မရေးတာကြာလို့ ကဗျာလေးတစ်ပုဒ် လာတင်ပါရစေဗျာ

သားငယ်ရေ.....

အရှေ့မှာ မုန်တိုင်းတွေ
ထန်လိမ့်မယ်ဆိုတဲ့အမေ့စကားမှာ
ကျနော်ဟာ လှိုင်းဒါဏ်ကိုမကြောက်လို့
သင်္ဘောဆောက်ခဲ့တာ အမေ......

လှေတစ်စင်းလို ကမ်းကပ်မနေပါရစေနဲ့လို့
ကြွေးကြော်ရင်း အမေ့ခြေရင်းက ပြေးထွက်ခဲ့မိတယ်.....

ပင်လယ်ဟာ ပြာတယ်လို့ သိခဲ့တာပါ
ကျနော်ဟာ ဖြူနီပြာဝါတွေကြား
ကိုယ့်ကိုယ်ကို အရောင်ခြယ်မှားခဲ့တယ်....

သိသိရက် ရွေးချယ်ခဲ့ခြင်းနဲ့
မသိရှိပဲ ဆေးခြယ်ခံရခြင်းတွေကြားမှာ
ရွေးချယ်စရာဟာ သိပ်များများစားစား မရှိခဲ့ပါဘူး။

သွားစရာရှိတာကို သွားပြီး
မှားစရာရှိရင်လည်း မှားခဲ့လိုက်ရတယ်
ဒါဟာလည်း ကျနော်သိရှိရတဲ့
တစ်မျက်နှာစာ ဘ၀ ပဲမလား?

ခဏခဏတော့ စိတ်တွေ ပြုတ်ကျတယ်
ဒါလည်း အိပ်ရာ၀င် စိတ္တဇပါပဲ။ ။

ကျနော့်ကို ကျနော် ပြန်ရှာဖို့ကြိုးစားရင်း
ဖန်ခွက်နှုတ်ခမ်းမှာ မိုးပြန်လင်းရတာများတယ်။ ။

#အညတရကျောင်းသား
3.july.2024

Sort:  

အိမ်လွမ်းကဗျာတွေနဲ့ Hive ပေါ်ပြန်လာပါဗျ။
Bro ရဲ့အရေးအသားတွေနဲ့ အကြောင်းအရာတွေကို မျော်နေတာ ကြာပေါ့ဗျာ။ ပြောတာ ပြောရပါတယ်။ ခုလို ခေတ်ကြီးထဲမှာ အကုန်လုံးက ခက်ခဲနေကြတာဆိုတော့ လိုင်းပေါ်တက်ဖို့ အချိန်တောင် သိပ်မပေးနိုင်တော့ဘူး။

!PIZZA

!LUV

ဟုတ်တယ်အကိုရေ အားလုံးကို သတိရတယ်ဗျာ ဒေါ်လာစျေးတွေ ကြားမြင်တာနဲ့ ကမန်းကတန်း အပြေးပြန်လာရတာဗျာ

NFTs ဂိမ်းနဲ့ပြန်စဗျို့။ လူသစ်တွေတောင် RS နဲ့ အဆင်ပြေကြနေကြတာ တွေ့ရတယ်။ Music Instrument ဒါမှမဟုတ် ကိုယ်တိုင်ဂစ်တာ တီးတက်ရင် Cover ဆိုပြီး ပိုစ်တင်ပေါ့။

!PIZZA

!LUV

PIZZA!

$PIZZA slices delivered:
@myanmarkoko(3/5) tipped @callmemaungthan (x2)