ကြောက်လည်းကြောက်ပါတယ်

in HIVE-MYANMAR5 years ago

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..

စာတွေကိုရေးသာရေးနေရတာပါ။ စာလာဖတ်တဲ့သူကလက်တစ်ဖက်တောင်ပြည့်မယ်မထင်ပါဘူး။ ဖတ်တဲ့သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စာတွေကိုရေးသားနေကြဆဲဖြစ်တာကိုလည်း မြင်နေကြရမှာပါ။ စာတွေကိုကောင်းကောင်းရေးတာပဲဖြစ်ဖြစ် မကောင်းတာကိုရေးတာပဲဖြစ်ဖြစ် ဖတ်သူမရှိတော့လည်း အလကားဖြစ်သွားတာပါပဲ။ ဒီတော့စာကို ဖြစ်ကတတ်ဆန်းရေးချင်သလိုရေးတင်လိုတော့တာပေါ့။ စာရေးဆရာကြီးများလို အမြဲတမ်းစာဖတ်ပရိဿတ်ရယ်လို့လည်း ရှိမှမရှိပေပဲ။ မည်သို့ပင်ဆိုစေကာမူပေါ့၊ ရေးတော့ရေးတင်နေကြစမြဲသာပဲမဟုတ်လား။ တစ်ချို့လည်း အင်တာနက်ဆိုင်ရာ ဂိမ်းတွေ ဝက်ဆိုဒ်တွေ၊ တစ်ချို့လည်း လူမှုရေး၊ တစ်ချို့က စီးပွားရေး၊ ဘာသာရေး စသည်စသည် အလီလီရေးတင်နေကြဆဲပဲ ဖြစ်ပါတယ်။

amphan.png

ဘာတွေပဲရေးတင်ရေးတင် ရေးနေဖို့သာအဓိကလို့ပြောကြမှာပါပဲ။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးဆိုင်ရာ လာဖတ်သူတစ်ယောက်ရှိခဲ့ရင် တစ်ယောက်တော့အကျိုးရှိကောင်းရှိသွားနိုင်တာပေါ့။ ကိုယ်တိုင်တွေ့ကြုံခဲ့ရတာတွေကိုလည်း ဖောက်သည်ချ မျှဝေရေးသားကြသလို ကျွန်ုပ်ကဲ့သို့ စိတ်ကူးတည့်ရာတွေ ရေးတင်သူတွေလည်း ရှိချင်လည်းရှိမှာပေါ့။ HIVE ကိုရောက်လာကြပြီး စာဆက်ရေးနေတဲ့သူကလည်းနည်းနည်းသွားကြသလိုထင်မိတယ်။ ကိုယ်ကပဲဘယ်သူ့ဘလော့မှသွားမလည်ဖြစ်တာလည်းဖြစ်မယ်ထင်တယ်။ စာဖတ်ရလို့အကျိုးရှိစေတဲ့စာလေးတွေကို နောက်များမှရေးတင်တော့မယ်။ ကိုဗစ်ကာလကလည်း မပြီးဆုံးနိုင်သေး၊ အမ်ဖန်ကလည်းရင်တစ်ထိတ်ထိတ်စောင့်နေနဲ့ကာလမှာ ဘာမှအာရုံစူးစိုက်ဖို့မဖြစ်နိင်၊ စားဝတ်နေရေးအဆင်ပြေပြေနေနိုင်သူတွေအတွက် မထောင်းသာသော်လည်း အဆင်မပြေသူတွေအတွက်တော့ ကြောက်လည်းကြောက်ပါတယ်၊ ကြောက်လည်းမကြောက်နိုင်ပါ ဆိုသလိုဖြစ်နေကြောင်းရေးသားရင်း ရပ်နားလိုက်ရပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ 💖💖💖


@ansoe 18-May-2020(Monday)


HIVE LOGO ansoe myanmar.png

Sort:  

အမ် ချင် အမ် ဖန် ချင် ဖန်
ကိုယ် လုပ်စရာ ရှိတာ ကိုယ် လုပ်နေမှာပဲဗျာ

လုပ်စရာရှိတာ လုပ်ပါ လုပ်ပါ့ 😁😋

အမ် ချင် အမ် ဖန် ချင် ဖန်
ကိုယ် လုပ်စရာ ရှိတာ ကိုယ် လုပ်နေမှာပဲဗျာ

ရှေ့သို့ လှမ်းချီ MHC😁😁😁...

လုပ်ကြဘာ လုပ်ကြဘာ 😁

အန်ဖန်လည်း မြန်မြန်ပြီး၊ ကိုဗစ်လည်း မြန်မြန်လစ်

အဟုတ် တကယ်ကြီးကို မြန်မြန်လစ်စေချင်နေပါပြီ 😁

Did you actually talk about the TOPIC of PEAKD?

ဦးစိုးရေ... ပစ်ဒီ အကြောင်း မရေးပဲ ပစ်ဒီ ကို တက်တွဲထားလို့မေးနေတယ်။ နောက်ဆိုသတိထားဗျို့။ မြန်မာတက်ရှေ့ဆုံးမှာထားပေးလိုက်။

ဟု ဟု ဆာဟင်