ဝါသနာအရ ကိုယ်တိုင်ကြော်တဲ့ ကြက်သွန်ကြော်

in HIVE-MYANMAR2 years ago

ဟဲလို။ အားလုံးပဲ မင်္ဂလာပါရှင့်။ သာယာလှပတဲ့နေ့လေးတွေပိုင်ဆိုင်ကြပါစေရှင့်။ ဒီနေ့တော့ မမကြီးက ကြက်သွန်ကြော်လေးစားချင်လိုက်တာ ငယ်လေးရေဆိုလို့။ ဝါသနာက ရှိပီသားလေ။ နှစ်ခါပြောစရာမလိုဘူး။ ကြော်ပေးဖို့စတင်နေပါပီလေ။ကြွပ်ကြွပ်ကြွကြွလေးနဲ့ ချိုချိုလေး စားလို့ကောင်းလိုက်တာတဲ့။

အဲ့လိုလေး ချီးကျုးပေးရင် အပင်ပန်းတော့ပါဘူး။ ပန်းသမျှလည်းပြေ၊ မီးပူတာလည်း မသိတော့ပါဘူး။ အိမ်ဘေးက အန်တီတို့ကလည်း ကိုယ့်ဝါသနာပါပီး ကြော်တတ်လို့တဲ့ ချီးကျုးနေကြလေရဲ့။ အနံ့လေးလည်းမွေးနေလို့တဲ့။ကြော်နေရင်း အန်တီတစ်ယောက်ကို ချကျွေးသေးတယ်။ စားလို့ကောင်းလို့ ဘယ်လိုလုပ်တာလဲ ၊ဘာတွေထည့်ရတာလဲ။ချိုပီး ကြွပ်ရွနေလို့တဲ့။ငယ်လေးက ကြော်တတ်လိုက်တာတဲ့။ ကိုယ်လည်းပျော်တာပေါ့နော်။ ကိုယ်ကြော်တာလေးစားကောင်းတယ်ဆိုတော့လည်းလေ။

ကြက်သွန်‌ ကြော်စားရတာ ခက်ခဲတာတော့မရှိပါဘူးလေ။ကိုယ့်အိမ်မှာကြော်စားရင် ဆီလည်းသန့်ပီး ပူပူလေး စားလို့ကောင်းတာတော့ရှယ်ပဲနေမှာ။အန်တီ ကိုလည်း ဘယ်လိုကြော်ရတယ်ဆိုတာ ပြောပြဖြစ်တယ်။ မိတ်ဆွေတို့ကိုလည်း မျှဝေပေးချင်ပါတယ်။
ကြက်သွန်ကိုခွာပီး လှီချထားပီတော့ သုံးမျိုးစပ်မှုန့်မှုန့်ရယ်၊ကြက်သားမူန့်နည်းနည်းပဲ ထည့်ပါတယ်။ ကြက်သွန်က နဂိုကတည်းက ချိုတာမို့ ကြက်သားမှုန့်အများကြီး မသုံးထားဘူးနော်။ ကန်စွန်းရွက်လေးနည်းနည်းကို ရေဆေးပီး ကိုက်ထည့်တယ်၊ငရုတ်သီး လေးထောင့်ကိုလည်း ကိုက်တည့်လိုက်တယ်။ငရုတ်သီးက မွှေးနေပီတော့ကြွပ်နေတာ။ ငရုပ်သီးလေးရောစားမိလိုက်ရင် ရှယ်ပဲ။ဆနွင်းမှုန့်၊ဆားထည့်ပီး နယ်ထားလိုက်တယ်။ ပီးမှ ဆီအိုး တည်ပီးတော့ဆီကျတ်တော့ နယ်ထားတဲ့ကြက်သွန်ကို ဇွန်နဲ့ယူထည့်လိုက်တယ်။

တအားထူထူကြီးဆိုလည်း မကောင်းဘူးနော်။ အထဲက ထူတော့အိနေရင် ခဏပဲ ပျော့သွားမှာမို့။ အနေတော်လေးပဲ ထည့်ပီးတော့ မီးညီအောင် ကြက်သွန်ကြော်ကို လှန်ပေးရပါတယ်။
ဒါမှ နှစ်ဖက်လုံး အကျတ်ညီပီး စားကောင်းစေမှာပါ။။ကဲရပါပီ။စားလို့ကောင်းတဲ့ ပူပူနွေးနွေး ကြက်သွန်ကြော်လေး။

ကိုယ့် မမကြီးကတော့ စားကောင်းလို့ ကြက်သွန်ကြော် နောက်တစ်ခါ ထပ်ကြော်ခိုင်းအုံးမယ်တဲ့ရှင့်။မိတ်ဆွေ တို့လည်း လမ်းဘေးကြော်ဆိုင်တွေ စားခြင်းထက် ခုလိုကိုယ့်အိမ်မှာ ကိုယ်ကြော်စားတာ ပိုကောင်းပါတယ်နော်။ ဆီကလည်း သန့်လို့ ကျန်းမာရေး သိပ်မထိတာပေါ့လေ။ မိတ်ဆွေတို့လည်း ကြော်စားကြည့်ကြပါနော်။ အားလုံးလည်း ကျန်းမာပီး သာယာလှပါကြပါစေ။

Sort:  

!LUV
!LOL

What do you call a house made of feathers?
A lite house.

Credit: reddit
$LOLZ

(3/8)
Use the !LOL or !LOLZ command to share a joke and an $LOLZ@azzm984, I sent you an on behalf of @walarhein

PIZZA!

$PIZZA slices delivered:
(1/5)
htwegyi tipped azzm984 @golden.future tipped @azzm984

Congratulations @azzm984! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the May edition of the Hive Power Up Month!
Hive Power Up Day - May 1st 2023
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!

ကိုယ်တိုင်​ကြော်ထား​တော့ ကျန်းမာ​ရေးအတွက်ပို​ကောင်းတာ​ပေါ့
!LOLZ
!LUV

Don’t you hate it when someone answers their own questions?
I do.

Credit: marshmellowman
$LOLZ

(1/2)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP@azzm984, I sent you an on behalf of @suhlaing