.
Seeing sunflowers and the sun together is naturally beautiful.
The strange thing is that the sunflowers do not face the sun.
I have seen many sunflowers that face the sun.
However, seeing the sunflowers and the sun together like this makes the scene even more beautiful.
Yesterday, my pleasant evening was filled with the beauty of the countryside.
မင်္ဂလာပါ။
မနေ့ညနေက မြို့သို့ ဈေးဝယ် သွားရာမှ ပြန်လာခဲ့သည်။
အပြန်လမ်း၌ နေကြာပန်းခင်း ကို တွေ့မြင်ခဲ့သည်။
ထိုနေကြာပန်းခင်း ကို မနေ့ကမှ မြင်ဖူးသည်တော့ မဟုတ်ပါ။
မနေ့ကတော့ အချိန် အနည်းငယ်ရလို့ နေကြာပန်းခင်းကို အသေအချာ ကြည့်ဖြစ်ခြင်း ဖြစ်သည်။
ညနေ နေဝင်ချိန် သည် သာယာလှသည်။
လမ်းမပေါ်၌ ခရီးသွားသူ ရှင်းလင်းနေသည်။
နိုင်ငံ၏ စစ်ရေးအခြေအနေကြောင့် ပြည်သူတွေ ခရီးသွားလာမှု နည်းပါးကြသည်။
လူပြတ်သော လမ်း၌ အချိန်ကြာကြာနေလို့တော့ မကောင်းပါ။
သို့သော်လည်း နေကြာပန်းခင်း၏ အလှကိုတော့ အပြည့်အဝ ကြည့်ရှုခံစားခဲ့သည်။
နေကြာပန်းပွင့်တို့သည် အပွင့်ကြီးလှသည်တော့ မဟုတ်ပါ။
သို့ပေမယ့် နေကြာပန်း အပွင့်ကြီးတာထက် သေးတာက ပိုလှသည် ထင်ရပါသည်။
နေကြာပန်းများ နှင့် နေမင်း ကို အတူ ယှဉ်တွဲကာ ကြည့်မြင်ရသည်မှာ သဘာဝကျကျ လှပလှသည်။
ထူးဆန်းသည်က နေကြာပန်းပွင့်တို့ နေ ရှိရာဘက်သို့ မျက်နှာမူမနေကြပါ။
ကျွန်တော် များစွာ တွေ့မြင်ခဲ့ဖူးသည်က နေကြာပန်းပွင့်တို့သည် နေ ရှိရာအရပ်သို့ မျက်နှာမူနေတတ်ကြခြင်း ဖြစ်သည်။
မည်သို့ပင်ရှိစေ နေကြာပန်းပွင့် နှင့် နေမင်း တို့ကို ယခုကဲ့သို့ မြင်ရခြင်းက ရှုမြင်းကွင်းကို ပိုမို လှပစေသည်။
မနေ့က ကျွန်တော်၏ သာယာသော ညနေခင်းတစ်ခုကို ကျေးလက်သဘာဝရှုခင်း အလှဖြင့် ပြည့်စုံစေခဲ့သည်။
!hiqvote
!LUV
!HUG
(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@golden.future, @walarhein
@walarhein, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @golden.future gets !COFFEE from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our