ကျွန်တော့်ဒေသရှိ အိမ်ထောင်စုအားလုံးထဲက အများစုမှာ အခြေခံလူတန်းစားတွေသာ ဖြစ်ပါတယ်။လယ်ပိုင်ယာပိုင်တွေဆီမှာ ကောက်စိုက်၊ပျိုးနုတ်၊ကောက်ရိတ် စသည့် နေ့စားအလုပ်များ လုပ်ကိုင်ကြသလို အင်ဖက်ကို သွားကောက်ယူ၍ အင်ဖက်ထိုးကာ ရောင်းချကြပြီး တစ်ဝမ်းတစ်ထွာအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားလျက်ရှိကြပါတယ်။
**အင်ဖက်****
အင်ဖက်ကို မည်သည့်အမိုးအကာမဆို အသုံးပြုနိုင်ပါတယ်။သွပ်မိုးမပေါ်ခင်ကတည်းက အင်ဖက်မိုး၊အင်ဖက်ထရံကာဖြင့်ကျွန်တော်တို့ ကရင်လူမျိုးတွေက နေထိုင်လာခဲ့ကြပြီး ယနေ့ထက်တိုင် ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။
အင်ဖက်ကို ၅၀ ပျစ်တစ်ထုပ် ထုပ်ပိုးကြပြီး ၁၀၀ပျစ်ကို ကျပ်တန်ဖိုး ၇၀၀၀-၉၀၀၀ ဝန်းကျင် ရောင်းဈေးရပါတယ်။
ငွေအရင်းအနှီးစိုက်ထုတ်စရာမလိုပဲလုပ်အားမျှသာ စိုက်ထုတ်ရသော အလုပ်တစ်ခုဖြစ်ပါတယ်။အင်ဖက်တစ်ပျစ်ဖြစ်ဖို့ရာ-
၁။အင်ဖက်
၂။ဝါး
၃။ရေ လိုအပ်ပါတယ်။
နံနက်စောစော နေမပွင့်ခင် တောထဲသို့သွားပြီး ကုန်းကုန်းကွကွနဲ့အင်ဖက်ကောက်ကြရပါတယ်။အင်ဖက်တွေကို လိုက်ကောက်ရင်း ဆူးထိ ဆူးနွယ်ပင်ရှ ဂရုမစိုက်အားပါ။နေမြင့်လာရင် ဖက်က ကျွပ်ဆတ်လာလို့ရှိရင် ကိုင်လို့ပြုလို့မကောင်းပါ။တစ်ခါတစ်လေ တိုးရင်းတိုးရင်းနဲ့ ဂွေးလျားသီးအပင်အောက် သတိမထားမိဘဲ ရောက်သွားခဲ့ဖူးတယ်။တစ်ကိုယ်လုံးယားယံလာလို့ ဖက်မကောက်နိုင်တော့တဲ့အထိပဲ😅။
ကောက်ရလာတဲ့ဖက်ကို ထုပ်စည်းပြီး သင့်တင့်ရာမှာစုထားကြပါတယ်။အထုပ်များလာတဲ့အခါ ထော်လာဂျီနှင့်သယ်ယူရပါတယ်။ယခင်ကဆို လှည်း၊လူကိုယ်တိုင်ထမ်းရွက် သယ်ဆောင်လာကြတာပါ။
တစ်ချို့သူများက အင်ဖက်ကြွေသည့်ရာသီတစ်လျှောက်လုံး တောထဲမှာပင် တဲထိုး၍ မိသားစုအလိုက် သွားရောက်လုပ်ကိုင်နေကြပါတယ်။
အင်ဖက်ကို ရေစိမ်(သို့)ရေစွတ်(သို့)ရေဖျန်းပေးပြီး စနစ်တကျစီကာ အလေးအပင်ဖြင့်တစ်ရက်၊နှစ်ရက်တိုင်သည် သိပ်ထားပေးပြီးမှ အင်ဖက်ထိုးခြင်းကို လုပ်ဆောင်နိုင်မည် ဖြစ်ပါတယ်။
ကျွန်တော်လည်းပဲ ဝမ်းစာရေးအတွက် အင်ဖက်ကောက်ဖို့ရာ အားမွေးနေကြောင်း.......လေးစားလျက်
အင်ဖက်ကို မိုး ကျူရိုး ထရံကာ သီချင်းလေးပါ ဆိုကွာ
!LOL
!LUV
lolztoken.com
It was a knick knack paddy whack.
Credit: playbyhive
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)@cdm.ano, I sent you an on behalf of @golden.future
(2/3) gave you LUV.
@golden.future
သီချင်းသာရရင်တော့ ဆိုသပ
အင်ဖက် တွေနဲ့ ခေါက်ဆွဲကြော်၊ ကြာဇံကြော်ထုပ်တွေ
ငယ်ဘဝ သတိရမိ ခုတော့ မြင်ချင် တွေ့ချင်ဖို့ရာ မလွယ်တော့ပါ။
!PIZZA
!LOL
lolztoken.com
When I see food I eat it.
Credit: happyme
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)@cdm.ano, I sent you an on behalf of @htwegyi
ခုတော့ packing type ပြောင်းကုန်ပြီလေနော်
အရင်က အသားငါးတွေ ထုတ်ရင် အင်ဖက်လေးနဲ့ ထုတ်ပေးကျတယ် အခုခေတ် မတွေ့ရတော့ဘူး မှတ်သားစရာပါ
Plastic တွေ အစားထိုးဝင်ရောက်လာပြီလေ သယ်ရပြုရလွယ်သကိုး ဒါပေသည့် ကျန်းမာရေးအတွက် မကောင်းပေါင်
ကျန်းမာရေးမှူးကြီး အင်ဖက်ထိုး ရောင်းတော့မယ်လား။
အင်ဖက်သက်ကယ် ခုမှ မြင်ဖူးတာ။
အင်ဖက်မိုးတာတော့ သိပါတယ်။
!LUV
!LOL
(2/4) gave you LUV.
@tin.aung.soe
lolztoken.com
and accidentially won the Tour de France.
Credit: blumela
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)@cdm.ano, I sent you an on behalf of @tin.aung.soe
ဟုတ်ပါတယ်ဗျာ ဘဝက အဲလိုကြီး ဖြစ်သွားပြီသကာလ
ဗဟုသုတရပါတယ်၊ ကျေးဇူးပါခင်ဗျာ။ !LOLZ
lolztoken.com
Outlaws are wanted.
Credit: lofone
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)@cdm.ano, I sent you an on behalf of @sayalu
ကျေးဇူးတင်ပါတယ်
Posted via D.Buzz
အင်တစ်ပင်လုံး အသုံးချနည်းလို့ ရှေးလူကြီးတွေ ပြောခဲ့ကြတာပဲ။ တစ်ကယ်လည်း အသုံးဝင်တယ်နော်။ !PIZZA
ဟုတ်ပါတယ် ကျနော်က လက်လှမ်းမီသလောက်ပဲ share ဖြစ်တာပါ
PIZZA Holders sent $PIZZA tips in this post's comments:
(2/5) @nyimwa tipped @cdm.ano (x1)
Learn more at https://hive.pizza.
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more, by @aggamun.
Congratulations @cdm.ano! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 600 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!