Hive blog နှင့် ကောက်ရိုးလေးတစ်မျှင်

in HIVE-MYANMAR3 years ago (edited)

HIVE MYANMAR အဖွဲ့၀င်များအားလုံး ကိုယ်ကျန်းမာ ဘေးကင်းကွာ ရှိကြပါစေလို့ ဦးစွာ ပထမ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ။ အခုလို အချိန်မှာ Hive Myanmar အဖွဲ့၀င်အားလုံးကို စုံစုံညီညီ တွေ့ရှိနေရတဲ့အတွက်လည်း တစ်မျိုး စိတ်အေးရပါတယ်။

မိမိအနေနဲ့ ပုံမှန်ဆိုရင် တစ်နေ့ကို Post ၂ ခု ကြိုးစားပြီး တင်လေ့ရှိပေမယ့် ဒီရက်ပိုင်း စိတ်တွေလေးလံနေတာ စိတ်မပါတာနဲ့ ပျက်ကွက်နေခဲ့မိပါတယ်။ Dbuzz မှ ပုံတိုပတ်စ လေးများကိုသာ ဖိတင်ဖြစ်ပါတယ်။

အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း ယနေ့ USD စျေးမှာ 1USD လျှင် မြန်မာကျပ်ငွေ 2700 Kys အထိ ရောက်ရှိခဲ့ပြီး ရွှေစျေးမှာ 22 သိန်းကိုကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ ယခင်က 1 USD လျှင် 1350 Kys တွင် မြန်မာငွေ 4သိန်း ၀င်ငွေရှိသူသည် ယခုအခါ 2 သိန်းခန့် တန်ဖိုးရှိသော မြန်မာကျပ်ငွေ 4သိန်းသာရရှိတော့မည်ဖြစ်ပါသည်။ အရေအတွက် တူညီသော်လည်း တန်ဖိုးမှာ ထက်၀က်ခန့် ကွာခြားသွားခဲ့ပါပြီ။ 95 တစ်လီတာလျှင်700kys ၀န်းကျင်မှ 1450 Kys နှင့် ခြောက်ဆွဲခြောက် တစ်ထုပ် လျှင်200 Kys မှ 450 Kys ထိပင် ရောက်ရှိခဲ့ပါပြီ။ စိတ်ညစ်စေရန် တွက်ချက်ပြခြင်း မဟုတ်ပဲ မြန်မာငွေကြေး၏ ဆိုးဝါးစွာ တန်ဖိုးကျဆင်းလာသည်ကို သတိချပ်မိစေရန်သာဖြစ်ပါသည်။

ထိုအချိန်တွင် မိမိ တို့သည် Hive Blog ကဲ့သို့သော Social Media Platform တစ်ခု၌ ရောက်ရှိနေသည်မှာ အင်မတန် ကံကောင်းလှပါသည်။ ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်ဟုပင် တင်စား လိုက်ချင်ပါသည်။ ယခုအချိန် 1 Hive =0.56 $ ခန့် စျေးနှုန်းဖြင့် တွက်ချက်လျှင်ပင် တစ်နေ့ 2 Hive ရရှိသူသည် မြန်မာငွေ 2500Kys ကျော်ရရှိသည်ပင်။ ထိုထက်ပို၍ ရရှိသူများကတော့ ဆိုဖွယ်မရှိပေ။ မိိမိသည်လည်း ဤ Platform သို့ရောက်ရှိခဲ့ခြင်းသည် ကံကောင်းမှုတစ်ခုနှင့် အတူ တမူထူးခြားသော ကြိုးစားရန်အခွင့်အရေး တစ်ရပ်ကိုရရှိပိုင်ဆိုင်လိုက်ရခြင်းပင်ဖြစ်သည်ဟု ခံယူမိပါသည်။ ထိုအခွင့်အလမ်းအား မိတ်ဆက် ခေါ်ဆောင်ပေးပါသော ကိုဒွန် @donjuan အား အထူးကျေးဇူးတင်ရှိပါသည်။ ကိုဒွန်နှင့်အတူ မိမိသိရှိလိုသမျှကို မေးမြန်းသမျှ ကို စိတ်ရှည်ရှည် ထားပြီး စေတနာ အပြည့်ဖြင့် ရှင်းပြ သင်ပြပေးခဲ့သော ကို@tin.aung.soe အားလည်း ထပ်လောင်းကျေးဇူးတင်ရှိပါသည်။

မိမိအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်တကွ မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းလာခြင်းနှင့်အတူ ထက်ကြပ်မကွာလိုက်ပါလာသော ကုန်စျေးနှုန်းကြီးမြင့်လာမှုအား ရင်ဆိုင်နိုင်ရန်အတွက် Hive blog သည်သာ အားကိုးရတော့မည်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်ပြည့်စုံသော Content များကို ဖန်တီးရင်း Hive blog မှတစ်ဆင့် ၀င်ငွေပိုတိုးပွားရန် ကြိုးစားရတော့မည်ဖြစ်ပါသည်။ ထိုအခြေအနေတွင် အင်တာနက် ပြတ်တောက်မှု မဖြစ်ပွားမကြုံတွေ့ ရရန်မှာလည်းအရေးကြီးပါသည်။ မိမိတို့သည် အင်တာနက်မရှိလျှင် ကျည်မရှိသော သေနတ်များကဲ့သို့ တုတ်ကောက်မျှပင် အသုံးမ၀င် ဖြစ်ရပါလိမ့်မည်။

နောက်တစ်ချက်မှာ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့်အတူ မီတာအခွန်များ တိုးမြင့်ခြင်း ၊ Wifi လစဥ်ကြေး တိုးမြှင့်လာနိုင်ခြင်း ၊ Mobile data package များ တိုးမြှင့်လာခြင်းများ ကိုလည်း ရင်ဆိုင်ရရန် ရှိနေပြီဖြစ်ပါသည်။ ဘယ်လိုပင်ဖြစ်ဖြစ် မိမိတို့အနေဖြင့် Hive Platform တွင် ပုံမှန်စာရေးသားရင်း Hive & HBD များ စုဆောင်းရင်း ကြုံလာသမျှ ပြုံးပြရင်ဆိုင်ရန် ပင် ။

img_0.27586541520908836.jpg

အချိန်ပေးပြီး ဖတ်ရှုသူ ချစ်မိတ်ဆွေအပေါင်း ကာယစိတ္တ သုခအဖြာဖြာ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

လေးစားစွာဖြင့်
သန်းနိုင်စိုး
29.Sep.2021

Sort:  

Congratulations @callmemaungthan! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 1500 replies.
Your next target is to reach 1750 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Day - October 1st 2021 - Hive Power Delegation
Hive Power Up Month - Feedback from Day 25

အားတင်းကြတာပေါ့ကွာ
အစစအရာရာ ဂရုစိုက်ပါ

ဟုတ်ကဲ့ပါအကို ။ အကိုလည်း အစစ အရာရာ ဂရုစိုက်ပါ !PIZZA

$PIZZA@donjaun! I sent you a slice of on behalf of @callmemaungthan.

Learn more about $PIZZA Token at hive.pizza (2/10)

ကျွန်​တော်က hive က ​နေ bitcoin လဲပြီး bitcoin က​နေ မြန်မာ​ငွေ​ပြောင်းတာ လဲ​ပေးတဲ့ ဆိုက်က USD ​ပေါက်​စျေးကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ပဲ လဲ​ပေးတယ်ဗျာ ၁ ​ဒေါ်လာကို ၁၈၀၀ ကျပ်​ကျော်​ကျော်ပဲရတယ် ၂၇၀၀ ကျပ် အထိ မ​ပေးဘူးဗျ

ဟုတ်ကဲ့ပါဗျာ။ Exchange က Trade တာက မလုပ်တက်သေးဘူးဗျ။ စျေးက အပြင်မှာ Hot စျေးနဲ့ တွက်ပြီး ရေးလိုက်တာပါဗျ။ အမှားပါရင် ခွင့်လွှတ်ပါဗျာ။

မမှားပါဘူးဗျာ ကျွန်​တော်ကလည်း ​ရောင်းရင် ၂၇၀၀ ​ပေါက်​စျေးနဲ့ ကျွန်​တော် လိုချင်တာကို ​ပြောတာပါ

ဥပမာ crypto နဲ့ ဖုန်း​ဘေ ဖြည့်မယ်ဆိုလည်း USD ​ပေါက်​စျေးက ဗဟိုဘဏ်​ပေါက်​စျေးနဲ့ပဲ တွက်​ပေးတယ် ဒီ​အောက်က ဆိုက်မှာ crypto နဲ့ ဖုန်း​ဘေ ဖြည့်တာပါ ၁ ​ဒေါ်လာကို ၂၇၀၀ နဲ့သာ တွက်​ပေးရင် crypto ဘယ်​လောက်မှ ​ပေးရမှာ မဟုတ်ဘူး
www.cryptorefills.com/?ref=ktEkBFUmT9

ဒါ​ပေမယ့် ဗဟိုဘဏ် ​ပေါက်​စျေးနဲ့တင် ​တော်​တောတန်​နေပါပြီ

ဟုတ်ကဲ့အကို 💪💪

Exchange website ​တွေက တကယ့်​ပေါက်​စျေး ၂၇၀၀ ကျပ်နဲ့ လဲ​ပေးရင် ​ကောင်းမယ်ဗျာ

အဲဒါ ဆိုရင်တော့အတိုင်းထက်အလွန်ပါပဲ

good morning 😌😌

Good morning အကို

ဟုတ်တယ် အမှန်ပါပဲ....

ကြိုးစားကြတာပေါ့ခင်ဗျာ

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more, by @callmemaungthan.

မြန်မာငွေကြေးက အရမ်းနိမ့်လာတော့ ဒေါ်လာသာများများ ရှာရတော့မယ်
!PIZZA

$PIZZA@callmemaungthan! I sent you a slice of on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (5/10)

ဟုတ်ပါတယ်အကို ။ Hive တစ်ခုရှိနေတာ အခွင့်အရေး ကောင်းပါပဲ !PIZZA

$PIZZA@naythan! I sent you a slice of on behalf of @callmemaungthan.

Learn more about $PIZZA Token at hive.pizza (5/10)

ဒေါ်လာဈေးတက်တော့ အင်း
ဖုန်းဘေလ် အင်တာနက်မတက်သေးလို့ တော်သေးဟု။
!PIZZA

$PIZZA@callmemaungthan! I sent you a slice of on behalf of @htwegyi.

Learn more about $PIZZA Token at hive.pizza (5/10)

အ့မို့တော်သေး ဖုန်းဘေပါလိုက်တက်ရင် သေပါပြီ

လက်ရှိ အွန်လိုင်းမန်းနီးက ဒေါ်လာနဲ့ ဘီတီစီ ပေါ်မှာ မြန်မာတွေကစားကြတော့ ပြည်တွင်းမြန်မာငွေကျတော့ ဈေးက ကျနေပြန်ရော အခုနေ အွန်လိုင်းမှာပဲ ဒေါ်လာများများ စုထားတာ အကောင်းဆုံးထင်ပ။ !PIZZA

$PIZZA@callmemaungthan! I sent you a slice of on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza (3/10)

မင်းသာ လူကြော်ငြာတာလား 😀😃

စာမဖတ်လည်း ရပါတယ် ဓာတ်ပုံလေး ကြည့်ပေးရင် ကျေနပ်ပီ ဟဟ 😅 !PIZZA