အလေ့ကျ

in HIVE-MYANMAR3 months ago

မကြာခဏ ယခင်နေခဲ့ဖူးသည့် အိမ် အဟောင်းဘက်သို့ ရောက်ဖြစ်လေ့ ရှိ၏။ ကျနော့် အမကြီးက အဆိုပါ ဝန်းမှာ နေနေသေးသည်မို့ သူ့နား သွားရင်း ရောက်ဖြစ်လေ့ ရှိ၏။ သတိရမိရုံလောက်သာ၊ ပြန်နေချင်လား မေးရင်တော့ မနေချင်ပေ။ လူများများနဲ့ ရှုပ်ရှုပ် မနေချင်တော့ပေ။ အဆိုပါ တဝန်းလုံးမှာ ကိုယ့် မိသားစု တစုထဲသာ နေရမယ် ဆိုရင်တော့ အဆင်ပြေပါ၏။

မြေကွက်လွတ် အလွတ်မှာ Futsal ကွင်း ၂ ကွင်း ဆောက်မယ်။ ၁ ကွင်းကို မြက်ခင်းတု၊ ၁ ကွင်းကို ပါကေးကွင်း ဆိုပြီး လုပ်မယ်။ Futsal Cup & League ပြိုင်ပွဲတွေ လုပ်မယ်။ ဟော်နန်း အဟောင်းကြီးကိုတော့ ကော်ဖီဆိုင် အဖြစ် ပုံစံပြောင်း လိုက်ဖို့ စိတ်ကူးယဉ်မိ၏။ မဖြစ်နိုင်သည့်စိတ်ကူးပေါ့။ လုံးဝကြီး မဖြစ်နိုင်တာတော့ မဟုတ်ပေ။ elon musk တို့ bill gates တို့လို ချမ်းသာနေရင်တော့ ထိုစိတ်ကူးက ဖြစ်နိုင်ပါ၏။

သစ်ပင် ခြုံနွယ်တွေ ပိတ်နေသည့် အဆိုပါ ဝန်းကြီးကို ရှင်းလင်းပြီး တခုခု အကောင်အထည်ဖော်လိုက်ရင် ပိုကောင်းမည် ထင်၏။ ပန်းခြံသော် လည်းကောင်း၊ စိုက်ပျိုး မွေးမြူရေးသော် လည်းကောင်းပေါ့။

အဆိုပါ ခြံဝန်းမှာ နွေမိုးဆောင်း ရာသီအလိုက် ‌အလေ့ကျပန်းတွေ ပေါက်လေ့ ရှိ၏။ အမှတ်ရဆုံးက မိုးကြိုပန်းတွေ ဖြစ်၏။ နွေအကုန် မိုးရာသီ ရောက်လို့ မိုးကျခါစ အချိန်မှာ ပွင့်လေ့ ရှိကြ၏။ တကယ်လှ၏။ သူတို့ ပြီးရင်တော့ အပြိုင်အဆိုင် ပွင့်ဝေကြသည့် နေကြာရိုင်းတွေပေါ့။ ကြမ်းပေမယ့် လှ၏။ တချို့လူတွေ ဓါတ်ပုံ ဘာညာ လာရောက်ပြီး ရိုက်ကြသည် အထိပင်။ ထို့ကြောင့် အဆိုပါ ခြံဝန်းကြီးကို တခုခု ပြောင်းလဲကြည့်၊ လုပ်ကြည့် စေလိုခြင်းသာ။

ဒီနေ့ ရောက်ဖြစ်တော့ အရင်ချိန်က အကြောင်းတွေ တွေးမိခြင်း ဖြစ်၏။ ခုကာလအပိုင်းအခြားမှာတော့ ပွင့်နေသည့် ပန်း သိပ်မရှိပေ။ မကြာခင်တော့ ရှားရှားပါးပါး နှစ်ပင်သာ ရှိသည့် ချယ်ရီပန်းပင်ကနေ အပွင့်တွေ ဝေနေပေလိမ့်မည်။ ထိုအချိန်ကို စောင့်ရပေလိမ့်ဦးမည်။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our